မြန်မာတွေ ဘာလို့ ပုညှက်နေတာလဲ

အာဟာရဖွံ့ဖြိုးရေးက ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။
အာဟာရဖွံ့ဖြိုးရေးက တိုင်းပြည် တစ်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ စက်ဝိုင်း တစ်ခုလိုပဲ ဆိုင်နေပါတယ်။ ဘဲဥအစ ရှာမရဖြစ်နေရင်တောင် ဘယ်ကပြန်စမ လဲ၊ ဒီနေ့က ပြန်စကြမယ်ဆိုပြီး ၂၀၁၈ သြဂုတ်တစ်လလုံးမှာ လုပ်မယ့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ်္တပတ်တွေက စပြီး ရှေ့ ဆက်ကြည့်ရအောင်၊ တဖြည်းဖြည်းတိုး လာတဲ့ အာဟာရဖွံ့ဖြိုးမှုကို တိုင်းသူပြည် သားတွေက ရသွားမယ်ဆိုရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု ဘယ်လိုဖြစ်မလဲဆိုတာ၊ ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်း လုပ်လို့မရဘူး၊ ပညာရေးဝန်ကြီးဌာန တစ်ခုတည်း လုပ်လို့မရဘူး၊ အစိုးရတစ် ရပ်တည်းကလည်း လုပ်လို့မရဘူး၊ ပါတီ တွေတစ်ခုချင်းစီက လျှောက်လုပ်လို့ လည်းမရဘူး၊ CSO တစ်ယောက်ချင်း လည်း လုပ်လို့မရဘူး၊ IGO/NGO တစ်ခုတည်းကလည်း လုပ်လို့ မရဘူး။ အားလုံးသွားနေတဲ့အပြင် ပြည်သူလူထု ပူးပေါင်းပါဝင်မှ ရမှာပါ။

အာဟာရဖွံ့ဖြိုးဖို့ ပြည်သူလူထုရဲ့ ကျန်း မာရေးအသိက ဘယ်လောက်အထိ အရေးပါပါသလဲ။
ပြည်သူလူထုရဲ့ ကျန်းမာရေးအသိ ပညာမြှင့်တင်ဖို့ အရမ်းကို လိုအပ်လာပါ တယ်။ သိသလိုပဲ အချိန်တန်တော့ ထမင်းတွေပဲ စားသွားတယ်၊ သူ့ကလေး က ထမင်းစားတယ်လို့ ပြောတယ်၊ အဲဒီ ကနေ တစ်ခုပဲရတယ်ဆိုတာ သူတို့သိပြီး ဆီလေး၊ ဆားလေးတော့ထည့်မှ၊ ဆား ဆိုရင်လည်း အိုင်အိုဒင်း ဆားထည့်မှဆို တဲ့အသိလေး တစ်စတစ်စ ၀င်သွားဖို့၊ တချို့က သိတော့သိတယ်၊ ဆင်းရဲနေတာ ကိုး၊ ဒါပေမဲ့ ဆင်းရဲတဲ့ကြားကပဲ ဒီအသိ က ပြောနေလို့ရှိရင် တစ်ကျပ်နဲ့ စားနိုင်တဲ့ အာဟာရဖြစ်တဲ့မုန့်နဲ့ ငါးကျပ်နဲ့ စားနိုင်တဲ့ အာဟာရဖြစ်တဲ့မုန့်ဆို ပြီးသွားတာပေါ့။ တကယ်လို့ အဲဒီအသိမရှိခဲ့ရင် ၅၀၀ တန် စားစား၊ ၅၀၀၀ တန် စားစား၊ အာဟာရ မဖြစ်တာ စားမိသွားနိုင်ပါတယ်။ ဒါက ဆရာဝန်အပါအ၀င် ကျန်းမာရေးဝန် ထမ်းတွေက ပြည်သူလူထုခေါင်းထဲကို အသိလေးဝင်သွားဖို့ လုပ်ပေးရပါမယ်။ ရက်ပေါင်း ၁၀၀၀ ဆိုတာက ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အချိန်ဖြစ် တာကြောင့် အဲဒီအချိန်မှာ ဆင်းရဲတာ ကြောင့် သူတို့ကို ပိုက်ဆံထောက်ပံ့ကြည့် မယ်၊ ဒါဆိုရင် ပိုက်ဆံထောက်ပံ့ကြည့်ရုံနဲ့ ပြီးမလား၊ ထောက်ပံ့တဲ့ပိုက်ဆံကို အသိ မရှိရင် လျှောက်သုံးလိုက်ကြမှာပါ။ ဒီပိုက် ဆံကို ငါ့ကလေးအတွက်၊ ငါ့ကိုယ်ဝန်အ တွက် သုံးရမှာပါလား၊ သုံးတဲ့အခါမှာ လည်း အာဟာရဖြစ်တာတွေက ဒါတွေပါ လားဆိုတာ သိဖို့လိုပါတယ်။

မြန်မာတွေ ဘာလို့ ပုညှက်နေပါသလဲ။
မြန်မာနိုင်ငံ အာဟာရပြဿနာတွေ ကို ကြည့်လိုက်တော့ တစ်ခုက ချို့တဲ့နေ တာ၊ တစ်ခုက များလွန်းသွားတာပါ။ အာဟာရချို့တဲ့တာမှာ ကာလရှည်ဖြစ်တဲ့ အရပ်ပုနေတာပါ။ မော်ဒယ်လေးတွေ၊ အောင်လအန်ဆန်တို့လို အရပ်တွေဆို အရမ်းကို ကောင်းပါတယ်။ အရပ်တွေ ပေမီဒေါက်မီ ဖြစ်လာဖို့ လိုပါတယ်။ အရပ်ပဲ ပြောနေလို့ မရသေးပါဘူး။ အရပ်နဲ့ညီမျှတဲ့ ခန္ဓာကိုယ်တည်ဆောက် မှု ကြွက်သားတွေလည်း ရှိဖို့လိုပါတယ်။ အဲဒီလိုမဖြစ်ဘဲ အာဟာရချို့တဲ့ပြီး ပုညှက်နေတာတွေ ရှိပါတယ်။
အခုဆိုရင် ရေကြီးပြီးဖြစ်တဲ့ အာ ဟာရချို့တဲ့တာကတော့ လတ်တလော အာဟာရချို့တဲ့တာ ဖြစ်ပါတယ်။ ကြွက် သားတွေ ပိန်လှီသွားပေမယ့် ရုတ်တရက် အာဟာရချို့တဲ့တာက ပြန်ဖြည့်ရတာ လွယ်ကောင်းလွယ်ပေမယ့် ရက် ၁၀၀၀ ကျော်သွားပြီး၊ ငါးနှစ်ကျော်သွားပြီး၊ ဆယ်ကျော်သက်ကျော်သွားပြီး ပိန်တာ ဖြစ်ဖြစ်၊ ၀တာဖြစ်ဖြစ် သူတို့အတွက် သိပ်မထူးတော့ဘူး။ ဒါကြောင့် ဆယ်ကျော် သက်အရွယ်မှာ ဘယ်လောက်ဖွံ့ဖြိုးလဲ ဆိုတဲ့ အခွင့်အရေးကို ရအောင်ယူနိုင်ဖို့ လိုပါတယ်။ သူ့အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန် ရှိဖို့ လိုပါတယ်။ ကိုယ်အလေးချိန်များတာမှာ လည်း များနေတာ၊ အ၀လွန်တာ ဆိုတာ ရှိပါတယ်။ ကိုယ်အလေးချိန် များနေချိန် မှာ ထိန်းလိုက်နိုင်ရင် အ၀လွန်တာ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်။ အ၀လွန် သွားမှဆိုရင် ခန္ဓာကိုယ်ထဲမှာ Metformin တွေ ပျက်နေမလား၊ အဆီတွေနဲ့ ပိတ်နေမလား၊ မသိနိုင်ပါဘူး။ အဲဒီလို တွေဖြစ်လာတဲ့ အ၀လွန်တာ မဖြစ် အောင်လည်း ကာကွယ်ဖို့လိုပါတယ်။

မြန်မာတွေမှာ အဖြစ်များတဲ့ တခြားအာ ဟာရချို့တဲ့မှုတွေက ဘာတွေပါလဲ။
မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင် အာရှမှာ နံပါတ်တစ်ဆွဲတာက သွေးအား နည်းရောဂါပါ။ မထင်ထားလောက် အောင်ကို များပါတယ်။ ပွဲတစ်ခုမှာ လူ တွေ တက်ရောက်လာတယ်ဆိုရင် အဲဒီ ထဲက တစ်ဝက်လောက်မှာ သွေးအား နည်းနေပါတယ်။ သွေးဖောက်စစ်လိုက် ရင် လိုအပ်တဲ့ ဟေမိုဂလိုဘင်က နှစ် ယောက် မှာ တစ်ယောက်က မပြည့်ပါဘူး။
ဗီတာမင် အေ ချို့တဲ့တာကတော့ ခုနောက်ပိုင်းမှာ ဖြစ်တာ သိပ်မတွေ့ရတော့ ဘူး။ ဒါပေမဲ့ သူ့အသက်အရွယ်အလိုက် ဗီတာမင် အေ ဆေးတွေကို တောက် လျှောက်သောက်နေမှ မျက်လုံးကြည် မယ်၊ တခြားဖွံ့ဖြိုးတိုးတက်မှုတွေကို ထောက်ပံ့ကြမှာ ဖြစ်ပါတယ်။
အစာအုပ်စုသုံးစုက အဓိကဖြစ်ပြီး တော့ မိုက်ခရိုနျူထရီးရန့် ဆိုတာလည်း ရှိပါသေးတယ်။ ဗီတာမင် ဘီဝမ်းချို့တဲ့ တာက နိုင်ငံခြားမှာဆိုရင် ရှိကို မရှိပါဘူး။ ဒါဆို ဆရာတို့နိုင်ငံမှာ ဘာလို့ ကျန်နေ တာလဲ။ ဆရာကျောင်းသားဘ၀က ဆေး ရုံမှာ၊ ဆရာမကြီးတွေက တော်တာပါ။ ကလေးက ခေါင်းလေးထောင်ရမယ့် အချိန်မှာ မထောင်ဘူး၊ အစက ခေါင်း ထောင်တယ်၊ နောက်တော့ မထောင် တော့တာ၊ ကလေးတွေမှာက သူတို့ အ သက်အရွယ်အလိုက် ဖွံ့ဖြိုးကြီးထွားလာ ရမှာတွေရှိတယ်။ ဘယ်အချိန်မှာ ခေါင်း ထောင်မယ်၊ ဘယ်အချိန်မှာ ၀မ်းလျားထိုး သွားမယ်၊ ဘယ်အချိန်မှာ ထထိုင်မယ် ဆိုတာတွေရှိတယ်။ ဒါပေမဲ့ ကလေးက မထောင်ဘဲ မကြည့်လိုက်တော့ ခေါင်းက ဇတ်ခနဲလဲသွားတယ်။ ဘေးက ဆရာမက Burplex ထိုးလိုက်၊ B1 ထိုးလိုက်လို့ ပြောတယ်။ B1 ချို့တဲ့နေတာ ဆရာတို့ ဆီမှာရှိတယ်။ ဆန်ဆေးတဲ့အခါ City Mart ကနေ ၀ယ်တဲ့ဆန်တွေဆို ယုံ ကြည်တယ်၊ ဆန်ဆေးမနေတော့ဘဲ ဆန် ထည့်၊ ရေထည့်ပြီးချက်တယ်၊ ငှဲ့ချက် တာမျိုး မရှိဘူး။ ထမင်းရည်ငှဲ့ချက် တယ်ဆိုရင် ထမင်းရည် ပြန်သောက်ပါ။ ဆန်ကို ပွတ်ပြီးဆေးတဲ့ကိစ္စကလည်း B1 ချို့တဲ့စေတယ်၊ ဈေးထဲက၀ယ်တဲ့ဆန် တွေဆိုရင် ပိုးမွှားတွေ၊ အမှုန်တွေပါလို့ ပြောင်အောင် ပွတ်ဆေးလိုက်ကြတယ်။ သေချာသန့်သန့်ထုတ်ထားတဲ့ စက်ရုံက ထုတ်တဲ့ ဆန်ဆိုရင်တော့ ပွတ်ဆေးနေစ ရာမလိုဘဲ ဒီတိုင်းထည့်ချက်လို့ရပါတယ်။
ဒီလိုတွေ ဖြစ်နေတာကို ဘယ်ကစ မလဲဆိုတော့ ကလေးတွေ ရက် ၁၀၀၀ ကနေ စကြမယ်။ မွေးစကနေ ခြောက်လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်တာက နှစ်ယောက်မှာ တစ်ယောက်ပဲ ရှိပါတယ်။ မိခင်က ကျန်းမာရေးအသိရှိပြီး အစာစုံစုံ စားတာက လေးယောက်မှာ တစ်ယောက် ပဲ ရှိပါတယ်။ ဒါကို လျော့နည်းအောင် ကြိုးစားရမှာပါ။

မြန်မာနိုင်ငံမှာ အာဟာရချို့တဲ့မှုတွေက အရမ်းပဲ များနေပါသလား။
၅ နှစ်အောက်ကလေးတွေမှာ ပိန် တာက အကြမ်းအားဖြင့် ၁၄ ယောက်မှာ တစ်ယောက်ရှိပါတယ်။ ဒါကလည်း ကလေး ၁၄ ယောက် ရပ်လိုက်တိုင်းမှာ ပိန်နေတဲ့ တစ်ယောက်ရှိပါတယ်။ အရမ်း မဆိုးဘူးလို့ ထင်ရပေမယ့် မြန်မာတစ်နိုင်ငံ လုံးမှာရှိတဲ့ ကလေးအရေအတွက်နဲ့ဆိုရင် ဆိုးပါတယ်။ ကိုယ်အလေးချိန်နည်းနေ တာက ငါးယောက်မှာ တစ်ယောက်ရှိပါ တယ်။ ကိုယ်အလေးချိန်များတာကတော့ အယောက် ၁၂၀ မှာ တစ်ယောက်ရှိပါ တယ်။ ကျောင်းနေကလေး ၁၀ သန်းနဲ့ တွက်ကြည့်လိုက်ရင် များပါတယ်။ သွေး အားနည်းတာက နှစ်ယောက်မှာ တစ် ယောက် ရှိနေပါတယ်။

◘ ဒေါက်တာသောင်းလှိုင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
(ပြည်သူ့ကျန်းမာ)
ပြည်သူ့ကျန်းမာရေးဦးစီးဌာန။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *