တညင်းသီးက ကျန်းမာရေးအတွက် အကျိုးရှိပါရဲ့လား

တညင်းသီးလှိုင်လှိုင်ပေါနေတဲ့အချိန်မှာ တညင်းသီးအလွန်ကြိုက်သူတွေရှိသလို တညင်းသီးကို ကျောက်ကပ်ထိမှာကြောက်လို့ မစားရဲသူတွေလည်း ရှိပါတယ်..။ ဒါပေမဲ့ တညင်းသီးမှာ ဆိုးကျိုးတွေလည်းရှိသလို တချို့ကောင်းကျိုးတွေလည်း ရှိတယ်ဆိုတာကိုတော့…

♦ တညင်းသီးက တစ်မူထူးခြားတဲ့ အရသာတစ်မျိုးကို ပေးစွမ်းနိုင်တဲ့အတွက် လူကြိုက်များတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် တညင်းသီးလှိုင်လှိုင်ပေါ်နေစဉ်မှာ သူ့ကိုတို့စရာအဖြစ် ပြုတ်စားတာ၊ ဝက်သားဟင်းထဲထည့်ချက်တာ၊ လက်ဖက်နှပ်တဲ့အခါမှာ ထည့်ထားတာ၊ ပြုတ်ပြီး ငရုတ်သီးနဲ့ကြော်စားတာလိုမျိုး အရံဟင်းအနေနဲ့ ထည့်သွင်းစားသုံးလေ့ရှိကြပါတယ်။

♦ တညင်းသီးကို စားသုံးပြီးရင် အိမ်သာတက်တဲ့အခါမှာ အနံ့နံတာ၊ ပါးစပ်က အနံ့ထွက်တာနဲ့စားသုံးတဲ့ပမာဏများလွန်းသွားရင် ဆီးလုံးဝမသွားတော့တာလိုမျိုး တညင်းသီးဆိပ်တက်တာ(ကျောက်ကပ်ထိတာ) လိုမျိုး ဆိုးကျိုးတွေရှိနေတာမို့ တညင်းသီးကို ကြိုက်နှစ်သက်ပေမယ့် ချင့်ချိန်ပြီး စားသုံးကြရပါတယ်။

♦ တညင်းသီးမှာ ပါဝင်တဲ့ Djenkolic အက်စစ်ကြောင့် အဆိပ်အတောက်ဖြစ်တာပါ။ တညင်းသီးကို စားအပြီး ၂-၆ နာရီအတွင်းမှာ အဲဒီအက်စစ်တွေက စက်ချုပ်အပ်လိုမျိုး ပုံဆောင်ခဲအသွင်ပြောင်းပြီး ဆီးပြွန်နဲ့ ဆီးလမ်းကြောင်းကို ပွတ်တိုက်တဲ့အတွက် ဝမ်းဗိုက်အောင့်တာ၊ ခါးနာတာ၊ ပျို့တာ၊ အန်တာ၊ ဆီးသွားနည်းတာ၊ ဆီးသွားရင်သွေးပါတာနဲ့ ဆီးလုံးဝမထွက်တာလိုမျိုး ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

♦ တညင်းသီးကို ကြိုက်နှစ်သက်ပေမယ့် ကျောက်ကပ်ထိမှာ ကြောက်တာကြောင့် မစားရဲသူတွေက အဆိပ်အတောက်တွေမဖြစ်အောင် တညင်းသီးကိုရေနဲ့အကြိမ်ကြိမ် ပြုတ်ပြီးစားသုံးရပါမယ်။ တစ်ခါပြုတ်ပြီးတိုင်း ရေအသစ်တစ်ကြိမ်လဲလှယ်ပေးရင် တညင်းသီးထဲက djenkolic acid တွေကုန်ဆုံးသွားနိုင်ပါတယ်။ တညင်းသီးဟာ ကိုယ်တွင်းအဆိပ်အတောက်ကိုပဲဖြစ်စေနိုင်တာမဟုတ်ပါဘူး။ သူ့ကြောင့် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်သလဲဆိုတာကိုလည်း သိထားရအောင် ဖော်ပြပေးလိုက်ပါတယ်။

 

 

♦ တညင်းသီးမှာ များပြားစွာပါဝင်တဲ့ပရိုတင်းဟာ ခန္ဓာကိုယ်အတွင်း တစ်သျှူး ဖြစ်ပေါ်ဖို့အတွက် ကူညီပေးပါတယ်။ တညင်းသီးရဲ့ ပရိုတင်းပါဝင်မှုက ပဲအမျိုးမျိုးထက် အဆများစွာများပြားပါတယ်။

 

 

 

 

 

♦ တညင်းသီးမှာ သံဓာတ်လည်း ပေါကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်တွင်းသံဓာတ်ချို့တဲ့တာကြောင့် သွေးနီဥထုတ်လုပ်မှုလျော့နည်းလာတဲ့အတွက် ကိုယ်ထဲက ဆဲလ်တွေအားလုံးက သူတို့လိုအပ်တဲ့အောက်ဆီဂျင်နဲ့ အာဟာရကို လုံလုံလောက်လောက် ရရှိနိုင်မှာမဟုတ်တော့ပါဘူး။

♦ ဆဲလ်တွေက အောက်ဆီဂျင်နဲ့အာဟာရဓာတ်ရရှိမှု နည်းပါးသွားတာကြောင့် သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကို ပြည့်ပြည့်ဝဝမလုပ်နိုင်တော့တဲ့အတွက် အားနည်းတာ၊ အလွယ်တကူမောပန်းလွယ်တာတွေ ဖြစ်လာပါတော့တယ်။ ဒါကြောင့် တညင်းသီးကို ဓမ္မတာ လစဉ်သွေးပေါ်တဲ့အမျိုးသမီးတိုင်းစားသုံးသင့်ပါတယ်။

 

 

 

 

♦ တညင်းသီးမှာ ပရိုတင်းနဲ့သံဓာတ်အပြင် ကယ်လ်စီယမ်နဲ့ဖော့စဖရပ်စ်လည်း ပါဝင်ပါတယ်။ ဒီသတ္တုဓာတ်နှစ်မျိုးစလုံးက အရိုးအတွက်လိုအပ်ပါတယ်။ သူတို့က အရိုးကြွပ်ဆတ်တာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

 

 

 

 

 

 

♦ တညင်းသီးမှာ ဗီတာမင် A, B1, B2 နဲ့ဗီတာမင် C လိုမျိုး ဗီတာမင်တွေပါဝင်ပါတယ်။ ဗီတာမင် A က မျက်စိကျန်းမာရေးအတွက် လိုအပ်ပြီး အမြင်အာရုံကို ကောင်းမွန်စေနိုင်ပါတယ်။

♦ ဗီတာမင် A နဲ့ C က ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ဂုဏ်သတ္တိလည်းရှိတာမို့ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

 

 

 

 

 

 

♦ တညင်းသီးဟာ ဆီးရွှင်နိုင်တဲ့အသီးဖြစ်ပါတယ်။ ဆီးရွှင်တာက နှလုံးရောဂါရှိသူတွေအတွက် အလွန်ကောင်းမွန်ပါတယ်။

 

 

 

 

 

♦ တညင်းသီးမှာ များစွာပါဝင်တဲ့ အမျှင်တွေကြောင့် ဝမ်းမမှန်သူ၊ ဝမ်းချုပ်တတ်တာကြောင့် လေပွနေသူတွေရဲ့ဝမ်းဗိုက်ဖောင်းကားနေတာကို ချပ်ရပ်သွားအောင် ကူညီနိုင်ပါတယ်။

 

 

 

 

 

 

♦ တညင်းသီးက ဆီးချိုရောဂါ မဖြစ်အောင်ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာက အံ့သြစရာဖြစ်နေပါတယ်။ ဘယ်သစ်သီးတွေမှာမှမပါရှိဘဲ သူတစ်ဦးတည်းမှာ မူပိုင်ရှိ နေတဲဲ့ Djenkolic အက်စစ်ကြောင့်ပါ။

♦ တညင်းသီးက ဆီးရွှင်စေနိုင်တာမို့ #ကျောက်ကပ်ရောဂါရှိသူတွေ_လုံးဝမစားသင့်ပါဘူး။ ကျောက်ကပ်ရောဂါရှိသူတွေက တညင်းသီးမှာပါဝင်တဲ့ Djenkolic အက်စစ်ကို မစစ်ထုတ်နိုင်တာကြောင့် ဆီးလုံးဝမထွက်နိုင်တော့တဲ့အတွက်ပါ။

 

 

 

 

♦ တညင်းသီးမှာပါဝင်တဲ့ သတ္တုဓာတ်တွေက ကျဉ်းမြောင်းနေတဲ့ သွေးကြောတွေကို ကျယ်ပြန့်အောင် ပြုလုပ်ပေးနိုင်ပြီး သွေးကြောပြန်မကျဉ်းအောင် ကူညီပေးပါတယ်။

♦ ဒီရလဒ်ကောင်းရဖို့ တညင်းသီးကို အကျက်လွန်အောင် မချက်ပြုတ်ရပါဘူး။

 

 

 

 

 

♦ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက မကြာခဏ ဝမ်းချုပ်တတ်ကြပါတယ်။ တညင်းသီးမှာပါရှိတဲ့အမျှင်တွေက အစာခြေဖို့ကူညီပြီး ဝမ်းမှန်စေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေက တညင်းသီးကို သတ်မှတ်ထားတဲ့ပမာဏအတိုင်းအတာသာ စားသုံးသင့်ပါတယ်။

 

 

 

 

♦ တညင်းသီးမှာ များစွာပါဝင်တဲ့ ကယ်လ်စီယမ်နဲ့ ဖော့စဖရပ်စ်ကြောင့် သန္ဓေသား အရိုးနဲ့ သွား ကြီးထွားဖို့ အထောက်အကူ ရရှိပါတယ်။

♦ ခန္ဓာကိုယ်ထဲက အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို တည်ငြိမ်မှု ရရှိစေနိုင်ပါတယ်။

♦ ခန္ဓာကိုယ်ထဲမှာ ဖောလစ်အက်စစ်နဲ့ ဗီတာမင် ဘီ ၆ ကလုံလုံလောက်လောက်ရှိနေရင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေက သူတို့ရဲ့လုပ်ငန်းတာဝန်ကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ တညင်းသီးမှာ ဖောလစ်အက်စစ်များစွာပါဝင်ပါတယ်။

♦ မွေးကင်းစကလေးတွေ မွေးရာပါ ချို့ယွင်းချက်မရှိအောင် ကာကွယ်ပေးပါတယ်။ သူ့မှာပါဝင်တဲ့ ဖောလစ်အက်စစ်တွေကြောင့်ပါ။

 

 

♦ တညင်းသီးမှာပါဝင်တဲ့ သကြားအမျိုးအစားက ဆီးချိုသမားတွေအတွက် အန္တရာယ်မရှိပါဘူး။ ဒီသကြားက ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအစာထဲက သကြားနဲ့မတူညီဘဲ အလွယ်တကူဖြိုကွဲနိုင်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်တာကြောင့် ကြံ့ခိုင်မှုအခြေအနေ ပိုမိုကောင်းမွန်နိုင်ပါတယ်။ ဒီသကြား အမျိုးအစားက ကိုယ်တွင်းမှာ စုပုံလေ့မရှိပါဘူး။

 

 

 

 

 

 

♦ တညင်းသီးက ဒီလို ကျန်းမာရေးအကျိုးကျေးဇူးတွေရှိပေမယ့်လည်း သူ့ကြောင့် ကျောက်ကပ်ထိခိုက်နိုင်တာမို့ သူ့ကိုပမာဏများများ မစားသင့်ပါဘူး။

♦ သူ့ကို ပြုတ်ပြီးစားရင်လည်း အနည်းဆုံးသုံးကြိမ်လောက် ရေလဲပြီးပြုတ်ပေးပါ။

♦ ကျောက်ကပ်ရောဂါရှိသူတွေကတော့ လုံးဝမစားပါနဲ့လို့ အကြံပေးပါရစေ။

 

 

 

#ဒေါက်တာခင်မိုးမိုး (Good Health Journal)

 

Post Author: Good Health Journal