ကြွက်သားများ ကိုက်ခဲနာကျင်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

အလွန်အကျွံအားစိုက်လုပ်တာ၊ မတော်တဆ ထိခိုက်မိတာ ဒါမှမဟုတ် တချို့ ဆေးဝါးတွေ သောက်သုံးနေရတာ စတာတွေကြောင့် ကြွက်သားတွေ နာကျင် ကိုက်ခဲတာကို ခံစားရနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေး သောက်သုံးတာကြောင့် သက်သာနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေလည်း မသောက်ချင်ဘူး ဆိုရင်တော့ အောက်ပါနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

ရေပူ၊ ရေအေး ချိုးပေးပါ
ရေပူချိုးတာ ဒါမှမ ဟုတ် ရေအေး ချိုးပေးတာ ကြောင့် ကြွက်သားတွေ ပြေလျော့စေပြီး နာကျင်တာကို သက်သာစေပါ တယ်။ ကြွက်သားတွေရဲ့ တင်းအားကို လျော့နည်း စေတာကြောင့် သက် သောင့်သက်သာ ဖြစ်သွားစေပါတယ်။ ရေနွေးအိတ် ဒါမှမဟုတ် ရေခဲအိတ်ကို နာကျင် တဲ့နေရာပေါ် မိနစ် ၂၀ ကြာအောင် ကပ်ပေးတာကြောင့်လည်း ရောင်ရမ်းမှုတွေ လျော့နည်းသွားစေလို့ နာကျင်မှုတွေ သက်သာသွားနိုင်ပါတယ်။

ချယ်ရီသီးဖျော်ရည်သောက်ပါ
ချယ်ရီသီးမှာ အင်တီအောက်ဆီး ဒင့်တွေ များစွာပါဝင်တာကြောင့် တခြား အာနိသင်တွေအပြင် ကြွက်သားနာကျင် မှုကို သက်သာစေတဲ့ အာနိသင်ကိုလည်း ရရှိစေပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးတဲ့ အခါမျိုးတွေမှာ ချယ်ရီသီးဖျော်ရည် တစ် ခွက်လောက်တော့ သောက်သုံးသင့်ပါတယ်။

ကော်ဖီသောက်ပါ
လေ့လာမှုတွေအရ လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားနာကျင်တာအတွက် ကော်ဖီနှစ်ခွက် သောက်တာကြောင့် နာကျင်မှုကို သက်သာစေ တယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ အဆင်သင့်ထုတ် လုပ်ထားတဲ့ ဖျော်ရည်တွေက နာကျင်မှုကို သက် သာစေတဲ့ Adenosine ရဲ့ လုပ်ဆောင်မှုကို တားမြစ်ပါတယ်။ ဒီလိုတားမြစ်တာကြောင့် ကြွက်သားတွေ ကျုံ့ဆန့်မှု၊ တောင့်တင်းမှုတွေဖြစ်ပြီး နာကျင် မှုတွေကို ပိုမိုခံစားရစေပါတယ်။

ငရုတ်သီး လိမ်းပါ
ငရုတ်သီးထဲမှာပါဝင်တဲ့ Capsaicin က ကြွက်သားနဲ့ အရိုးတဆစ်တွေ နာကျင်တာ ကို သက်သာစေပါတယ်။ လိမ်းဆေးအတော်များများမှာ ဒီဒြပ်ပေါင်းကို ထည့်သွင်းပြု လုပ်ထားတတ်ပါတယ်။ နာ ကျင်တဲ့နေရာပေါ် ပွတ်လိမ်း ထားပေးပါက နာကျင်မှုတွေ သက်သာသွားစေပါတယ်။ ဆေးလိမ်းပြီးတဲ့အခါ လက်ကို သေချာစွာ ဆေးကြောဖို့ လိုပါ တယ်။ လက်မဆေးဘဲ မျက် လုံးနဲ့ နှာခေါင်းတွေကို ပွတ်မိ ပါက ပူလောင်မှုကို ခံစားရ နိုင်ပါတယ်။

မရှိမဖြစ်အဆီလိမ်းပါ
မရှိမဖြစ်အဆီတွေက ကြွက်သားနာကျင်မှု တွေကို သက်သာစေပါတယ်။ ကြွက်တက်တာ အတွက် စပါးလင်ဆီနဲ့ ငရုတ်ကောင်းဆီတွေကို ပေါင်းစပ်ပြီး အသုံးပြုနိုင်ပါတယ်။ ကြွက်သားတွေ တောင့်တင်းပြီး နာကျင်တာအတွက် ချမိုမိုင်းအဆီ နဲ့ ပင်စိမ်းအဆီတွေကို ပေါင်းစပ်အသုံးပြုနိုင်ပါ တယ်။ အဆိုပါအဆီတွေ ရှာဖွေရခက်ပါက အုန်း ဆီ ဒါမှမဟုတ် ဗာဒံစေ့ဆီတွေကို နာကျင်တဲ့နေရာ ပေါ် ပွတ်လိမ်းပေးနိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal