ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခန္ဓာကိုယ် ဖြစ်အောင် ဘယ်လိုစားသောက်ကြမလဲ

အခုလို ကိုဗစ်ကာလမှာ ဝိတ်ချဖို့ထက် ကိုယ်ခံအားကောင်းအောင်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်၊ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ရှိအောင် စားသောက်နေထိုင်ကြဖို့ လိုပါတယ်။

အချိုစာများ
အညိုရောင်ချောကလက်၊ ရေခဲမုန့်၊ ကိတ်မုန့် စတာတွေမှာ ကယ်လိုရီများစွာ ပါဝင်လို့ ကိုယ်အလေးချိန်တက်သူတွေ စားသုံးသင့်ပါတယ်။ အများစုက အချိုကဲ တဲ့ အစားအစာတွေကို စားသုံးရတာ နှစ် ခြိုက်တတ်ကြပါတယ်။ လွန်လွန်ကဲကဲ စားသုံးမှုကိုတော့ ရှောင်ရှားသင့်ပါတယ်။ သကြား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ပါဝင်တဲ့ အစားအစာတွေက ကိုယ်အလေးချိန်ကို အမြန်ဆုံးတက်စေနိုင်ပါတယ်။

အစေ့အဆန်များ
မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ သစ်ချ သီး စတဲ့အစေ့အဆန်တွေမှာ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် စတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်ပါ တယ်။ အစေ့အဆန်တစ်မျိုးမျိုးကို နေ့ စဉ်စားသုံးပေးပါက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုလည်း အနည်းငယ်တက်စေပါတယ်။ အစေ့အ ဆန်တွေထဲမှာ မရှိမဖြစ်အဆီပါဝင်လို့ ကိုယ်အလေးချိန် အမြန်တက်စေဖို့ အား ပေးပါတယ်။

ကောက်နှံတစ်ခုလုံးပါဝင်စာ
ဆန်လုံးညို၊ ကွေကာ၊ အုတ်ဂျုံ၊ နှံ စားပြောင်း စတာတွေက ကောက်နှံတစ်ခု လုံးပါဝင်စာတွေဖြစ်ပြီး အာဟာရဓာတ် မျိုးစုံကို ရရှိနိုင်ပါတယ်။ ဆန်လုံးညိုနဲ့ အုတ်ဂျုံမှာ ပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ်က <ကက်သားတွေ တည်ဆောက်ရာမှာ အား ပေးကူညီပါတယ်။ ကွေကာက ကယ်လိုရီ ပါဝင်မှုများလို့ ကိုယ်အလေးချိန်တက်လို သူတွေအနေနဲ့ မနက်စာအဖြစ် စားသုံးဖို့ သင့်တော်ပါတယ်။

နို့နှင့် နို့ထွက်ပစ္စည်းများ
နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ကယ်လ် စီယမ်၊ ပရိုတင်းနဲ့ အဆီတွေများစွာ ပါဝင် လို့ <ကက်သားတည်ဆောက်ဖို့နဲ့ ကိုယ်အ လေးချိန်တက်ဖို့အတွက် များစွာ အ ထောက်အကူဖြစ်စေပါတယ်။

ထောပတ်
ထောပတ် ၅ ဂရမ်ကနေ ၃၆ ကယ် လိုရီကို ရရှိနိုင်လို့ ကိုယ်အလေးချိန်တက် လိုသူတွေအနေနဲ့ စားသုံးဖို့ သင့်တော်ပါ တယ်။ မြေပဲထောပတ်မှာ ကယ်လိုရီ၊ ဗီ တာမင်၊ သတ္တုဓာတ်တွေအပြင် တခြား အာဟာရဓာတ်တွေလည်း များစွာ ပါဝင် လို့ ကိုယ်အလေးချိန်တက်ဖို့ဆိုရင် စား သုံးဖို့ အကောင်းဆုံးအစာဖြစ်ပါတယ်။

အသား
အသားစားသုံးရာမှာ အဖြူရောင် အသားနဲ့ အနီရောင်အသားဆိုပြီး နှစ်မျိုး ရှိပါတယ်။ ကြက်သား၊ ကြက်ဆင်သား တွေက အဖြူရောင် အသားတွေဖြစ်ပြီး ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီအ နည်းငယ် ရရှိနိုင်ပါတယ်။ အမဲသားက အနီရောင်အသားဖြစ်ပြီး ကယ်လိုရီနဲ့ အဆီဓာတ်ကို ရရှိနိုင်ပါတယ်။ ကိုယ်အ လေးချိန်တက်ဖို့ စားသုံးသင့်ပြီး အလွန် အကျွံ စားသုံးမှုကို ရှောင်ရှားသင့်ပါတယ်။

ငှက်ပျောသီး
ကိုယ်အလေးချိန် တက်လိုသူတွေ အတွက် ငှက်ပျောသီးက စားသင့်တဲ့ သစ်သီးတစ်မျိုးပါ။ ငှက်ပျောသီးတစ်လုံး မှာ ၁၂၀ ကယ်လိုရီပါဝင်ပြီး အဆီ၊ ပို တက်စီယမ်နဲ့ တခြားသတ္တုဓာတ်တွေ များစွာပါဝင်ပါတယ်။ ငှက်ပျောသီးမှည့်ကို အခွံနွှာပြီး စားနိုင်သလို၊ ဖျော်ရည်ပြုလုပ် ပြီးလည်း သောက်သုံးနိုင်ပါတယ်။

သစ်သီးဖျော်ရည်
သစ်သီးဖျော်ရည်တွေ သောက်သုံး တာက ကယ်လိုရီများစွာရရှိစေလို့ ကိုယ် အလေးချိန်တက်ဖို့ကို အားပေးကူညီပါ တယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ခန္ဓာ ကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာရရှိစေပါတယ်။ သစ်သီးဖျော်ရည်တစ်ခွက်ကနေ ၅၇ ကယ်လိုရီကို ရရှိနိုင်ပါတယ်။

ကန်စွန်းဥနှင့် အာလူး
အာလူးမှာ ကာဗိုဟိုက်ဒရိတ်နဲ့ ပရို တင်းတွေ များစွာပါဝင်လို့ ကိုယ်အလေး ချိန် တက်စေဖို့ အားပေးကူညီပါတယ်။ ဂျပန်ဆူမိုနပန်းသမားတွေ စားသုံးတဲ့ အစားအစာထဲမှာ အာလူးက အဓိက ပါဝင်ပါတယ်။

ဥအမျိုးမျိုး
ဥအမျိုးမျိုးက ကယ်လိုရီ<ကယ်ဝပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်း၊ အဆီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဖြည့်တင်းပေးပါတယ်။ မျက်စိ၊ ဦးနှောက် စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအ တွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးတဲ့အပြင် ကိုယ်အလေး ချိန်တက်စေဖို့လည်း အထောက်အကူပြု ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal