ကျွန်မတို့နိုင်ငံမှာ ကိုဗစ်ရောဂါကာကွယ်ဖို့အတွက် အိန္ဒိယနိုင်ငံထုတ် Covishield နဲ့ တရုတ်နိုင်ငံထုတ် Sinopharn ထိုးဆေးတွေကို အစိုးရအစီအစဉ်ဖြင့် စတင်ထိုးပေး နေပြီဖြစ်ပါတယ်။ မကြာမီကာလအတွင်းမှာ ရုရှားနိုင်ငံထုတ် Sputnik V နဲ့ Sputnik Light တို့လည်း ရရှိတော့မှာဖြစ်တဲ့အတွက် ဒီကာကွယ်ဆေးနှစ်မျိုးနဲ့ပတ်သက်ပြီး သိကောင်းစရာများကို ဖော်ပြပေးလိုက်ပါတယ်။
ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးများ
ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ်ဆေး နှစ် မျိုးဖြစ်တဲ့ Sputnik V နဲ့ Sputnik Light တွေကို မြန်မာနိုင်ငံအတွက် ခုနစ်သန်းဝယ်ဖို့ မှာယူထားကာ မကြာမီ အလုံးရေ နှစ်သန်းရောက်ရှိမယ်လို့ သိရ ပါတယ်။
Sputnik V
ဒီကာကွယ်ဆေးက တုပ်ကွေးရောဂါဖြစ်စေတဲ့ Adenovirus အမျိုးအစားနှစ်မျိုးကို ရောဂါ သယ်ဆောင်တဲ့အနေနဲ့ ထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ်။ ရောဂါသယ်ဆောင်တဲ့ဗိုင်းရပ်စ်တွေက ပြုပြင်ထားတာကြောင့် ခန
္ဓာကိုယ်ထဲမှာ ပိုးထပ်မံပွား များတာ၊ ရောဂါဖြစ်တာတွေ မရှိတော့ပါဘူး။
ဒီဆေးကို အိန္ဒိယ၊ အာဂျင်တီးနား၊ မွန်တီနီဂရိုး၊ ရုရှား၊ ဗင်နီဇွဲလား၊ ဘီလာရုစ်၊ ဆားဗီးယား၊ ယူအေ အီးနဲ့ Europe တိုင်းပြည်ထဲက ဟန်ဂေရီအပါအဝင် နိုင်ငံပေါင်း ၆၄ နိုင်ငံမှာ အသုံးပြုနေကြပြီဖြစ်ပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးနိုင်ပြီး ရောဂါကာကွယ်နိုင်စွမ်းက ၉၁.၆ ရာခိုင်နှုန်းရှိကာ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး သုံးပတ်အကြာ မှာ ဒုတိယအကြိမ် ထပ်မံထိုးရမှာဖြစ်ပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ –
♦ ပင်ပန်းနွမ်းနယ်တာ ၇၀ ရာခိုင်နှုန်း
♦ အဆစ်နာတာ ၄၆.၄ ရာခိုင်နှုန်း
♦ ခေါင်းကိုက်တာ ၆၄.၇ ရာခိုင်နှုန်း
♦ ကြွက်သားနာကျင်တာ ၆၁.၅ ရာခိုင်နှုန်း
♦ ချမ်းတုန်တာ ၄၅.၄ ရာခိုင်နှုန်း
♦ အဖျားရှိတာ ၁၅.၅ ရာခိုင်နှုန်း
♦ ပျို့အန်တာ ၂၃ ရာခိုင်နှုန်း ရှိပါတယ်။
Sputnik Light
ဒီကာကွယ်ဆေးက COVID-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို ခုခံအားတည် ဆောက်ပေးတာဖြစ်ပြီး ကာကွယ်နိုင်စွမ်း ၇၉.၄ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ သူရဲ့ အား သာချက်က ဆေးတစ်ကြိမ်သာ
ထိုးရမှာဖြစ်ပြီး ဆေး ထိုးအပြီး လေးပတ်အကြာမှာ ဗိုင်းရပ်စ်ပိုးကို အား ပျော့စေတဲ့ anti-body ထွက်လာနိုင်နှုန်း ၉၁.၆၇ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံမှာ ယခုနှစ် မေလအတွင်းက အရေး ပေါ်အသုံးပြုခွင့်ရရှိထားတာ ဖြစ်ပါတယ်။ ဒီဆေးကို ရုရှား၊ ဗင်နီဇွဲလား၊ အင်ဂိုရာ၊ ဘာရိန်း၊ နီကာရဂူး၊ မောလစ်ရှ၊ ပါလက်စတိုင်း၊ အာဂျင်တီးနား၊ ဘီလာ ရုစ်၊ ကွန်ဂို၊ မွန်ဂို
လီးယားနဲ့ တောင်ကိုရီးယားအပါအ ဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရရှိနိုင်ပြီဖြစ်ပါတယ်။
#ဒေါက်တာခင်မိုးမိုး
#GoodHealthJournal