ငှက်ပျောသီး၊ အုန်းနို့ ပျားရည် ကွန်ဒီရှင်နာ

 

ခေါင်းလျှော်တိုင်း ကွန်ဒီရှင်နာကို မဖြစ်မနေ သုံးသင့်တယ်လေ။ ဒါကြောင့် ဒီတစ်ပတ်တော့ ကိုယ့်မီးဖိုချောင်မှာ အလွယ်တကူရရှိနိုင်တဲ့ အသီးအနှံနဲ့ သဘာဝကွန်ဒီရှင်နာပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါရစေ။ အချိုးအစားလေး မှတ်ထားရုံနဲ့ ခေါင်းလျှော်တိုင်း လွယ်လင့်တကူ ပြုလုပ်နိုင်တယ်နော်။
….
လိုအပ်တာတွေက
ငှက်ပျောသီး – တစ်လုံး
အုန်းနို့ – စားပွဲဇွန်း နှစ်ဇွန်း
ပျားရည် – စားပွဲဇွန်း နှစ်ဇွန်း
အုန်းဆီ – စားပွဲဇွန်း တစ်ဇွန်းနဲ့တစ်ဝက်

ပြုလုပ်နည်း


♦ ငှက်ပျောသီးကို အခွံခွာပြီး အပိုင်းပိုင်းလှီးပါ။
♦ ပန်းကန်လုံးတစ်လုံးထဲမှာ ငှက်ပျောသီးပိုင်းတွေကို ထည့်ပါ။
♦ အဲဒီထဲကို အုန်းနို့ စားပွဲဇွန်း နှစ်ဇွန်းစာကို ထည့်ပါ။
♦ ပြီးရင် ပျားရည် စားပွဲဇွန်းနှစ်ဇွန်းစာကို ထပ်ပေါင်းထည့်ပါ။
♦ နောက် အုန်းဆီ စားပွဲဇွန်းတစ်ဇွန်းနဲ့တစ်ဝက်စာကို ထည့်ပြီး သမအောင် မွှေလိုက်ပါ။
♦ သမထားတာတွေကို ကြိတ်စက်ထဲထည့်ပြီး ကြိတ်ပါ။
အခုဆိုရင် သဘာဝကွန်ဒီရှင်နာရပါပြီ။

Tips!


♦ ခေါင်းလျှော်ပြီးတာနဲ့ ကွန်ဒီရှင်နာကို ဆံပင်အနှံ့ လိမ်းပါ။
♦ ခေါင်းကို မိနစ်အနည်းငယ်ခန့် ညင်သာစွာ နှိပ်နယ်ပြီးနောက် ပလတ်စတစ် ဒါမှမဟုတ် shower cap အုပ်ထားပါ။
♦ မိနစ် ၃၀ ကနေ ၂ နာရီအကြာ ထားပြီးနောက် သင် ပုံမှန်လျှော်နေကျခေါင်းလျှော်ရည်နဲ့ ကြက်သီးနွေးရေကို အသုံးပြုကာ ခေါင်းလျှော်ချလိုက်ပါ။
♦ တစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးပါ။
♦ ဆံပင်တွေကို ခြောက်အောင် သုတ်ပြီးတဲ့အခါမှာတော့ သင့်ဆံသားတွေ နက်မှောင်တောက်ပြောင်နေတာကို တွေ့ရပါလိမ့်မယ်။

♥ ဆူးမြာ ♥

Translate from : pinterest.com

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *