သင့်လက်ကိုင်ဖုန်းကို အိမ်သာထဲထိ ယူသုံးနေပါသလား

အိမ်ထဲမှာ အနေများရတဲ့ ကာလမို့ လူတိုင်းနီးပါး အရင်ကထက် လက်ကိုင်ဖုန်းကတစ် ဆင့် သတင်းဖတ်တာ၊ ဖေ့စ်ဘွတ်ကြည့် တာ၊ ပိုစ့်တင်တာ၊chat လုပ်တာ၊ ရုပ်ရှင် ကြည့်တာ၊ ဂိမ်းဆော့တာတွေကို ပြုလုပ် လာကြတာကြောင့် ဖုန်းစွဲလုနီးပါး ဖြစ်နေကြပါပြီ။

ဖုန်းစွဲနေတာကြောင့် အိမ်သာသွားတဲ့ အချိန်မှာတောင် ဖုန်းကိုယူသွားပြီး အသုံးပြုသူ ဖြစ်နေရင် အောက်ပါ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

#ဘက်တီးရီးယားပိုးကူးစက်နိုင်ခြင်း
မကြာခင်က ပြုလုပ်ထားတဲ့ လေ့လာမှုအရ လက်ကိုင်ဖုန်းတွေက အိမ်သာအိုးထက် ပိုပြီး ညစ်ပတ်တယ်လို့ သိရပါတယ်။အိမ်သာသွားအပြီး အိမ်သာအိုးအဖုံးကို မပိတ်ပဲ ရေဆွဲချခဲ့ရင်လည်း အိမ်သာထဲက ရောဂါပိုးတွေက လက်ကိုင်ဖုန်းပေါ်မှာ ကပ်တွယ် နိုင်ပါတယ်။လက်ကိုင်ဖုန်းကတစ်ဆင့် E.coli ဘက်တီးရီးယားပိုး ကူးစက်နိုင်ကာ အထက်လှန်အောက်လျော လိုမျိုး အူပြဿနာတွေဖြစ်နိုင်ပါတယ်။

#လိပ်ခေါင်းထွက်နိုင်ခြေများခြင်း
ဖေ့စ်ဘွတ်ကြည့် ဒါမှမဟုတ် ဂိမ်းဆော့နေတာ မပြီးမချင်း အိမ်သာအိုးပေါ်မှာထိုင်နေတာကြောင့် စအိုပေါ် ဖိအားသက်ရောက်မှု များတဲ့ အတွက် လိပ်ခေါင်းထွက်လာနိုင်ပါတယ်။

#စဉ်းစားတွေးခေါ်နိုင်စွမ်းလျော့နည်းခြင်း
လက်ကိုင်ဖုန်းတွေက သင်ရဲ့အာရုံစူးစိုက်မှုနဲ့ တွေးခေါ်နိုင်စွမ်းတွေကို အနှောင့်အယှက် ပေးနိုင်တာမို့ ပြဿနာ ဖြစ်နိုင်တဲ့အလုပ်တွေကို ဖြေရှင်းနိုင်စွမ်းအား လျော့ကျသွားတဲ့အတွက် တစ်ခါတစ်လေမှာ ဖုန်းပိတ် ထားပြီး ဦးနှောက် ကို အနားပေးထားဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဖုန်းကို အိမ်သာထဲအထိ ယူသုံးသူတွေက ဦးနှောက်ကို အနားပေးချိန် ဆုံးရှုံးသွားပါတယ်။

#တင်ပါးဆုံကွင်းကြွက်သားအားနည်းခြင်း
ဒီကြွက်သားတွေက အိမ်သာအိုးပေါ်မှာ အကြာကြီးထိုင်ပြီး ဖုန်းကို ကုန်းကြည့် နေတာကြောင့် အားနည်းလာပြီး သားအိမ်၊ ဆီးအိတ်နဲ့ အူ ကြတာ ဖြစ်လာနိုင်ပါတယ်။

#ဖုန်းစွဲလမ်းမှုပိုများလာခြင်း
လက်ကိုင်ဖုန်းကိုအသုံးပြုနေတာက တစ်ကမ္ဘာလုံးနဲ့ အဆက်အသွယ် မပြတ်တော့ပေမယ့် တစ်ချိန်လုံးသုံးနေတာကြောင့် စွဲလမ်းမှုတွေ ပိုမို ဖြစ်ပေါ်လာပြီး မိမိနေထိုင်ရာပတ်ဝန်းကျင်က လူတွေနဲ့ အဆက်အသွယ် ပြတ်သွား နိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal