တစ်ခါတလေမှာ မိတ်ကပ် အများ ကြီးလိမ်းထားတာမဟုတ်လို့ ဒီတိုင်း အိပ်လိုက်လည်း ဘာမှ မဖြစ်လောက်ပါ ဘူးလို့ ထင်ပြီး အိပ်လိုက်တာ၊ မျက်နှာ သန့်စင်ရမှာ ပျင်းလို့ ဝင်အိပ်လိုက်တာ မျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ တစ်နေ့တာလုံး မျက်နှာအရေပြားဟာ မိတ်ကပ်၊ ချွေး၊ အဆီ၊ လေထုထဲက ဖုန်တွေနဲ့ ထိတွေ့ထားရတာကို မမေ့ပါနဲ့။
ဒါတွေကို အိပ်ခါနီးမှာ သန့်စင်မှု ပြန်မလုပ်ဘူးဆိုရင် ညဘက် အိပ်ပျော်နေစဉ် အရေပြား ဆဲလ်အသစ် ဖြစ်ပေါ်တာ၊ ကိုလာဂျင် ထုတ်လုပ်တာ စတဲ့ လုပ်ငန်းစဉ်တွေကို နှောင့်နှေးစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေတဲ့ ဖြစ်စဉ်ကို မြန်စေပါတယ်။ မျက်နှာအရေပြားပေါ်ကြည့်မယ်ဆိုရင် –
♥ မိတ်ကပ်တွေက ချွေးပေါက်တွေ ပိုကျယ်စေပါတယ်။
ဒီအတွက် မျက်နှာပေါ်က အညစ်အကြေးတွေ သန့်စင်အောင် ဆေးကြောမယ်၊ ဆဲလ်အသေတွေကို ရှင်းပေးမယ်၊ ဆဲလ်အသစ်ဖြစ်ပေါ်ဖို့ အတွက် စောင့်ရှောက်ရပါမယ်။
♥ မိတ်ကပ်မဖျက်ဘဲ အိပ်လိုက်တာက နောက်တစ်နေ့မှာ အရေပြား ခြောက်လာတာ ဖြစ်စေပါတယ်။
ဒါကြောင့် မိတ်ကပ်တွေကို သန့်စင်ပေးတာက အရေပြားကို အသက်ရှုခွင့်ရစေပြီး သဘာဝ အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။
♥ မိတ်ကပ်တွေနဲ့အတူ လေထုထဲက ညစ်ညမ်းတဲ့ ဖုန်မှုန့်တွေ၊ မီးခိုးတွေ သင့် အိပ်ယာပေါ်ကို ရောက်ရှိလာစေပါတယ်။
လေထုထဲက အညစ်အကြေးတွေက ဓာတ်တိုးတဲ့ဖြစ်စဉ်ကို အားပေးပြီး အိုမင်းရင့်ရော်စေပါတယ်။ ဒါ့အပြင် အရေပြားကို Sensitive ပိုဖြစ်စေလို့ မိတ်ကပ်တွေကို ဖျက်ပြီးမှ အိပ်ယာဝင်ပါ။
♥ မျက်နှာအရေပြားပေါ်မှာ မိတ်ကပ်၊ အဆီ၊ ဖုန့်မှုန့်တွေ ရောသွားပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်ပါတယ်။
သင်ဟာ ဝက်ခြံထွက်တဲ့သူ မဟုတ်ရင်တောင် မျက်နှာပြင်အရေပြားပေါ်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာတဲ့အခါ ဝက်ခြံတွေ ထွက်လာစေပါတယ်။
♥ သင်အရေပြားဟာ Sensitive ဖြစ်သူဆိုရင် မိတ်ကပ်မဖျက်ဘဲ အိပ်မိတာက အရေပြားရောင်ရမ်းတာ ဖြစ်လွယ်တယ်။
ဒီအတွက် မိတ်ကပ်ကို သန့်စင်ပြီး အမွှေးနံ့မပါတဲ့ Skincare တစ်မျိုးမျိုး လိမ်းတာ၊ အဆီပြန်တတ်တဲ့သူဆိုရင် အဆီမပါတဲ့ Skincare တစ်မျိုးမျိုး လိမ်းတာ လုပ်ပေးပါ။
♥ #Darliko ♥