ကိုယ်ဝန်ဆောင် နောက်ဆုံးအပတ်တွေမှာ ပက်လက်အိပ်တာက ကလေးအသေမွေးနိုင်ခြေ မြင့်မားနိုင်
ကိုယ်ဝန်ဆောင်တွေ မွေးခါနီးကာလတွေမှာ ပက်လက်မအိပ်ဖို့ သုတေသီတွေက သတိပေးထားပါတယ်။ မိခင်တွေရဲ့ အိပ်စက်မှုအနေအထားဟာ သန္ဓေသားရဲ့ နှလုံးခုန်နှုန်းပေါ်မှာ အကျိုးသက် ရောက်မှုရှိပါတယ်။ မိခင်တွေ ပက်လက် အိပ်နေတဲ့အချိန်မှာ သန္ဓေသားရဲ့ နှလုံး ဟာ အားနည်းသွားတတ်ပါတယ်။ ဒါ့အပြင် သန္ဓေသားရဲ့ အလေးချိန်က အချင်းပေါ်မှာ ဖိအားသက်ရောက်နေတာကြောင့် ကလေးငယ်ကို အောက်ဆီဂျင်ရောက်ရှိ မှု နည်းသွားနိုင်တဲ့အတွက် အသေလေး တွေ မွေးလာနိုင်တယ်လို့ နသုတေသီတွေက ဆိုပါတယ်။
♥ ရွှေမိုး ♥