စိတ်ဖိစီးမှုလျှော့ချပေးတဲ့ အစားအစာတွေ စားသုံးရအောင်

ရုန်းကန်လှုပ်ရှားနေရတဲ့ လူသား တိုင်း ဖိစီးမှုတွေကို ကြုံတွေ့နေကြရမှာ ပါ။ ဖိစီးမှုကို လျော့နည်းအောင် လုပ်နိုင် တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ အခုပြောပြမယ့်နည်းလမ်းကတော့ အစာ စားပြီး ဖိစီးမှုလျှော့ချရမှာဆိုတော့ လိုက် နာဆောင်ရွက်ဖို့ လွယ်ကူမယ်လို့ ယူဆ မိပါတယ်။

ဗာဒံစေ့
ဖိစီးမှုတွေ များလာတဲ့အခါ ခန္ဓာ ကိုယ်မှာ အက်ဒရီနလင် f(Adrenaline) ဟော်မုန်း အထွက်များလာပါတယ်။ ဒီ ဟော်မုန်းက သွေးပေါင်ကို တိုးစေပါ တယ်။ အစေ့အဆန်တွေ စားပေးတာက သွေးပေါင်ကို ကျဆင်းစေပါတယ်။ ခုခံ အားစနစ်ကို မြှင့်တင်ပေးတဲ့ ဗီတာမင် အီး၊ ခန္ဓာကိုယ်ကို ထိန်းညှိပေးနိုင်တဲ့ ဗီတာမင် ဘီအုပ်စုတွေကိုပါ ရရှိနိုင်ပါ တယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖိစီးမှု တွေကို မရှောင်ရှားနိုင်ဘူးဆိုရင်တော့ တစ်နေ့ကို ခွက်တစ်ခွက်ရဲ့ လေးပုံတစ် ပုံပမာဏရှိတဲ့ အစေ့အဆန်တွေကို စား ပေးပါ။

ထောပတ်သီး
ဖိစီးမှုတွေများတဲ့အခါ အဆီများတဲ့ အစားအစာတွေ၊ ခရင်မ်များတဲ့အစားအ စာတွေ စားသုံးမှုမပြုဘဲ ထောပတ်သီး စားကြည့်ပါ။ ထောပတ်သီးမှာ မပြည့်ဝ ဆီနဲ့ ပိုတက်စီယမ်တွေ ပါဝင်ပြီး ဖိစီးမှု ကြောင့် သွေးပေါင်တက်တာကို ကျဆင်း စေပါတယ်။ ထောပတ်သီးမှာ ငှက်ပျော သီးထက်ပိုတဲ့ ပိုတက်စီယမ်တွေ ပါဝင်ပါ တယ်။

အဆီထုတ်ထားသော နို့
နွားနို့နွေးနွေးတစ်ခွက်က သင့်ကို စိတ်ပျော်စေပြီး အနားရစေတဲ့ အိမ်သုံး ဆေးဝါးတစ်ခုပါ။ နို့မှာပါဝင်တဲ့ ကယ်လ်စီ ယမ်က <ကက်သားတွေတင်းမာမှုနဲ့ တင်း အားကို လျော့နည်းစေတယ်လို့ ကယ်လီ ဖိုးနီးယားတက္ကသိုလ်မှ ပါမောက္ခဒယ်မန် ကပြောပါတယ်။ နို့သောက်တာက ရာသီ မလာခင်ဖြစ်တတ်တဲ့ ဖိစီးမှုတွေဖြစ်တဲ့စိတ် ဂနာမငြိမ်တာ၊ စိတ်လှုပ်ရှားတာ၊ စိတ် ဆတ်တာတွေကိုလည်း လျော့နည်းစေပါ တယ်။ လေ့လာမှုတစ်ခုအရ တစ်နေ့ကို အဆီထုတ်ထားတဲ့ နို့လေးခွက်နဲ့အထက် သောက်တဲ့ မိန်းကလေးတွေက လုံးဝ မသောက်တဲ့ မိန်းကလေးတွေထက် ရာ သီမလာခင်ခံစားရတဲ့ ဝေဒနာတွေကို သိ သိသာသာမခံစားရတာကိုတွေ့ရပါတယ်။

အုတ်ဂျုံ
အုတ်ဂျုံစားတာကြောင့် ရရှိတဲ့ ကာ ဗိုဟိုက်ဒရိတ်ကအညိုရောင်ချောက လက်စားသလိုမျိုး ဦးနှောက်ကနေ စိတ် အနားရစေတဲ့ ဆီရိုတိုနင်ကို ပိုထွက်စေပါ တယ်။ အုတ်ဂျုံမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး အစာချေဖို့အတွက် အချိန်ကြာ ကြာယူရတာကြောင့် သွေးထဲမှာကာဗို ဟိုက်ဒရိတ်တွေ အချိန်ကြာကြာရှိနေပါ တယ်။ ကာဗိုဟိုက်ဒရိတ်တွေ သွေးထဲမှာ အချိန်ကြာကြာရှိနေတာကြောင့် ဆီရို တိုနင်ပမာဏကို ထိန်းထားနိုင်ပြီး ဖိစီးမှု တွေကို လျော့နည်းစေပါတယ်။

လိမ္မော်သီး
လိမ္မော်သီးမှာ ဗီတာမင်စီကို ရရှိနိုင် ပါတယ်။ ဂျာမန်သုတေသီတွေက လူ ပေါင်း ၁၂၀ ကို သုတေသနလုပ်ရာမှာ ဗီတာမင် စီ ၃၀၀၀ မီလီဂရမ် စားသုံးထား သူတွေဟာ ဖိစီးမှုနည်းတာကို တွေ့ရပါ တယ်။ သွေးပေါင်လျော့ကျစေပြီး ခန္ဓာ ကိုယ်မှာထွက်ရှိနေတဲ့ ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကော်တီဇောကို လျော့ကျစေ ကာ မူလအခြေအနေသို့ အလျင်အမြန် ပြန်ရောက်စေပါတယ်။

ဆယ်လ်မွန်ငါး
အိုမီဂါ-၃ အဆီက ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။ အိုမီဂါ-၃ က စိတ်ဖိစီးမှုဟော်မုန်းတွေဖြစ်တဲ့ ကော်တီ ဇောထွက်ရှိမှုကို နည်းစေပါတယ်။ အိုမီ ဂါ -၃ ကနှလုံးရောဂါဖြစ်ပွားမဖြစ်ပွား အောင်လည်း ကာကွယ်ပေးပါတယ်။ တစ်ပတ်ကို ဆယ်လ်မွန်ငါး၊ မက်ကရယ် ငါး၊ ဟာရင်းငါး၊ တူနာငါး စတဲ့ငါးတွေကို တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်စားပေး ပါ။ အိုမီဂါ-၃ အဆီကို ကြက်ဥ၊ ဒိန်ချဉ်၊ နို့နဲ့ ပဲပိစပ်တို့မှလည်း အိုမီဂါ-၃ကို ရရှိ နိုင်ပါတယ်။

ဟင်းနုနယ်ရွက်
သတ္တုဓာတ်တွေက ဖိစီးမှုကို လျော့ နည်းစေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ ခန္ဓာကိုယ်မှာ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ မဂ္ဂနီဆီယမ် မလုံလောက်ပါက ဖိစီးမှုခံ စားရတာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ မော ပန်းနွမ်းနယ်နေတာတွေ ဖြစ်တတ်ပါ တယ်။ တစ်နေ့ကို ဟင်းနုနယ်ရွက်တစ် ခွက်စာ စားပေးတာက တစ်နေ့တာလို အပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏရဲ့ ၄၀ ရာခိုင် နှုန်းကို ရရှိစေပါတယ်။

♥ နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal