ငှက်ပျောသီးကို အလှအပအတွက် ဘယ်လိုသုံးမလဲ

ငှက်ပျောသီးမှာ အရေပြား အ တွက် ကောင်းမွန်စေတဲ့ ဗီ တာမင် C နဲ့ ဗီတာမင် B6 တွေအပြင် ဓာတ်တိုးမှုကို ဆန့်ကျင်ပေးမယ့် အင်တီ အောက်ဆီးဒင့်နဲ့ မဂ္ဂနိစ်တွေလည်း များ စွာပါဝင်လို့ အလှအပအတွက် အကျိုးရှိ ရှိသုံးနိုင်ပါတယ်။

အရေပြားအစိုဓာတ် ထိန်းပေးရန်
ငှက်ပျောသီးကအစိုဓာတ်ကို ထိန်း ပေးနိုင်လို့ သဘာဝအစိုဓာတ်ထိန်း ခရင်မ်အဖြစ် အသုံးပြုနိုင်ပါတယ်။ ငှက် ပျောသီးမှာ ဗီတာမင် A  ပါဝင်ပြီး အစို ဓာတ်ထိန်းပေးရုံသာမကဘဲ အသားအ ရေပျက်စီးမှုကိုလည်း ပြန်လည်ပြုပြင် ပေးပါတယ်။ ငှက်ပျောသီးမှည့်ကို ခြေ ပြီး မျက်လုံးတစ်ဝိုက်ချန်ပြီး မျက်နှာပြင် အနှံ့ခပ်ထူထူလိမ်းပေးပါ။ ၂၀-၂၅ မိနစ် ထားပြီးမှ ကြက်သီးနွေးရေနဲ့ သန့်စင် ဆေးကြောပါ။ အသားအရေ နူးညံ့စို ပြည်စေပါတယ်။ အသားအရေ အလွန် အမင်းခြောက်သွေ့နေပါက ငှက်ပျော သီးမှည့်ကို ပျားရည်နဲ့ရောမွှေပြီးမှ မျက် နှာပြင်အနှံ့ လိမ်းပါ။ မျက်နှာပေါ်က အမည်းစက်တွေကိုပါ ဖယ်ရှားနိုင်ပါတယ်။ နောက်တစ်နည်းအနေနဲ့ ငှက်ပျောသီး မှည့်တစ်ဝက်နဲ့ ဒိန်ချဉ်၊ ဗီတာမင် E တို့ ကို လက်ဖက်စားဇွန်းတစ်ဇွန်းစီထည့်ပြီး မွှေပါ။ မျက်နှာပြင်အနှံ့လိမ်းပြီး ၃၀ မိနစ် ထားပြီးမှ ရေနဲ့သန့်စင်ပါ။

အသားအရေ ကြည်လင်လှပစေရန်
ငှက်ပျောသီးထဲမှာ ဗီတာမင် C ပါ ၀င်ပြီး အရွယ်တင်နုပျိုစေပါတယ်။ ငှက် ပျောသီးမှည့်တစ်ဝက်ကို စန္ဒကူးမှုန့် လက်ဖက်စား ဇွန်းတစ်ဇွန်း၊ ပျားရည်လက် ဖက်စားဇွန်းတစ်ဝက်တို့နဲ့ ရောမွှေပြီး မျက်နှာပြင်အနှံ့လိမ်းပါ။ ၂၀-၂၅ မိနစ် ထားပြီးမှ ကြက်သီးနွေးရေနဲ့ သန့်စင် ဆေးကြောပါ။ မျက်နှာအဆီပြန်ပါက စန္ဒ ကူးမှုန့်ပါရောထည့်ပြီး မျက်နှာပေါင်း တင်ပေးပါ။

ကြေးချွတ်ပေးရန်
ငှက်ပျောသီးမှာ အင်တီအောက်ဆီး ဒင့်တွေ များစွာပါဝင်လို့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဆဲလ်အသစ် ဖြစ်ပေါ်မှုကိုလည်း အားပေးပါတယ်။

နည်းလမ်း(၁) ။ ။ ငှက်ပျောသီးမှည့်ကို သကြား ထမင်းစားဇွန်း တစ်ဇွန်းနဲ့ရောပြီး မျက်နှာပြင်အနှံ့ စက်ဝိုင်းပုံစံ ပွတ်လိမ်း ပေးပါ။ ငှက်ပျောသီးက ခြောက်သွေ့နေ တဲ့ အရေပြားကို စိုပြည်စေပြီး ဆဲလ်သေ တွေကိုလည်း ဖယ်ရှားပေးပါတယ်။

နည်းလမ်း(၂) ။ ။ ငှက်ပျောသီးမှည့်ကို အုတ်ဂျုံ ထမင်းစားဇွန်း ၂-၃ ဇွန်း၊ ပျား ရည် ထမင်းစားဇွန်း တစ်ဇွန်း၊ နို့ ထမင်း စားဇွန်းတစ်ဇွန်းတို့နဲ့ ရောပြီး မျက်နှာပြင် အနှံ့ပွတ်လိမ်းပေးပါ။ ၅ မိနစ်ထားပြီးမှ ရေအေးနဲ့သန့်စင်ပေးပါ။

နည်းလမ်း(၃) ။ ။ ငှက် ပျောသီးမှည့် တစ်ဝက်ကို အုန်းနို့ထမင်းစားဇွန်း တစ် ဇွန်း၊ ဆန်ထမင်းစားဇွန်းနှစ် ဇွန်းတို့နဲ့ရောပြီး စက်ထဲထည့် မွှေပါ။ ရလာတဲ့ခပ်ပျစ်ပျစ် အ ရည်ကို မျက်နှာပေါ် ညင်သာစွာ ပွတ်လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးမှ ရေအေးနဲ့ သန့်စင်ပေးပါ။

နည်းလမ်း(၄) ။ ။ ငှက်ပျောသီးမှည့်နှစ် လုံးနဲ့စတော်ဘယ်ရီသီး ၄-၅လုံးကို စက် ထဲထည့်မွှေပြီး သကြားလက်ဖက်စားဇွန်း ၃ ဇွန်းနဲ့ရောကာ ခန္ဓာကိုယ်အနှံ့ပွတ်လိမ်း ပေးပါ။ ပြီးမှ ရေချိုးပါ။

အရွယ်တင်နုပျိုစေဖို့
ငှက်ပျောသီးထဲက အာဟာရဓာတ် တွေက မျက်နှာပေါ်က အရေးကြောင်း တွေကို ဖယ်ရှားပေးပြီး အသားအရေ နူးညံ့စိုပြည်စေပါတယ်။ အရွယ်တင်နုပျို စေဖို့ ငှက်ပျောသီးမှည့်ကို ထောပတ်သီး မှည့်နဲ့ ရောမွှေပြီး မျက်နှာပြင်အနှံ့ လိမ်း ပေးပါ။ ၂၅ မိနစ်ထားပြီးမှ ရေနဲ့သန့်စင် ပေးပါ။ အရေးကြောင်းဖြစ်စေတဲ့ ဓာတ် တိုးပစ္စည်းတွေကို တိုက်ထုတ်ပေးပြီး အ သားအရေကိုပြန်လည်ပြုပြင်ပေးပါတယ်။ နောက်တစ်နည်းအနေနဲ့ ငှက်ပျောသီး မှည့်လေးပုံတစ်ပုံကို နှင်းဆီပွင့်ဖတ်ရည် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ရောပြီး ခပ် ပျစ်ပျစ်ရအောင်မွှေပါ။ မျက်နှာနဲ့ လည် ပင်းကိုလိမ်းပြီး နာရီဝက်ထားပြီးမှ ရေ အေးနဲ့ သန့်စင်ပါ။

ခြေဖနောင့်ကွဲခြင်း သက်သာစေရန်
ငှက်ပျောသီးက အစိုဓာတ်ကို ထိန်း ပေးလို့ ခြေဖနောင့်အက်ကွဲတာကို သက် သာစေနိုင်ပါတယ်။ ငှက်ပျောသီးမှည့်နှစ် လုံးကိုခြေပြီး သန့်စင်ထားတဲ့ ခြေဖ၀ါးနဲ့ ခြေဖနောင့်ပေါ်လိမ်းပေးပါ။ ၁၀ မိနစ် ထားပြီးမှ ရေနဲ့ သန့်စင်ပေးပါ။

ဆံသားတောက်ပြောင်စေရန်
ငှက်ပျောသီးမှည့်ကို သံလွင်ဆီခွက် တစ်ဝက်စာ၊ ကြက်ဥအကာတစ်လုံးတို့ကို ရောမွှေပါ။ ခဏလောက်ထားပြီးမှ ဆံ သားအနှံ့ လိမ်းပါ။ ၁၅ မိနစ်ထားပြီးမှ လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပါ။

ဆံသား ပျော့ပျောင်းစေရန်
ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ သ ဘာဝအဆီ၊ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင် တွေပါဝင်လို့ ဆံပင်ကို အားဖြည့်ပေးပါ တယ်။ ငှက်ပျောသီးမှည့်ကို ထောပတ် သီး၊ အုန်းနို့တို့နဲ့ ရော ပြီး ဆံသားအနှံ့လိမ်း ပေးပါ။ ၁၅-၂၀ မိနစ် ထားပြီးမှ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော် ပေးပါ။ ပျက်စီးနေတဲ့ ဆံသားတွေကို ပြုပြင်ပေးပြီး ဆံသားနူးညံ့ ပျော့ပျောင်း စေပါတယ်။

မျက်လုံးဖောင်းအစ်ခြင်းမဖြစ်စေရန်
မျက်လုံးတစ်ဝိုက် ဖောင်းအစ်တာ အတွက် ငှက်ပျောသီးမှည့်ကိုခြေပြီးကပ် ထားပါ။ ၁၅-၂၀ မိနစ်ထားပြီးမှ ရေ အေးနဲ့သန့်စင်ဆေးကြောပါ။ ငှက်ပျော သီးမှာပိုတက်စီယမ်ကြွယ်ဝလို့ မျက်ဝန်း တစ်ဝိုက်က ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ရှားပေးလို့ ဖောင်းအစ်တာကို သက် သာစေပါတယ်။ ငှက်ပျောသီးအခွံကို ကြိတ်ခြေပြီးလည်း အသုံးပြုနိုင်ပါတယ်။

ဆံပင်ကျွတ်ခြင်း သက်သာစေရန်
ငှက်ပျောသီးအမှည့်တစ်လုံးကို ဒိန် ချဉ်နဲ့ရောပြီး ဆံသားအနှံ့လိမ်းပေးပါ။ ၁၅-၂၀ မိနစ်ထားပြီးမှ ရေအေးနဲ့ သန့် စင်ပေးပါ။

ဆံသားခြောက်သွေ့ခြင်းမဖြစ်စေရန်
ငှက်ပျောသီးမှည့်တစ်လုံးကို ပျား ရည်ထမင်းစားဇွန်း သုံးဇွန်းနဲ့ရောမွှေပြီး ဆံသားအနှံ့ လိမ်းပေးပါ။ ၁၅-၂၀ မိနစ် ထားပြီးမှ လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပါ။

ဆံသားပျက်စီးခြင်းမှ ကာကွယ်ရန်
ငှက်ပျောသီးကို ဗာဒံစေ့ဆီနဲ့ရော ပြီး ဆံသားအနှံ့ လိမ်းပေးပါ။ ၁၀-၁၅ မိနစ်ထားပြီးမှ လျှော်နေကျခေါင်းလျှော် ရည်နဲ့လျှော်ပါ။

◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *