ဘယ်အချိန်မှာ Gym ကစားတာ အကောင်းဆုံးဖြစ်မလဲ၊ Gym ကစားနေ စဉ် ဘယ်လိုဂရုစိုက်မလဲ၊ Gym ပုံမှန် သွားဖြစ်အောင် ဘာတွေလုပ်ရမလဲ၊ အားကစားဝတ်စုံ ဘယ်လို ရွေးချယ်မလဲ စတာတွေကို အရင်က ရေးခဲ့ဖူးပါတယ်။ ဒီတစ်ပတ်မှာတော့ Gym မှာ လိုက်နာရ မယ့် တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့ အကျင့်တွေကို ရေးပေးလိုက်ပါတယ်။
(၁) ဘယ်လောက်ပဲGym က သန့်ရှင်း သပ်ရပ်နေပါစေ၊ လူပေါင်းစုံ ဝင်လိုက် ထွက်လိုက်ရှိတာရယ်၊ ချွေးထွက်အောင် ကစားတဲ့ နေရာဖြစ်တာရယ်၊ စိုစွတ်တဲ့ ဒေသဖြစ်တာရယ်ကြောင့် ဘက်တီးရီး ယားတွေ၊ မှိုပိုးတွေ၊ အပြင်က ကပ်ပါလာ တဲ့ပိုးမွှားတွေ အကုန်လုံး စုပြုံတတ်တဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး တစ်ချက်အနေနဲ့ ခြေဗလာနဲ့ Gym ထဲမှာ လျှောက်မသွားပါနဲ့။ Athlete’s foot လို့ ခေါ်တဲ့ သဲဝဲစားတာတွေ ဖြစ် စေတတ်ပါတယ်။
(၂) ဒုတိယအချက်က လက်ဆေးဖို့ပါ၊ မ ကြာခဏပြန်ဆေးတာလုပ်ပါ။Gym မှာ အသုံးပြုတဲ့ လမ်းလျှောက်စက်၊ အလေး မစက်၊ အလေးတွန်းစက် စသဖြင့် အား ကစားကိရိယာတွေ အကုန်လုံးမှာ ပိုးမွှား တွေမကင်းပါဘူး။ အထူးသဖြင့် ဝိတ်မတဲ့ အလေးတုံးတွေမှာဆိုရင် Toilet seat ထက် ၄၈ ဆ ဘက်တီးရီးယားတွေ ပိုများ နေတာကို တွေ့ရှိပါတယ်။ ဒါကြောင့် Gym သွားရင်လည်း အများသုံးအိမ်သာ တွေ အသုံးပြုပြီးရင် လက်ဆေးသလိုမျိုး ပြန်ခါနီးမှာလည်း လက်ဆေးဖို့၊ အား ကစားကိရိယာတွေ ကိုင်ထားတဲ့လက်နဲ့ မျက်နှာကို မထိမိစေဖို့ စတာတွေ ဂရု စိုက်ဖို့လိုပါတယ်။
(၃) တတိယအချက်က သင်အသုံးပြုတဲ့ Yoga mat ကို သတိထားပါ။ Yoga mat မှာ အပေါက်ငယ်လေးတွေ အများ ကြီးပါဝင်ပါတယ်။ အရေပြားကကျတဲ့ ချွေးတွေလည်း ရှိနေတတ်တာကြောင့် ဘက်တီးရီးယားနဲ့ မှိုပိုးတွေ ပျော်ပျော်ကြီး ပေါက်ဖွားနိုင်ပါတယ်။ ဒါကြောင့် သင့် ကိုယ်ပိုင် Yoga mat ကို အသုံးပြုတာ ဒါမှမဟုတ် Yoga mat အပေါ်ကနေ သင်ရဲ့ Towel တစ်ထည်ကို ဖြန့်ခင်းပြီး ကစားပါ။ ကိုယ်ပိုင် Yoga mat ကိုလည်း အားကစားတစ်ခါလုပ်ပြီးတိုင်း သန့်စင်ဖို့ မမေ့ပါနဲ့။
(၄) နောက်ပြီး အားကစားလုပ်ပြီးလို့ ပြန် လာရင် အားကစားဝတ်စုံလဲပါ၊ အတွင်း ခံတွေပါ လဲဖို့ မမေ့ပါနဲ့။ အဓိက က အ တွင်းခံဘောင်းဘီတွေက အရမ်းလှောင် ပိတ်တာမျိုးဝတ်ပြီး အားကစား မလုပ်ပါ နဲ့။ အစိုဓာတ်နဲ့ အပူရှိန်ကြောင့် pH အ ပြောင်းအလဲဖြစ်ပြီး ပိုးတွေ ပေါက်ဖွားလာ နိုင်လို့ပါ။ နောက်ပြီး အားကစားလုပ်ထား လို့ ချွေးစိုနေတဲ့ ဝတ်စုံနဲ့ အချိန်အကြာ ကြီး မနေပါနဲ့။ ဖျားနာတာ၊ ပိုးတွေပေါက် ဖွားတာ၊ အရေပြား ယားယံတာ ဖြစ်စေပါ တယ်။
(၅) နောက်ထပ်သတိထားရမယ့်အချက် ကတော့ အားကစားလုပ်ဖို့ သွားတဲ့အခါ မိတ်ကပ်မလိမ်းပါနဲ့။ တချို့လည်း အလုပ် ကအပြန်၊ ကျောင်းကအပြန် Gym မှာ အားကစားသွားလုပ်ကြတာများတော့ မ နက်ကတည်းက လိမ်းထားတဲ့ မိတ်ကပ် တွေ မဖျက်မိတတ်ကြပါဘူး။ အားကစား လုပ်တဲ့အခါ မျက်နှာအရေပြားက ချွေး ပေါက်တွေပွင့်လာပါတယ်။ မိတ်ကပ်တွေ ကခံနေရင် ချွေးတွေ ကောင်းကောင်း မ ထွက်စေသလို၊ ချွေးပေါက်ပိတ်ပြီး ဝက် ခြံတွေ ထွက်စေပါတယ်။ ဒါကြောင့် အား ကစားမလုပ်ခင် မျက်နှာကို တစ်ခါ သစ် ပါ၊ အားကစားလုပ်အပြီးမှာလည်း မျက် နှာကို သန့်စင်အောင် ပြန်သစ်ပေးပါ။
(၆) Gym က ချွေးထုတ်ခန်းတွေ အသုံး ပြုတဲ့အခါမှာလည်း သတိထားပါ။ ချွေး ထုတ်ခန်းတွေက မှောင်ပြီး စိုထိုင်းတဲ့ နေ ရာတွေဖြစ်တာကြောင့် ပိုးမွှားတွေ အ လွယ်တကူ ပေါက်ဖွားနိုင်ပါတယ်။ ဒီအ တွက် Gym ကလည်း ပုံမှန်သန့်ရှင်းရေး လုပ်ဖို့လိုပါတယ်။ ရေယုန်အရေပြားရော ဂါ ကူးစက်နိုင်ခြေရှိတာမို့ ချွေးထုတ်ခန်း မှာ မထိုင်ခင် အောက်မှာ သင်ရဲ့ တဘက် တစ်ထည်ကို ခင်းပြီးမှ ထိုင်ပါ။
ထူးဒါလီကိုကို (MPharm)