မျက်နှာပေါ် လုံး၀မတင်သင့်သော ပစ္စည်းများ

သင့်မျက်နှာက သင်ထင်ထားတာထက် နုနယ်ပြီး ပျက်စီးလွယ်တာကြောင့် သင်အမြဲတမ်း နုပျိုလှပ နေအောင် အောက်ဖော်ပြပါပစ္စည်းတွေကို မျက်နှာနဲ့မထိတွေ့မိအောင် အထူးဂရုစိုက်ရပါမယ်။

ခေါင်းလျှော်ရည်
သင့်မျက်နှာနဲ့ဆံပင်တွေကို တည်ဆောက်တဲ့ မော်လီကျူးချင်းက မတူညီကြပါဘူး။ သင့်ဆံသား တွေမှ အဆီနဲ့ ဖုန်အညစ်အကြေးတွေကို ဖယ်ရှား နိုင်ဖို့ အပြင်းစားသန့်စင်ပစ္စည်းတွေ လိုအပ်ပေမယ့် မျက်နှာကို သန့်စင်ဖို့ အပျော့စားသန့်စင်ပစ္စည်းသာ လိုအပ်ပါတယ်။ မျက်နှာအရေ ပြားပေါ်က နူးညံ့တဲ့ မော်လီကျူးတွေက ခေါင်းလျှော်ရည်ကို ခံနိုင်ရည်မရှိ ပါဘူး။ ခေါင်းလျှော်ရည်နဲ့ မျက်နှာသစ်မိရင် မျက်နှာ က ခြောက်သွေ့ပြီး အဖတ်အဖတ်တွေကွာကျနိုင်ပါ တယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါမှာခေါင်းလျှော် ရည်နဲ့ မျက်နှာကိုမထိတွေ့ဖို့ဂရုစိုက်ရပါမယ်။ မတော် တဆ ထိမိခဲ့ရင်လည်း မျက်နှာကို အစိုဓာတ်ထိန်း ခရင်မ် Moisturizer ကို သေချာပြန်လိမ်းရပါမယ်။

ဆံပင်ဆိုးဆေး
ဆံပင်ဆိုးဆေးမှာ ဓာတုပစ္စည်းတွေ များစွာ ပါဝင်တာမို့ မျက်နှာက အရေပြားနဲ့ မထိတွေ့မိအောင် အထူးဂရုစိုက်ရပါမယ်။ ဆံပင်အရောင်နဲ့ မျက်ခုံးအ ရောင်လိုက်ဖက်အောင် မျက်ခုံးမွေးကို အရောင်ဆိုး ချင်ရင် ဒန်းဆိုးတာလိုမျိုး Vegetable Dye ကို အသုံးပြုပါ။ ဒါမှမဟုတ် Mascara နဲ့ အရောင်တင်ပါ။

Hair Serum
အလှပြင်ပစ္စည်းအားလုံးဟာ သူ့နေရာနဲ့သူ အ သုံးပြုနိုင်အောင် ထုတ်လုပ်ထားတာပါ။ Serum လို့ရေးထားတိုင်း မျက်နှာမှာအသုံးပြုလို့ရတာမဟုတ် ပါဘူး။Hair Serum က ဆံသားကျန်းမာဖို့အတွက် သာဖြစ်ပြီး အရေပြားပေါ်က အရေးကြောင်းတွေကို မဖယ်ရှားနိုင်ပါဘူး။ သူ့ကို အနံ့ပြင်းပြင်းထည့်သွင်းထားတာကြောင့် အရေပြားယားယံမှုလည်း ဖြစ်လာ နိုင်ပါတယ်။

Hair Spray
ပုံသွင်းထားတဲ့ဆံပင် ပုံမပျက်အောင် အသုံးပြု ရတဲ့ Hair Spray ကို မျက်နှာပေါ်က မိတ်ကပ်တွေ မပျက်စီးအောင် အသုံးပြုလို့ မရပါဘူး။ Hair Spray က အယ်လ်ကိုဟောပါဝင်တာမို့ အရေပြား ရေဓာတ် ချို့တဲ့နိုင်ပြီး လက်ရှိအရွယ်ထက်ပိုပြီး အိုစာနိုင်ပါ တယ်။ သူ့မှာပါဝင်တဲ့ ရေစိမ့်မဝင်နိုင်တဲ့ပစ္စည်း Repellant ကြောင့် အရေပြားယားယံပြီး နီရဲကာ ရောင်ရမ်းနိုင်ပါတယ်။

Body Lotion
Body Lotion က မျက်နှာလိမ်းတဲ့ Moust­urizer တွေထက် အဆီနဲ့ အနံ့ပါဝင်မှု ပိုများတာ ကြောင့် သူ့ကို မျက်နှာမှာ လိမ်းမိရင် မျက်နှာမှာအဆီ တွေပြန်လာပြီး ရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာနိုင်ပါ တယ်။ မျက်နှာက အလွန်နုနယ်တဲ့အတွက် အပျော့ စားခရင်မ်ကိုသာ လိမ်းဖို့ လိုအပ်ပါတယ်။

Foot creams
ခြေထောက်လိမ်းတဲ့ ခရင်မ်တွေမှာ ခြေထောက် ပေါ်က ကြမ်းတမ်းတဲ့ ဆဲလ်သေတွေကို ဖြိုခွဲပြီး အ ရေပြားထဲဝင်ရောက်နိုင်ဖို့ အဆီများစွာပါဝင်တာ ကြောင့် စေးကပ်ပြီး ခဲနေတတ်ပါတယ်။ ဒီလိုပစ္စည်း တွေကို မျက်နှာပေါ်တင်မိရင် မျက်နှာအရေပြား ပျက်စီးနိုင်ပါတယ်။

Deodorant
ချွေးနံ့ပျောက်လိမ်းဆေးတွေက ချိုင်းကြား အတွက်အသုံးပြုဖို့ ထုတ်လုပ်ထားတာပါ။ မျက်နှာ ပေါ်မှာ ချွေးမထွက်အောင် အသုံးပြုလို့ မရပါဘူး။ မျက်နှာအရေပြားတွေက အောက်ဆီဂျင်ရရှိအောင် လေရှူသွင်းဖို့ လိုအပ်ပါတယ်။ Deodorant အသုံး ပြုတာက အရေပြား အသက်ရှူတာကို ရပ်တန့် နိုင်ပါတယ်။

လက်သည်းဆိုးဆေး
လက်သည်းဆိုးဆေးမှာ ပါဝင်တဲ့ Acrylic မော်လီကျူးတွေက အရေပြားကို ခြောက်သွေ့နိုင်တာ မို့ မျက်နှာကို အရောင်ခြယ်ဖို့ စမ်းသပ်ပြီး အသုံး မပြုသင့်ပါဘူး။

Mayonnaise
မရောနိစ်တွေက ဆံသားအတွက် ကောင်းမွန် တာမို့ အိမ်လုပ်ဆံပင်ပေါင်းဆေးတွေမှာ ထည့်သွင်း အသုံးပြုကြပါတယ်။ ဒါပေမဲ့ သူ့ရဲ့အက်စစ်ပါဝင်မှုနဲ့ အဆီပါဝင်မှုများတာကြောင့် မျက်နှာပေါ်မှာ အသုံးပြု မိရင် မွေးညင်းပေါက်ပိတ်ဆို့မှုဖြစ်ပြီး အရေပြားလေ ရှူလို့ ရမှာမဟုတ်တော့ပါဘူး။

ဟင်းရွက်ဆီ
သံလွင်ဆီ၊ အုန်းဆီလိုမျိုး ဟင်းရွက်ဆီတွေက ဂျွတ်ရောဂါကို ကုသရာမှာ အသုံးဝင်ပါတယ်။ ခန္ဓာ ကိုယ်အနှံ့က အရေပြားအပေါ်လိမ်းနိုင်ပေမယ့် မျက် နှာပေါ်လိမ်းဖို့က အဆီများလွန်းတဲ့အတွက် မွေးညင်း ပေါက်ပိတ်ဆို့မှုဖြစ်နိုင်ပြီး ဝက်ခြံပေါက်နိုင်ပါတယ်။

ရှလကာရည်
သူ့ကိုတိုနာအဖြစ် အသုံးပြုနိုင်ပေမယ့် ပြင်း အားများလွန်းရင် အရေပြားလောင်ကျွမ်းနိုင်ပါတယ်။ သင့်အရေပြားနဲ့ သင့်တော်မှုရှိတဲ့ တိုနာကိုသာ ဝယ် လိမ်းတာ အကောင်းဆုံးပါ။

လှပတ္တမြား

Post Author: Good Health Journal