ငါ ဘာကြောင့် အရေပြားတွေ ယားနေရသလဲ?

အရေပြားယားယံတာက အလွန်နေရခက်ခဲပြီး မကြာခဏ ကုတ်ခြစ်ချင်နေနိုင်ပါတယ်။ များသောအားဖြင့် အသားအရေခြောက်သွေ့တာကြောင့် ဖြစ်တာပါ။ အသက် ကြီးသူတွေမှာ ပိုအဖြစ်များပြီး အသက်ကြီးတာနဲ့အမျှ အရေပြားခြောက်သွေ့နှုန်းက လည်း ပိုများလာပါတယ်။ အရေပြားယားယံရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး အရေ ပြားဟာ ပုံမှန်အနေအထား ဒါမှမဟုတ် နီရဲနေတာ ဒါမှမဟုတ် အဖုအပိမ့်တွေ ပေါက်တာ ဒါမှမဟုတ် အရည်ကြည်ပေါက်တာတွေ ဖြစ်နိုင်ပါတယ်။ မကြာခဏ ကုတ် ခြစ်တာကြောင့် အရေပြားမှာ သွေးထွက်တာ ဒါမှမဟုတ် ရောဂါပိုးဝင်တာလိုမျိုး ဆိုး ကျိုးတွေ ရရှိနိုင်ပါတယ်။ ယားယံပျောက်လိမ်းဆေး၊ အစိုဓာတ်ထိန်းခရင်မ်တွေကို အသုံးပြုတာအပြင် ရေအေးနဲ့ ရေချိုးတာက အရေပြားယားယံတာကို သက်သာစေ နိုင်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ
..
♦ အရေပြားခြောက်သွေ့ခြင်း
အသက်ကြီးတာကြောင့် ဖြစ်တာ၊ လေ အေးပေးစက် ဒါမှမဟုတ် လေပူစက်ကို ရေရှည်အသုံးပြုတာနဲ့ ရေခဏခဏချိုးတာတွေကြောင့် အရေပြားခြောက်သွေ့ပြီး ယားယံတတ်ပါတယ်။

♦ အရေပြားပြဿနာ
နှင်းခူ၊ ဂျွတ်၊ ၀ဲ၊ ရေကျောက်ရောဂါနဲ့ မိတ်ဖုထွက်တာလိုမျိုး အရေပြားပြဿနာ တွေကြောင့်လည်း ယားယံနေတတ်ပါတယ်။ များသောအားဖြင့် ရောဂါရှိတဲ့နေရာမှာ ပဲ ယားယံနေတတ်ပြီး အရေပြားဟာ နီရဲတာ ဒါမှမဟုတ် အဖုအပိမ့်နဲ့ အရည်ကြည် ပေါက်တာလိုမျိုး မြင်ရနိုင်ပါတယ်။

♦ ဓာတ်မတည့်ခြင်း
သင့်မှာ သိုးမွေး၊ ဓာတုပစ်္စည်း၊ ဆပ်ပြာ ဒါမှမဟုတ် အလှကုန်ပစ္စည်းလိုမျိုး တစ်ခုခုနဲ့ေူနမါပ ဖြစ်နေရင် အင်ပျဉ်လိုမျိုး အဖုအပိမ့်တွေ ပေါက်တတ်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ လေ့ကျင့်ခန်းပြုလုပ်တာ၊ နေပူထဲ ထွက်တာတွေက ဓာတ်မတည့်မှု ဝေဒနာဖြစ်အောင် လှုံ့ဆော်နိုင်ပါတယ်။

♦ ကျန်းမာရေးအခြေအနေ
ကိုယ်တွင်းအင်္ဂါတွေကျန်းမာရေးချို့တဲ့တာကြောင့်လည်း အရေပြားယားယံနိုင် ပါတယ်။ အသည်းရောဂါ၊ ကျောက်ကပ်ပျက်စီးတာ၊ သိုင်းရွိုက်ပြဿနာ၊ သံဓာတ်ချို့ တဲ့ သွေးအားနည်းရောဂါနဲ့ လူကီးမီးယားနဲ့ လင်ဖိုမားလိုမျိုး ကင်ဆာရောဂါတွေကြောင့် အရေပြားယာယံနိုင်ပါတယ်။ တစ်ကိုယ်လုံး ယားယံနေတတ်ပေမယ့် အရေပြားရဲ့ အသွင်အပြင်ကတော့ ပုံမှန်အနေအထားအတိုင်းပဲ ဖြစ်နေနိုင်ပါတယ်။ ကုတ်ရာခြစ် ရာလောက်သာ တွေ့မြင်နိုင်ပါတယ်။

♦ အာရုံကြောပြဿနာ
ရေယုန်ရောဂါ၊ ဆီးချိုရောဂါနဲ့ Multiple Sclerosis လိုမျိုး အာရုံကြောစနစ်ကို ထိခိုက်နိုင်တဲ့ ကျန်းမာရေးအခြေအနေကြောင့်လည်း အရေပြားယားယံတတ်ပါတယ်။

♦ ဆေးဝါးအသုံးပြုခြင်း
ပိုးသတ်ဆေး၊ မှိုသတ်ဆေး ဒါမှမဟုတ် မူးယစ်ဆေးလိုမျိုး ဆေးဝါးတွေနဲ့ ဓာတ် မတည့်မှုဖြစ်တာကြောင့် အဖုအပိမ့်တွေပေါက်ပြီး တစ်ကိုယ်လုံး ယားယံနေတတ် ပါတယ်။

♦ ကိုယ်ဝန်ဆောင်
ကိုယ်ဝန်ဆောင် ၁၀ ယောက်မှာ တစ်ယောက်နှုန်းလောက်က ယားယံတဲ့ပြဿနာ ဖြစ်နေတတ်ပါတယ်။ များသောအားဖြင့် ၀မ်းဗိုက်နဲ့ ပေါင်နေရာတွေမှာ ယားယံတာ ပါ။ နှင်းခူရောဂါလိုမျိုး အရေပြားပြဿနာတွေကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ အခြေ အနေဆိုးရွားနိုင်ပါတယ်။

ယားယံခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုး
..
တစ်ခါတလေမှာ ယားယံတဲ့အချိန်ကာလဟာ ကြာရှည်နိုင်ပါတယ်။ ယားတဲ့နေ ရာကို ပွတ်တာ ဒါမှမဟုတ် ကုတ်ဖဲ့နေရင် ပိုပြီး ယားနေတတ်ပါတယ်။ များများ ယား လေလေ၊ များများကုတ်လေလေနဲ့ ယားတဲ့၊ ကုတ်တဲ့ သံသရာတွေကြောင့် အရေပြား မှာ ထိခိုက်ဒဏ်ရာရတာ၊ ရောဂါပိုးဝင်တာ၊ အမာရွတ်တွေ ဖြစ်လာနိုင်ပါတယ်။

ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
♦ သင့်ယားယံတာဟာ နှစ်ပတ်ထက် ပိုကြာနေပြီး အယားပျောက်ဆေးတွေ၊ အစို ဓာတ်ထိန်းခရင်မ်လိမ်းတာတွေနဲ့ မသက်သာခဲ့ရင်၊
♦ ယားယံတာကြောင့် သင် နေ့စဉ်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်ခဲ့ရင် ဒါမှမ ဟုတ် အိပ်မပျော်ခဲ့ရင်
♦ ရုတ်တရက်ဖြစ်လာပြီး ဘာကြောင့်ဖြစ်လဲဆိုတာကို မသိခဲ့ရင်
♦ တစ်ကိုယ်လုံး ယားယံနေခဲ့ရင်
♦ အလွန်အမင်းမောပန်းတာ၊ ကိုယ်အလေးချိန်ကျဆင်းတာ၊ ဆီး ၀မ်းမမှန်တာ၊ အဖျားရှိတာ၊ အရေပြားနီရဲတာလိုမျိုး ပြဿနာတွေနဲ့အတူ တွဲဖြစ်ခဲ့ရင်

♥ ဒေါက်တာခင်မိုးမိုး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published.