ချိုင်းနံ့ပြင်းလို့ စိတ်ညစ်နေလား

ချိုင်းအရေပြားနဲ့ ပတ်သက်တဲ့ ပြဿနာတချို့ကို ကြုံတွေ့ရသူတွေရှိပါ တယ်။ အထူးသဖြင့် ချိုင်းနံ့ပြင်းတာက လူအများကို စိတ်ကသိကအောက်ဖြစ် စေသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံ ကြည်မှုအားနည်းစေပါတယ်။ ဒါကြောင့် ချိုင်းအရေပြားကို သေချာဂရုစိုက်နိုင် မယ့် နည်းလမ်းတွေကို စုစည်းပေးလိုက် ပါတယ်။

ဘာကြောင့်ချွေးနံ့ နံတာလဲ

တချို့လူတွေမှာ ချိုင်းချွေးနံ့မရှိသ လောက်ကို အနံ့မရတတ်ပါဘူး၊ တချို့ ကျတော့လည်း အစားအသောက်၊ မှီဝဲ နေရတဲ့ဆေးဝါးတွေကြောင့် ချွေးနံ့ နံ တာမျိုးဖြစ်တတ်ပါတယ်။ ချွေးထွက် တာကတော့ လူတိုင်းမှာ ဖြစ်နေတာပဲမို့ ပုံမှန်ပါပဲ။ ချွေးထွက်လာတဲ့အခါ အရေ ပြားပေါ်က ဗက်တီးရီးယားတွေနဲ့ ထိ တွေ့တဲ့အခါ အနံ့ဆိုးထွက်လာတာပါ။ တချို့လူတွေမှာ ခြေဖဝါး၊ လက်ဖဝါးနဲ့ ချိုင်းမှာ ချွေးထွက်သန်တာမျိုး ရှိတတ် ပါတယ်။

ဘယ်လို ဂရုစိုက်မလဲ

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရု စိုက်ပါ၊ ချိုင်းအရေပြားက တခြားအရေ ပြားတွေလိုပဲ Scrub လုပ်ပေးဖို့ လိုပါတယ်။ အနည်းဆုံးနှစ်ပတ်တစ်ကြိမ် Scrub လုပ်ပေးပါ။

ချိုင်းချွေးနံ့မရှိအောင် ချိုင်းချွေးနံ့ ပျောက်ဆေး(Deodorant or Anti­per­s­pirant) ကိုရေချိုးပြီးတိုင်းအသုံးပြုပါ။

ကျောက်ချဉ်ကတော့ ဟိုးအရင်ကတည်းက လူ ကြီးတွေသုံးခဲ့တာဆိုတော့ ဒီနည်းကလည်း အသုံးတည့် ပါတယ်။

ဗက်တီးရီးယားတွေ ခိုအောင်းတာ နည်းအောင် အမွေးအမှင်တွေ ဖယ်ရှား ပါ။ ဖယ်ရှားတဲ့အခါ Shaving ပဲဖြစ်ဖြစ် Waxing ပဲဖြစ်ဖြစ် Hair Removal Cream သုံးတာပဲဖြစ်ဖြစ် Ingrown Hair လို့ခေါ်တဲ့ အမွေးအမှင်က အရေ ပြားထဲပြန်ဝင်တာမျိုး ဖြစ်တတ်ပါတယ်။

Ingrown Hair မဖြစ်အောင်ဆို ရင် ရေနွေးနွေးလေးအသုံးပြုပြီး အရေ ပြားကို သေချာ Scrub လုပ်ပါ၊ Shaving Cream အသုံးပြုပါ၊ Razor Burns မဖြစ်အောင် အရေပြားနဲ့အရမ်းကပ်ပြီး မရိတ်ပါနဲ့။

အမွေးအမှင်တွေ လုံးဝမရှိချင်ရင် တော့ Laser Treatment အသုံးပြုပြီး အမွေးအမှင်ဖယ်ရှားတာမျိုး လုပ်နိုင်ပါ တယ်။ Laser Treatment ခံယူမယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့သူဖြစ်ဖို့လိုပါတယ်။ Laser Treatment လုပ်ရင်း အရေပြားလောင်သွားတာမျိုး ဖြစ်တတ် လို့ပါ။

ပွပွချောင်ချောင်အဝတ်တွေကို ဝတ်ဆင်ပါ၊ အရမ်းကျပ်တဲ့အဝတ်တွေ က အရေပြားမှာ ပွတ်တိုက်မှုများစေပြီး ချွေးပိုထွက်စေလို့ပါ။

Darliko

Post Author: Good Health Journal