Health Tips!!

အိပ်ရေး၀၀အိပ်တာကြောင့် ကိုယ်ဝန်ရရှိဖို့ လွယ်ကူနိုင်

ဂျပန်နိုင်ငံမှ သုတေသီတွေက ကိုယ်ဝန်ရဖို့ အခက်အခဲရှိတဲ့ အမျိုးသမီးပေါင်း ၂၀၈ ယောက်ကို သုတေသနပြုလုပ်ခဲ့ရာ အိပ်စက်မှုပြဿနာမရှိတဲ့ အမျိုးသမီးတွေရဲ့ မျိုးဥဟာ မျိုးအောင်နိုင်ခြေ ၆၂.၉ ရာခိုင်နှုန်းရှိပြီး အိပ်စက်မှုအခက်အခဲရှိတဲ့အမျိုးသမီးတွေရဲ့ မျိုးအောင်နိုင်ခြေဟာ ၄၈.၄ ရာခိုင်နှုန်းသာရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အိပ်ရေး၀၀အိပ်တာက မျိုးအောင်စေနိုင်တဲ့ ကုသမှုအတွက် အလွန်အရေး ကြီးတဲ့ အထောက်အကူဖြစ်တယ်လို့ သိရပါတယ်။ ညအိပ်ချိန် ခြောက်နာရီထက် နည်းတဲ့သူတွေက မျိုးအောင်ဖို့အတွက် လိုအပ်တဲ့မျိုးဥ မကြွေခင်မှာ ထွက်ရှိလာတဲ့ FSH ဟော်မုန်းထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်း လျော့နည်းနိုင်တာကြောင့်ပါ။

♥ ရွှေမိုး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *