Jeans ဖက်ရှင်

Jeans ဆိုတဲ့ စကားအသုံးအနှုန်း ကို ၁၇၉၅ ခုနစ်က စတင်သတ်မှတ်ခဲ့တာ ဖြစ်ပြီး ဂျင်းဖက်ရှင်ဟာဆိုရင် ၁၉၅၀ ခုနစ် ကတည်းက ဆယ်ကျော်သက်တွေကြားမှာ ခေတ်စားလာခဲ့တာ ဖြစ်ပါတယ်။ Western ဘက်မှာ သတ္တုတွင်းတူးဖော် သူတွေအတွက် denim overalls တွေ ခေတ်စားလာပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူတွေနဲ့ cowboys တွေ ကြားမှာလည်း ဂျင်းဝတ်စုံတွေ ခေတ်စားခဲ့ပါတယ်။

Jeans Trend
 ခေတ်အလိုက် ခေတ်အကြိုက် ဂျင်းဒီဇိုင်းမျိုးစုံ ထုတ်လုပ်ခဲ့ကြပြီး ယနေ့ အထိကျယ်ကျယ်ပြန့်ပြန့် ဝတ်ဆင်နေကြဆဲဖြစ်ပါတယ်။
 ဈေးနှုန်းအလိုက် ဂျင်းအသားမျိုး စုံရှိပြီး ရိုးရာဓလေ့ အရကတော့ ဂျင်းအထည်တွေကို မဲနယ်ပြာရောင် ဆိုးဆေး ဆိုးကြတာဖြစ်ပါတယ်။
♥ ဒီနေ့ခေတ်မှာတော့ ဂျင်းဝတ်စုံ ရောင်စုံတွေလည်း ရှိနေပြီ ဖြစ်ပါတယ်။
♥ တီရှပ်လေးနဲ့ ဂျင်းဘောင်းဘီ ဆိုရင်လည်း ထသွား၊ လာသွား တင့်တယ်သလို၊ ကော်လာရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီကလည်း ပွဲတိုးလေ့ရှိပါတယ်။
♥ သင်နဲ့ fit ဖြစ်မယ့် ဂျင်းဘောင်းဘီ တစ်ထည်ရှာ ဝယ်ရတာကလည်း မလွယ် ကူတာကို လူအတော်များများ ကြုံဖူး ပါလိမ့်မယ်။
♥ ဒါကြောင့် ဂျင်းဘောင်းဘီ ဝယ်မယ်ဆိုရင် Fitting Room က အဓိက လိုအပ်လာပြီး အနည်းဆုံး လေးစုံလောက်ကတော့ Try ကြည့်ရနိုင်ပါ တယ်။
♥ ယဘုယျအားဖြင့် အမျိုးသမီးတစ်ယောက် ဂျင်းဘောင်းဘီ တစ်ထည်ရဖို့ အစုံနှစ်ဆယ်လောက် ဝတ်ကြည့်ရတယ်လို့ အမေရိက TLC TV channel တစ်ခုက ပြောသွားခဲ့ပါတယ်။

ဂျင်းဘောင်းဘီဝယ်မယ်ဆိုရင် –
 ပထမဆုံး အရေးကြီးတဲ့အချက်ကတော့ လေဘယ်မှာ ကပ်ထားတဲ့ စာတွေကို အဓိက မကြည့်ဘဲ သင်နဲ့တစ်ကယ် Fit ဖြစ်မယ့် ဂျင်းဘောင်းဘီကို ရှာပါ။
 သင့်ခန္ဓာကိုယ်ရဲ့ အချိုးအစားကိုလည်း အရင်တိုင်းတာထားပါ။
 သင်က Medium Size ဝတ်သူဆိုရင် နောက်အမှတ် တံဆိပ်တစ်မျိုးက ထုတ်တဲ့ ဂျင်းဘောင်းဘီမှာလည်း Medium Size ပဲ ဒီတိုင်း ကောက်ဝယ်လို့ မရပါဘူး။
 မဝတ်ကြည့်ဘဲ ဘောင်းဘီခါးကနေ လည်ပင်းကို ပတ်ကြည့်ပြီး ခါးအစွန်း နှစ်ဖက်က ထိရင်လည်း သင်နဲ့ တော်တယ်လို့ ခန့်မှန်းတတ်ကြပါတယ်။
 တစ်ကမ္ဘာလုံးက လူတွေအတွက် အဝတ်အထည်ဆိုဒ်တွေက ပုံသေ သတ်မှတ်ထားတာမျိုး မရှိတဲ့အတွက် ဘယ် အဝတ်မဆို မဝယ်ခင်မှာ Size တစ်ခုတည်း မကြည့်ဘဲ သေချာဝတ်ကြည့်ဖို့ လိုပါတယ်။
 ဂျင်းဘောင်းဘီဝယ်တဲ့အခါမှာလည်း ဥပမာ – သင်က Size ၃၄ ဝတ်သူဆိုရင် Size ၃၃ ရော၊ ၃၅ ရော တစ်ခါတည်း Fitting Room ထဲ ယူသွားပြီး စမ်းဝတ်ကြည့်ပါ။
 ဂျင်းဘောင်းဘီက ဆွဲသားဂျင်းမျိုး ဖြစ်မယ်ဆိုရင် သင့်ခြေထောက်နဲ့ ကွက်တိ ကပ်နေမယ့် Size ကို ရွေးပါ။
 ခြေထောက်ကို အကွေး၊ အဆန့်၊ အထိုင်၊ အထ လုပ်ကြည့်ပါ။ ကွေးလို့ ဆန့်လို့ မရအောင် ခက်ခဲနေရင် Size အရမ်း သေးနေလို့ပါ။
 ဘောင်းဘီခါးထဲကို လက်နှစ်ချောင်းလောက်ဆံ့အောင် ထည့်နိုင်ရင် ခါးက အတော်ပဲဖြစ်ပါတယ်။ လက်ငါးချောင်းလုံး ဆံ့တယ်ဆိုရင် Size ကြီးနေပြီး လက်ချောင်း တစ်ချောင်းတောင် ထည့်လို့ မဆံ့ရင်တော့ Size သေးနေလို့ ဖြစ်ပါတယ်။
 သင့်ခြေတံတွေ ပိုပြီး ရှည်တဲ့အသွင် ဖြစ်စေချင်ရင်တော့ အရောင်ရင့်တဲ့ ဂျင်းဘောင်းဘီရှည်ကို ရွေးဝယ်ပါ။
 Skinny Jeans ဖြစ်ရင်တော့ သင်ရဲ့ ခြေမျက်စိထိ ရှည်ရင် ရပါပြီ။

ဘယ်လိုထိန်းသိမ်းမလဲ
 ဂျင်းဘောင်းဘီတွေမှာ ရေလျှော်ပြီး ပိုကျယ်သွားတာရှိတတ်သလို၊ ပိုကျုံ့သွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါတွေက ဂျင်းအထည် ပြုလုပ်ထားတဲ့ အသားနဲ့ လျှော်ဖွပ်တဲ့အကြိမ်ရေ၊ ဝတ်တဲ့ အကြိမ်ရေပေါ် မူတည်ပါတယ်။  ဂျင်းအထည်တွေ တာရှည်ခံဖို့ဆိုရင် အဓိက ကတော့ တတ်နိုင်သလောက် မလျှော်ဘဲထားပြီး လိုအပ်မှသာ လျှော်ဖို့ ဖြစ်ပါတယ်။ ဒါက ဂျင်းတွေရဲ့ အရောင် နဲ့ 3D-effects တွေကို တာရှည်ခံစေဖို့ ဖြစ်ပါတယ်။
 တချို့ဂျင်းဘောင်းဘီတွေက တန်ဆာဆင်မွန်းမံထားတာတွေပါတာများတယ် ဆိုရင် ထုတ်လုပ်သူက မှာကြားထားတဲ့ လေဘယ်ကို သေချာဖတ်ပြီး ဘယ်လို လျှော်ရမယ်၊ ဘယ်လို ထိန်းသိမ်းရမယ် ဆိုတာကို အတိအကျ လိုက်နာမှ ကြာကြာ အဝတ်ခံမှာ ဖြစ်ပါတယ်။
 အချိန်ပေးနိုင်မယ်ဆိုရင် ဂျင်းအဝတ်အထည်တွေကို ဆပ်ပြာမှုန့်အပျော့စား (Baby Laundry Care) တွေသုံးပြီး လက်နဲ့ လျှော်တာ အကောင်း ဆုံးဖြစ်ပါ တယ်။
 အရောင်ဖျော့တဲ့ ဂျင်းအထည်တွေကို ဘယ်တော့မှ အရောင်ရင့်တဲ့ ဂျင်းအဝတ်တွေနဲ့ ရောမလျှော်ပါနဲ့။
 အဝတ်လျှော်စက်ထဲ ထည့်လျှော်မယ်ဆိုရင်လည်း တစ်ခါလျှော်ရင် အများဆုံး ဂျင်းလေးထည်ပဲ စက်ထဲကို ထည့်ပါ။ ဒါက အဝတ် အချင်းချင်းပွတ်တိုက်မှုနဲ့ အဝတ်လျှော်စက်အပေါ် ဒဏ်ပိမှုကို သက်သာစေပါတယ်။
 အဝတ်လျှော်စက်ထဲ ထည့်မလျှော်ခင် ဂျင်းဘောင်းဘီတွေကို အတွင်း၊ အပြင် (inside-out) အရင် ပြောင်းပြန်လှန်ပြီးမှ ထည့်လျှော်ပါ။ ဒါက ဂျင်းဘောင်းဘီတွေရဲ့ မျက်နှာပြင် အသား ပွတ်တိုက်မှုဖြစ်ပြီး ဆေးအရောင် ကျွတ်တာကိုလည်း လျော့နည်းစေပါတယ်။

♥ #Darliko (Mahidol University) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *