ဘာကြောင့် မှိုဟင်းကို စားသင့်ပါသလဲ

ကမ္ဘာပေါ်မှာ မှို အမျိုးအစားပေါင်း ၁၄၀၀၀ လောက်ရှိပါတယ်။ အဲဒီထဲက ထက် ဝက်ခန့်က စားသုံးလို့ရတဲ့အမျိုးအစားပါ။ အမျိုးအစားတစ်ခုစီမှာ ကိုယ်ပိုင်ပုံသဏ္ဌာန်၊ အရသာနဲ့ နူးညံ့မှုတွေ ကိုယ်စီရှိကြပါတယ်။
မှိုမှာ သဘာဝဗီတာမင်ပေါင်း များစွာပါဝင်ပါတယ်။ ဗီတာမင် B5, B3, B2 အစ ရှိတဲ့ ဗီတာမင် B အုပ်စုအပြင် ကော့ပါးနဲ့ ဆီလီနီယမ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ပရိုတင်း၊ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဗီတာမင် D ၊ ကယ်လ်စီယမ်နဲ့ တခြားသတ္တု ဓာတ်တွေလည်း ပါဝင်ပါတယ်။
မှိုက ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့ရင် ဗီတာမင် D ကို ထုတ်လုပ်ပေးပါတယ်။ မှိုကြီးကြီးတစ်ပွင့်က ဗီတာမင် D လိုအပ်ချက် ၁၀၀ ရာခိုင်နှုန်းထိ ရရှိနိုင်ပါတယ်။
မှိုမှာ များစွာပါဝင်တဲ့ ဆီလီနီယမ်က ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် ဆဲလ်တွေ ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆဲလ်ပျက်စီးမှုများလာရင် ရောဂါရနိုင် ပါတယ်။ ဆီလီနီယမ်က ခုခံအားစနစ်အတွက် အဓိကနေရာက ပါဝင်ပါတယ်။
မှိုတွေမှာ ကယ်လိုရီပါဝင်မှုနည်းတဲ့အတွက် ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီ နိုင်ပါတယ်။ အသားလိုမျိုးအရသာရှိတဲ့အတွက် အသားအစားထိုးစားသုံးရင် ဝမ်းဗိုက် ပြည့်တင်းမှု အကြာကြီးရနိုင်ပြီး အသားစားသလိုမျိုး အာသာဖြေနိုင်ပါတယ်။
မှိုက ကျန်းမာရေးအတွက် အကျိုးများစွာရှိပါတယ်။ ဗက်တီးရီးယားတွေကို သေစေနိုင်တဲ့ဂုဏ်သတ္တိ၊ ကိုလက်စထရောလျှော့ချနိုင်တာနဲ့ ခုခံအားစနစ်ကို မြှင့်တင် ပေးနိုင်ပါတယ်။ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ သွေးတိုးရောဂါနဲ့ကင်ဆာ ရောဂါကို ကာကွယ် ဒါမှမဟုတ် ကုသပေးနိုင်ပါတယ်။
မှိုအပွင့်ကြီးတစ်ပွင့်မှာ ပါဝင်တဲ့ ပိုတက်စီယမ်က ငှက်ပျောသီးတစ်လုံးမှာ ပါဝင် တဲ့ ပမာဏနဲ့ တူညီပါတယ်။ ပိုတက်စီယမ်က နှလုံး၊ ကြွက်သားနဲ့ အာရုံကြောအတွက် အရေးကြီးပါတယ်။
မှိုမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြားပါဝင်ပါတယ်။ Ergothioneine နဲ့ glutathione ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အရွယ်တင်နုပျိုနိုင်ပါတယ်။
မှိုအမျိုးပေါင်း ၇၀-၈၀ ခန့်က အဆိပ်ရှိပါတယ်။ မှိုအဆိပ်ကြောင့် အများစုက ဖျားနာမှုဖြစ်စေနိုင်ပြီး အနည်းငယ်က သေဆုံးနိုင်ပါတယ်။ အဆိပ်ရှိတဲ့မှိုကို စားမိရင် စားပြီး ၄ နာရီအတွင်း ပျို့တာ၊ အန်တာ၊ ဗိုက်အောင့်တာနဲ့ ဝမ်းပျက်ဝမ်းလျှောတာ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်နေရင် ရေများများသောက်ပေးပါ။ ပြန်လည်သက်သာသွား နိုင်ပါတယ်။ တချို့မှိုတွေက အဆိပ်ပြင်းလွန်းနိုင်တာကြောင့် မှိုဆိပ်မိရင် ဆရာဝန် နဲ့ပြသပြီး ကုသမှုခံယူပါ။
မှိုကိုမီးအရှိန်ပြင်းပြင်းနဲ့ ချက်ပြုတ်တာက အရသာအကောင်းဆုံးပါ။ ဒါပေမဲ့ သူ့မှာပါဝင်တဲ့ ဓာတ်တိုးပစ္စည်းတွေမပျက်စီးဖို့ ကင်တာနဲ့ microwave နဲ့ ချက်ပြုတ် တာက အကောင်းဆုံးပါ။

♥ ‌ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal