IQ မြင့်မားတဲ့ပုဂ္ဂိုလ်တွေမှာ စိတ် ပိုင်းဆိုင်ရာမူမမှန်မှုတွေဖြစ်ပွားနိုင်ခြေ ပို များနိုင်တယ်လို့ သုတေသနလေ့လာမှု တစ်ရပ်မှာ ဖော်ပြထားခဲ့ပါတယ်။ ကမ္ဘာ ပေါ်မှာ အကြီးမားဆုံးနဲ့သက်တမ်း အ ရှည်ကြာဆုံး IQ မြင့်အဖွဲ့အစည်းဖြစ်တဲ့ အမေရိကန်နိုင်ငံ Mensa Interna-tional organization ဆီက IQ ၈၅ ကနေ ၁၁၅ ထိရှိတဲ့ အဖွဲ့ဝင် ၃၇၁၅ ဦး ရဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက် တွေကိုစုဆောင်းပြီး ဆီယက်တယ်နှင့် ပစိဖိတ်တက္ကသိုလ်က သိပ္ပံသုတေသီ တွေက လေ့လာခဲ့ကြတာဖြစ်ပါတယ်။ လေ့လာမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ အဖွဲ့ဝင် တွေဆီမှာ ကိုယ်စီရှိထားတဲ့ IQ ရမှတ် အဆင့်နဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ တွေကို ဆက်စပ်လေ့လာခဲ့ကြတာဖြစ်ပါ တယ်။ လူသားအသိဉာဏ်စွမ်းရည် ဖွံ့ဖြိုး တာနဲ့အမျှ တခြားသာမန်ဉာဏ်ရည်ရှိသူ တွေထက်ပိုပြီး စိတ်နာမကျန်းဖြစ်နိုင်ခြေ ပိုများတာကို သုတေသီတွေက တွေ့ရှိခဲ့ ကြတာပါ။ သာမန်ဉာဏ်ရည်အဆင့်ရှိသူ တွေမှာ စိတ်မကျန်းမာမှုဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းရှိနေချိန်မှာ ပိုပြီးဉာဏ်ရည် ထက်မြက်သူတွေမှာတော့ ၂၀ ရာခိုင် နှုန်းထိရှိနေခဲ့တယ်လို့ သုတေသီတွေက ဆိုပါတယ်။ စိတ်ကျတာ၊ စိတ်အတက်အ ကျမြန်ရောဂါတို့ဖြစ်လာနိုင်ခြေပိုများနိုင် သလို စိုးရိမ်သောကဖြစ်တာ၊ ပန်းနာရင် ကျပ်နဲ့ ကိုယ်ခံအားစံလွဲရောဂါတွေလည်း ဖြစ်နိုင်ခြေများတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အခြေအနေတွေအလိုက်သိ ရှိလက်ခံတဲ့အချက်အလက်တွေအပေါ် ခွဲခြမ်းစိတ်ဖြာနားလည်နိုင်စွမ်းအား ပို ကောင်းပြီး ပီပြင်ထင်ရှားတဲ့ခံစားချက် တွေက တခြားသာမန်လူတွေထက် ပို များတာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက် မှုတွေ ဖြစ်နိုင်ခြေပိုများတာပါလို့သုတေ သီတွေက ဆိုပါတယ်။
(MN, 12.9.19) သံသာ