အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ သတိမေ့ ရောဂါဟာ စဖြစ်ပြီဆိုတာနဲ့ နဂိုပကတိ အတိုင်း ပြန်လည်ကောင်းနိုင်ဖို့က ခက်ခဲ သွားပြီး တဖြည်းဖြည်းနဲ့ ဦးနှောက်မှာ ကစဥ့်ကလျားဖြစ်စဉ်တွေ တိုးပွားဖြစ် သွားမှာ ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ စွမ်းရည်ကိုကျစေပြီး တစ်နေ့တာရဲ့ အရိုးရှင်းဆုံး လုပ်ငန်းဆောင်တာတွေကို တောင် မလုပ်နိုင်တော့တဲ့အထိ ဖြစ်သွား နိုင်ပါတယ်။ သတိမေ့ရောဂါကို အသက် ၆၀ ကျော်မှာဖြစ်တာများပါတယ်။
ဒီမန်းရှား (Dementia) လို့ခေါ်တဲ့ ရူးသွပ်တာ၊ စိတ်ယိုယွင်းတာ၊ အသိဥာဏ် လျော့လာတာ၊ မှတ်ဥာဏ်မကောင်းတာ၊ တွေးခေါ်မြော်မြင်နိုင်တဲ့စွမ်းရည် ကျလာ တာတွေ ဖြစ်လာရခြင်းအကြောင်းရင်း အစက အယ်လ်ဇိုင်းမားရောဂါကြောင့် ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်နွှယ် နေတဲ့ ဆောင်ရွက်မှုတွေဖြစ်တဲ့ စဉ်းစား တာ၊ သတိရတာ၊ မှတ်မိတာ၊ အကျိုးသင့် အကြောင်းသင့် တွေးခေါ် ဆင်ခြင်နိုင်တာ စတဲ့စွမ်းရည်တွေကို လျော့ကျစေပါ တယ်။ ရောဂါအစမှာ ဆိုရင် သိပ်မသိ သာပေမဲ့ အဆိုးဝါးဆုံးအဆင့်ကို ရောက် ပြီဆိုရင်တော့ နေ့စဉ်နေ့တိုင်းအတွက် အနီးနားမှာရှိတဲ့ လူတွေရဲ့အကူအညီ လိုအပ်ပြီ ဖြစ်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါလို့ ခေါ်ဝေါ် လာရခြင်းမှာ ၁၉၀၆ ခုနှစ်မှာ Dr. Alois Alzheimer က ပုံမှန်မဟုတ်တဲ့ စိတ်နာ မကျန်းရောဂါကြောင့် သေဆုံးသွားခဲ့တဲ့ အမျိုးသမီးရဲ့ ဦးနှောက်တစ်သျှူးမှာ ဆင့်ကဲပြောင်းလဲတာကို လေ့လာတွေ့ရှိ ခဲ့တာဖြစ်ပါတယ်။ သူမ ခံစားရတဲ့ ရော ဂါဝေဒနာတွေကတော့ မှတ်ဥာဏ်ပျောက် ဆုံးတာ၊ စကားမပြောနိုင်တာ၊ ခန့်မှန်း လို့မရတဲ့ အမူအကျင့်ဆန်းတွေရှိလာတာ ဖြစ်ပါတယ်။ သူမ သေဆုံးပြီးတဲ့အခါ သူမရဲ့ ဦးနှောက်ကို စမ်းသပ်ခဲ့ရာမှ ပုံမှန်မဟုတ်တဲ့ Amyloid plaques တွေ၊ ရှုပ်ထွေးနေတဲ့ Neurofibrillary (tau tangles) တွေ တွေ့ရပါတယ်။ ဒါတွေက အယ်လ်ဇိုင်းမားရောဂါရဲ့ ထင် ရှားတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ နာ့ဗ်ဆဲလ်တွေ ကြား ဆက်နွှယ်မှုပြတ်တောက်နေ ပါတယ်။ ဦးနှောက်အစိတ်အပိုင်းတွေ အ ချင်းချင်း ဆက်သွယ်နိုင်မှုမရှိတော့တာ၊ ဦးနှောက်ကတစ်ဆင့်ကြွက်သားတွေ လှုပ်ရှားမှု၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိန်းချုပ်တာ စတာတွေမှာ ချို့ယွင်းလာ တာတွေ့ရပါတယ်။
ဦးနှောက်ပုံသဏ္ဌာန်ပြောင်းလဲမှု
သိပ္ပံပညာရှင်တွေက အယ်လ်ဇိုင်း မားရောဂါကြောင့် ဦးနှောက်မှာ ဖြစ်ပေါ် လာတဲ့ ပြောင်းလဲမှုတွေကို ဆက်လက် လေ့လာခဲ့ပါတယ်။ ဦးနှောက်မှာ စတင် ပြောင်းလဲမှုတွေက မှတ်ဥာဏ်တွေမေ့ လျော့တဲ့ လက္ခဏာတွေ မပြခင်ကတည်း က စဖြစ်တာလို့ဆိုပါတယ်။ အယ်လ်ဇိုင်း မားရောဂါ အဆင့်အစပိုင်းမှာ ရောဂါ လက္ခဏာတွေက သိသိသာသာ မပြသေး ပါဘူး။ ဒါပေမဲ့ ဦးနှောက်မှာတော့ အပြောင်းအလဲတွေ စတင်ဖြစ်ပေါ် လာပြီး ပုံမှန်မဟုတ်တဲ့ ပရိုတင်းဓာတ်တွေ amyloid plaques နဲ့ tau tangles မှာ စုလာတာ၊ ကျန်းမာတဲ့ နာ့ဗ်ဆဲလ်တွေ ရုတ်တရက် အလုပ်မလုပ်နိုင်တော့တာ၊ အချင်းချင်း မဆက်သွယ်နိုင်တော့တာ တွေ ဖြစ်ပြီး နောက်ဆုံးသေတဲ့အထိ ဖြစ် သွားနိုင်ပါတယ်။ ဦးနှောက်မှာ အပြောင်း အလဲတွေက hippocampus အပိုင်းမှာ စဖြစ်တာဖြစ်ပြီး ဒီအပိုင်းက မှတ်ဥာဏ် တွေကို အဓိကထိန်းချုပ် သိမ်းဆည်းပေး တဲ့နေရာ ဖြစ်ပါတယ်။ နာ့ဗ်ဆဲလ်တွေ ဆက်ဆက်ပြီး သေသွားတာနဲ့အမျှ ဦး နှောက်က ကျုံ့ကျုံ့လာပါတယ်။ နောက် ဆုံးမှာတော့ ဦးနှောက်က သာမန်အရွယ် အစားနဲ့ယှဉ်ရင် သိသိသာသာကြီးကို သေးသွားမှာပါ။
ရောဂါလက္ခဏာ
မှတ်ဥာဏ်စွမ်းရည်နဲ့ ပတ်သက်ပြီး ချို့ယွင်းကျဆင်းလာတာက သိသာတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ မှတ်ဥာဏ်နဲ့ ပတ်သက်ပြီး စတင်ယိုယွင်းလာတဲ့ အဆင့်ကို MCI (Mild Cognitive Impairment) လို့ ခေါ်ပါတယ်။ ဒီအ ဆင့်မှာ ရောဂါလက္ခဏာတွေက လုံးဝမ သိသာပါဘူး။ အသက်ကြီးတဲ့ သူတွေမှာ MCI
စဖြစ်ရင် အယ်လ်ဇိုင်းမားရောဂါ အဖြစ်ကို ကူးပြောင်းသွားနိုင်ခြေများ တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တချို့ကျ တော့လည်း ဒီအဆင့်ကနေ ဆက်မဆိုး သွားဘဲ ပြန်ကောင်းသွားတာတွေလည်း ရှိပါတယ်။ အယ်လ်ဇိုင်းမားရောဂါအစ ပိုင်းမှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာ တွေက တစ်ယောက်နဲ့တစ်ယောက်မတူ တတ်ပါဘူး။
ရောဂါအဆင့်သတ်မှတ်ခြင်း
အယ်လ်ဇိုင်းမား သတိမေ့ရောဂါမှာ ယေဘုယျအားဖြင့် Mild, Moderate, Severe ဆိုပြီး အဆင့်သုံးဆင့် ရှိပါတယ်။
Mild Alzheimer’s Disease
ဒီအဆင့်မှာ ရောဂါလက္ခဏာတွေ က စတင်သတိထားမိလာနိုင်ပါပြီ။ လူ နာအနေနဲ့ ခုလေးတင်ဖတ်ထားတဲ့စာကို မေ့တာ၊ မေးပြီးသားမေးခွန်းကို ခဏခဏ ပြန်မေးတာ၊ သွားနေကျနေရာတွေမှာ လမ်းပျောက်တာ၊ ပုံမှန်လုပ်နေကျ နေ့ စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ရာမှာ ပိုပြီးအချိန်ကြာတာ၊ ငွေရေးကြေးရေး နဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ခက် ခဲတာ၊ အစီအစဉ်တွေမရေးနိုင်တာ၊ လူ တွေရဲ့ နာမည်တွေ မမှတ်မိတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုတွေဖြစ်လာ ပြီဆိုရင် အနားမှာရှိတဲ့သူတွေက လူနာ ကို ဝိုင်းဝန်းပံ့ပိုး ကူညီပေးဖို့လိုပါတယ်။ စိတ်ဖိစီးမှုလျော့နည်းအောင် အလုပ်က နေ အနားယူသင့်ရင်ယူရပါမယ်။
Moderate Alzheimer’s Disease
Moderate အဆင့်ရောက်တဲ့အခါ မှာ အကျိုးသင့်အကြောင်းသင့် ပြောဆို နိုင်စွမ်း၊ အတွေ့အထိအာရုံ၊ အတွေး အခေါ်ပိုင်းနဲ့ ဘာသာစကား စတာတွေ ထိန်းသိမ်းထားတဲ့ ဦးနှောက်အပိုင်းမှာ စတင်ပျက်စီးလာပြီ ဖြစ်ပါတယ်။ မှတ်ဥာဏ်ပိုင်းဆိုင်ရာမှာ ပျက်ယွင်းလာပြီး မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကိုပါ မေ့လျော့လာပါပြီ။ ဘာကိုမှ ဆက်လက် သင်ကြားလေ့လာနိုင်စွမ်းမရှိတော့ပါဘူး။ တစ်ကိုယ်ရေတစ်ကာယ လုပ်ငန်းတွေကို တောင် မလုပ်နိုင်တော့တာ ဖြစ်လာနိုင် ပါတယ်။ ဒါ့အပြင် ဒီအဆင့်မှာ ထင်ရောင် ထင်မှားဖြစ်တာ၊ သွေးလေချောက်ချား တာ၊ စိတ်ဖောက်ပြန်တာ၊ တစ်ပါးသူအ ပေါ် သံသယလွန်ကဲတာတွေ ဖြစ်လာနိုင် ပါတယ်။
Severe Alzheimer’s Disease
ဒီအဆင့်မှာတော့ ဦးနှောက်ထဲမှာ plaques တွေနဲ့ tangles တွေ ပျံ့နှံ့ နေပြီဖြစ်ပြီး ရောဂါအခြေအနေလည်း ဆိုးဝါးလာပြီ ဖြစ်ပါတယ်။ ဦးနှောက်တစ် သျှူးတွေကျုံ့လာပြီး ဦးနှောက်အရွယ် အစားလည်း သိသိသာသာ သေးသွားပါ ပြီ။ ဒီအဆင့်ရောက်ပြီဖြစ်တဲ့ လူနာတွေ ဟာ လူတစ်ယောက်နဲ့တစ်ယောက် ပြော ဆိုဆက်ဆံတာတွေ မပြုလုပ်နိုင်တော့ဘဲ အနီးကပ်ပြုစုစောင့်ရှောက်ပေးဖို့လူတွေ လိုအပ်လာပါပြီ။ နောက်ဆုံးမှာတော့ လူ နာက အိပ်ရာထဲမှာပဲ တစ်ချိန်လုံး လဲ လျောင်းသွားတာ ဖြစ်နိုင်ပါတယ်။
ဘာကြောင့်ဖြစ်ရတာလဲ
အယ်လ်ဇိုင်းမားရောဂါဟာ မျိုးရိုးဗီ ဇကြောင့်ရယ်၊ လူနေမှုပုံစံရယ်၊ ပတ်ဝန်း ကျင်ရယ်နဲ့ သက်ဆိုင်နေတယ်လို့ ပညာ ရှင်အများစုက ယုံကြည်ထားပါတယ်။ ဘာကြောင့်ဖြစ်ရလဲဆိုတာကို တိတိကျ ကျ မပြောနိုင်သေးပေမဲ့ အယ်လ်ဇိုင်းမား ရောဂါဖြစ်နေတဲ့ ဦးနှောက်မှာ ဆဲလ်အ ရေအတွက်လျော့နည်းလာတာ၊ နာဗ့် ဆဲလ်တွေအချင်းချင်း ဆက်သွယ်နိုင်မှု လျော့နည်းလာတာ စတဲ့လက္ခဏာတွေ က သိသာထင်ရှားပါတယ်။
ထူးဒါလီကိုကို (MPharm) –