နှုတ်ခမ်းနီအရောင် ရွေးချယ်ဖို့ ခက်နေရင် …

တစ်ခါတလေမှာ နှုတ်ခမ်းနီဆိုးဆေးရဲ့ အရောင်ကို ကြိုက်ပေမဲ့ ကိုယ်နဲ့ မလိုက်တာမျိုး ရှိတတ်ပါတယ်။ သင့်ရဲ့ အသားရောင်က ဘယ်ကာလာ Tone ဘက်သွားလဲဆိုတာသိရင် သင်နဲ့ လိုက်ဖက်မယ့် အရောင်တွေကို ပိုပြီး အလွယ်တကူ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ 

အသားရောင်ဘယ်နှမျိုးရှိလဲ –
အသားရောင်ကို Cool, Warm, Neutral ဆိုပြီး သုံးမျိုး ခွဲနိုင်ပါတယ်။ သင့်ရဲ့ အသားရောင်က အပြာ၊ ပန်းရောင်၊ အနီဘက်သန်းတယ်ဆိုရင်Cool Undertone ဖြစ်ပါတယ်။ မက်မွန်သီး အရောင်၊ ဝါကြန့်ကြန့်၊ ရွှေအိုရောင်ဘက် သန်းတယ်ဆိုရင် Warm Undertone လို့ ပြောနိုင်ပါတယ်။ Neutral ကတော့ ပန်းရောင် ဒါမှမဟုတ် အဝါရောင်၊ ဘယ်ဘက်ကိုမှ သိသိသာသာ အရောင် သန်းမနေဘဲ ပင်ကိုယ်အသားရောင်ကပဲ ပိုထင်းနေတာကို ခေါ်ပါတယ်။

အရောင်ရွေးချယ်တဲ့အခါ –
♥ Cool Undertone ရှိသူတွေက အပြာ၊ ခရမ်း၊ ပြာလဲ့လဲ့ အနီရောင် နှုတ်ခမ်းနီတွေနဲ့ လိုက်ဖက်ပါတယ်။ ငွေရောင် လက်ဝတ်လက်စားတွေနဲ့ ပိုလိုက်ဖက်သူတွေဖြစ်ပါတယ်။

♥ Warm Undertone ရှိသူတွေဆိုရင် လိမ္မော်ရောင်၊ အနီရောင်စစ်စစ်တွေနဲ့ လိုက်ဖက်ပါတယ်။ ရွှေရောင်လက်ဝတ် လက်စားတွေနဲ့ ပိုလိုက်ဖက်သူတွေပါ။

♥ Neutral Undertone ရှိသူတွေကတော့ ငွေရောင်၊ ရွှေရောင် ဘယ်အရောင်နဲ့မဆို လိုက်ဖက်သူတွေ ဖြစ်ပါတယ်။ နှုတ်ခမ်းနီ အရောင်လည်း ဘယ်အရောင်မဆို သူတို့နဲ့ လိုက်ဖက်ပြီးသား ဖြစ်ပါတယ်။

Darliko 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *