ငယ်ရွယ်စဉ်က အူအတက်ဖြတ်တောက်ထားသူများ ပါကင်ဆန်ရောဂါ ဖြစ်နိုင်ခြေနည်းပါး

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ရှိ Van Andel Research Instituteန မှ သုတေသနမှာ အူအတက်ကို ဖြတ်ထုတ်ထားတာ ဆယ် စုနှစ်ပေါင်းများစွာကြာပြီဆိုရင် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုပါတယ်။ ပါကင်ဆန်ရောဂါသည်တွေရဲ့ဦးနှောက်မှာတွေ့ရတဲ့ အ ဆိပ်အတောက်ဖြစ်စေတဲ့ဒြပ်ပေါင်းတစ်မျိုးကို အူအတက်မှာတွေ့ရှိခဲ့ရ တာကြောင့် မှတ်ချက်ပေးကြတာဖြစ်ပါတယ်။ ပါကင်ဆန်ရောဂါဟာ နာ့ဗ်ကြောတွေရဲ့အချက်ပေးလုပ်ငန်းမှာ အရေးပါတဲ့ပရိုတင်း တစ်မျိုးဖြစ်တဲ့ synuclein စုပုံမှုကြောင့် ဦးနှောက်ဆဲလ်တွေ သေဆုံးမှုကတစ်ဆင့်ဖြစ်ပြီး အဲဒီရောဂါရှိသူတွေမှာ ခန္ဓာကိုယ် တောင့်တင်းနေပြီး လက်ချောင်းတွေ တုန်ခါနေတတ်ပါတယ်။ သုတေသီတွေက synuclein ကို အူအတက်မှာ စတင်တွေ့ရှိ ကြပြီ synuclein က တစ်နေရာတည်းမှာ စုပုံလာတဲ့အခါ မှာ နာ့ဗ်ကြောတွေထဲကို စတင်ရောက်ရှိလာပါတယ်။ သု တေသီတွေက ကြွက်တွေမှ synuclein ကို အူထဲထိုးထည့် ကြည့်တဲ့အခါ အဆိပ်အတောက်တွေက ဦးနှောက်ကို ရောက်ရှိသွားတာမြင်တွေ့ရတယ်လို့ သိရပါတယ်။ သုတေ သီတွေက ပြီးခဲ့တဲ့ ၅၂ နှစ်အတွင်းက လူပေါင်း ၁ ဒသမ ၆ သန်းရဲ့ကျန်းမာရေးမှတ်တမ်းတွေကို လေ့လာကြည့်တဲ့အခါ အူအတက်ဖြတ်ပြီးသားလူတွေဟာ ပါကင်ဆန်ရောဂါဖြစ်နိုင် ခြေ ၂၀ ရာခိုင်နှုန်းနီးပါးလျော့ကျသွားတာကိုလည်း မြင် တွေ့ခဲ့ကြရတယ်လို့ သိရပါတယ်။

◘ (AP,1.11.18) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *