Health Tips!!!

အမျိုးသမီးတွေ ဆေးလိပ်သောက်တာက အမျိုးသားတွေထက် ပိုမိုအန္တရာယ်ရှိနိုင်

အမျိုးသမီးတွေ ဆေးလိပ်သောက်တာက အမျိုးသားတွေထက် ကျန်းမာရေးအတွက် ပိုမိုအန္တရာယ်ရှိတာမို့ အမျိုးသမီးတွေအနေနဲ့ ဆေးလိပ်ကို မဖြစ်မနေ ဖြတ်သင့်ပါတယ်။ အမျိုးသမီးတွေ ဆေးလိပ်သောက်တာကြောင့်

အဆုတ်ကင်ဆာဖြစ်နိုင်ခြေ နှစ်ဆပိုများ
အမျိုးသမီးတွေက အမျိုးသားတွေသောက်တဲ့ ဆေးလိပ်အရေအတွက်နည်းတူ သောက်တာက အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ နှစ်ဆ ပိုများတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အမျိုးသားခန္ဓာကိုယ်နဲ့ အမျိုးသမီးခန္ဓာကိုယ်က ဆေးလိပ်အတွင်းရှိတဲ့ ကင်ဆာဖြစ်စေတဲ့ပစ္စည်းကို တုံ့ပြန်မှုက ကွာခြားတာကြောင့်ပါ။ အမျိုးသားတွေအနေနဲ့ ဆေးလိပ်ကအဆိပ်တချို့ကို ဆီးကနေတစ်ဆင့် စွန့်ထုတ်နိုင်ပေမဲ့ အမျိုးသမီးတွေ ကတော့ မစွန့်ထုတ်နိုင်ဘဲ ခန္ဓာကိုယ်အတွင်း ကင်ဆာဖြစ်စေတဲ့ ပစ္စည်းအဖြစ် ပြောင်းလဲသွားပါတယ်။

နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ ပိုများ
အမျိုးသမီးတွေက အမျိုးသားတွေ ဆေးလိပ်အရေအတွက်အတိုင်း သောက်ခဲ့ရင် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေက အမျိုးသားတွေထက် ၂၄ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။ ဒါ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး မြင့်တက်သွားပါတယ်။

သွေးကြောပေါ်မှာ သက်ရောက်မှုရှိနိုင်
အမျိုးသမီးတွေက အမျိုးသားတွေ ဆေးလိပ်အရေအတွက်အတိုင်း သောက်ခဲ့ရင် အမျိုးသမီးတွေရဲ့ သွေးလွှတ်ကြောမနံရံ ထူထပ်တာဟာ အမျိုးသားတွေထက် ငါးဆ ပိုဆိုးရွားသွားပါတယ်။

ကလေးမွေးဖွားမှုအပေါ် သက်ရောက်နိုင်
ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေက ကလေးရနိုင်ခြေ အလွန်နည်းပါးသွားပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ဆေးလိပ်သောက်ခဲ့ရင် လမစေ့မွေးတာ၊ ကလေး အသေမွေးတာနဲ့ မွေးပြီးပြီးချင်း ကလေးသေဆုံးနိုင်ခြေ အလွန်မြင့်မားပါတယ်။ ဒါ့အ ပြင်နို့ထွက်လည်း နည်းသွားတတ်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *