Genital Herpes ခေါ် လိင်အင်္ဂါမှာဖြစ်တဲ့ ရေယုန်ကို သက်သာလာအောင် ဘယ်လိုလုပ်ရမလဲ

ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ anti-viral (Acyclovir, Famciclovir, Valacyclovir ) ဆေးတွေသောက်တဲ့အပြင် ကိုယ့်ဘာသာအိမ်တွင်း ကုထုံးလေးတွေအနေနဲ့ Aspirin, Acetaminophen (Paracetamol), Ibuprofen လို အကိုက်ခဲပျောက်ဆေးတွေ သောက်လို့လည်းရပါတယ်။

lidocaine, xylocaine ပါတဲ့ ရေယုန်လိမ်းဆေးတွေ လိမ်းပေးရင်လည်း အနာကျက်လွယ်ပြီး နာကျင်တာသက်သာပေမယ့် ဒီနည်းကိုတော့ FDA က မထောက်ခံထားပါဘူး။ ဒါပေမယ့် ဆိုးဆိုးဝါးဝါး side effects တွေ ဖြစ်တာကိုလည်း မတွေ့ရပါဘူး။

အနာကိုတစ်နေ့တစ်ခါလောက် ဆားရေနွေးနွေးလေးနဲ့ ဆေးပြီး ဂွမ်းသန့်သန့်လေးနဲ့ ဖြစ်စေ Dryer နဲ့ ဖြစ်စေ ခြောက်အောင်လုပ်ပေးပါ။ အနာရှိတဲ့နေရာကို Vaseline လိုအဆီတစ်ခုခုလိမ်းပြီး အစိုဓာတ်ထိန်းထားပေးသင့်ပါတယ်။ ဒါမှ ခြောက်သွေ့ယားယံတာတွေ မဖြစ်တော့မှာပါ။

#ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *