ခြင်ကိုက်ဖုများအတွက် သဘာဝခရင်မ်

ဒီရာသီမှာ ဘယ်လိုပဲခြင်ဆေးတွေထွန်းထွန်း၊ ခြင်နိုင်ဆေးတွေ ဘယ်လောက်ပဲဖျန်းဖျန်း ခြင်ကတော့ ကိုက်ခံရတာပါပဲ။ ဒီလိုခြင်ကိုက်ခံရလို့ အဖုအပိမ့်တွေထွက်ပြီး ယားယံတာက ခံရသိပ်ဆိုးပါတယ်။ ဒီတော့ ခြင်ကိုက်လို့ အဖုအပိမ့်တွေ ထွက်လာတာ၊ ယားယံတာကို သက်သာစေမယ့် Bentonite Clay ခြင်ကိုက်ဖုလိမ်းခရင်မ်လေးကို ဖော်ပြပေးလိုက်ပါတယ်။


လိုအပ်တာတွေက …
♦ Bentonite Clay
♦ Lavender Essential Oil
♦ Frankincense Essential Oil
♦ အုန်းဆီ ဒါမှမဟုတ် ရှားစောင်းလက်ပပ်အနှစ်

ပြုလုပ်နည်း
♦ ပန်းကန်လုံးအသေးတစ်လုံးထဲမှာ Bentonite Clay ထမင်းစားဇွန်းတစ်ဇွန်းနဲ့ Lavender Essential Oil အစက်အနည်းငယ်ခန့်ထည့်ပါ။
♦ ဇွန်းကို အသုံးပြုပြီး ဖြည်းညင်းစွာ မွှေပါ။
♦ အဲဒီထဲကို အုန်းဆီ ဒါမှမဟုတ် ရှားစောင်းလက်ပပ်အနှစ်ကို အလုံအလောက်ထည့်ပြီး သေချာသမအောင် မွှေပါ။
♦ ပျစ်နှစ်နေအောင် မွှေပြီးတဲ့နောက် ဖန်ပုလင်းတစ်ခုထဲ ထည့်ပြီး သိမ်းဆည်းပါ။

Tips!
♦ ခြင်ကိုက်တဲ့နေရာကို မလိမ်းခင်မှာ သင့်လက်ကို ဆပ်ပြာနဲ့ သေချာအောင် ဆေးကြောပါ။
♦ ပြီးရင် အဲဒီအနှစ်ကို ယူပြီး ခြင်ကိုက်တဲ့နေရာကို လိမ်းပါ။
♦ ခြောက်အောင် ထားပြီးတဲ့နောက် အ၀တ်သန့်သန့်တစ်ခုမှာ ရေနွေးအနည်းငယ်ဆွတ်ပြီး အဲဒီနေရာကို ညင်သာစွာ ပွတ်သုတ်ပေးပါ။
♦ ခြင်ကိုက်ဖုမပျောက်မချင်း လိုအပ်သလို အသုံးပြုပါ။

◘ ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *