အဖြေရှိပြီးသားပါ

အခုအချိန်ဟာဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယလှိုင်းကို ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။ ဒီ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူအများမှာ စိုးရိမ် ကြောင့်ကြစိတ်တွေဖြစ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ အခက်တွေ့တာတွေ ရင်ဆိုင်ကြရပါတယ်။ တစ်ကမ္ဘာ လုံးရှိ လူအများစုဟာ စား၊ ဝတ်၊ နေ ရေးအတွက် ရေ ရှည်မှာ အဆင်ပြေပါ့မလားဆိုတဲ့ စိတ်ရှုပ်ထွေးမှုတွေနဲ့ ရှင်သန်နေရပါတယ်။
ဗုဒ္ဓဘာသာရှုထောင့်ကကြည့်မယ်ဆိုရင် ကပ်ရော ဂါဆိုတာ အခုမှဖြစ်တာမဟုတ်ပါဘူး။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်းဆို တဲ့ ဒုဗ္ဘိက္ခန္တရကပ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးပါတယ်။ ယခု ၂၀၂၀ ကမ္ဘာ့သက်တမ်း ၄.၅ ဘီလီယံနှစ်မှာ လူ့ပြည် ရောက်နေတဲ့ လူသားတွေကြုံနေရတဲ့ ကပ်ရောဂါက တော့ ရောဂါဘေးကြောင့် ပျက်စီးခြင်းဆိုတဲ့ ရောဂန္တရ ကပ်ပါ။
လူသားတွေမှာ လောဘ၊ ဒေါသ၊ မောဟတွေ အား ကြီးလာရင် ကပ်ရောဂါတွေဖြစ်တယ်လို့ ဓမ္မစာပေတွေ မှာ ညွှန်းထားတာရှိပါတယ်။ ဒီထဲမှာ ကောင်းတဲ့သူတွေ လည်း အနည်းနဲ့အများ အထိအခိုက်တော့ရှိနိုင်ပါတယ်။ ကပ်ရောဂါက ဘယ်အချိန်ဖြစ်လို့ ဘယ်အချိန်ပြီးမယ် ဆိုတာ ဘယ်သူမှ သေချာမခန့်မှန်းနိုင်ပေမယ့် အစရှိ ရင် အဆုံးဆိုတာ ရှိစမြဲပါ။ ကပ်ရောဂါတွေ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင်တော့ ကြီးနိုင်ငယ်ညှဉ်းတွေ မလုပ်ဖို့ အောက်စဖို့ဒ်ဆရာတော်ရဲ့ တရားမှာနာယူလိုက်ရပါတယ်။
လောကမှာ အင်အားကြီးသူက အင်အားနည်းသူ ကိုအနိုင်ကျင့်တာ၊ လူသားတွေက တိရစ္ဆာန်တွေကိုသတ် ဖြတ်တာ၊ အာဏာရှိသူက အာဏာမရှိသူအပေါ် အာ ဏာပြတာ၊ ငွေကြေးရှိသူက မပြည့်စုံတဲ့သူကို ခေါင်း ပုံဖြတ်တာ စတာတွေက လူ့ပြည်အနှံ့အပြားမှာ မရေ တွက်နိုင်လောက်အောင်ကို များပြားနေပါပြီ။
အားလုံးအတွက် အဖြေကိုရှာကြည့်ရင်တော့ ကရုဏာပါလို့ မြတ်စွာဘုရားက လမ်းပြထားပါတယ်။ ပုထုဇဉ်လူသားတွေအနေနဲ့ ပါရမီအားနည်းသေးတာ မို့ သူတော်ကောင်းတွေရဲ့ ကျင့်စဉ်အတိုင်း မလုပ်နိုင် သေးရင်တောင် ကရုဏာစိတ်ကိုနေ့စဉ်ဘဝမှာ အကျင့် တစ်ခုအနေနဲ့ လက်ကိုင်ထားဖို့ လိုပါတယ်။ ကိုယ့် ကိုယ်ကိုယ်လည်း ကရုဏာထား၊ တခြားသူတွေအပေါ် မှာလည်း ကရုဏာထား၊ ဘာလုပ်လုပ် အများအကျိုး အတွက် ခေါင်းထဲထည့် စဉ်းစားနိုင်ဖို့ လိုအပ်နေပါပြီ။
လူတွေကို ပျော်အောင်လုပ်ပေးဖို့က သင့်တာဝန် မဟုတ်ပါဘူး၊ ဒါပေမဲ့ ဘယ်သူ့အပေါ်မှာမဆို ကြင် ကြင်နာနာ ပြောဆိုဆက်ဆံပါ။ ကရုဏာစိတ်နဲ့ ပြော၊ ကရုဏာစိတ်နဲ့ လုပ်၊ ကရုဏာစိတ်နဲ့ တွေးကြံလိုက် တာက သင့်ကိုယ်သင်လည်း အေးချမ်းစေသလို သင် နဲ့ ထိစပ်နေတဲ့ ပတ်ဝန်းကျင်က လူတွေကိုလည်း အေးချမ်းစေပါတယ်။ ဒါကြောင့် ရှိပြီးသားအဖြေကို ယုံကြည်လိုက်နာစေချင်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal