ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းက ဘယ်အခြေအနေမှာရှိနေတယ်လို့ သုံးသပ်နိုင်ပါသလဲ

ဒီတစ်ပတ်မှာတွေ့ရှိခဲ့တဲ့ Covid လူနာ စာရင်းတွေအပေါ် ဆရာရဲ့သုံးသပ်ချက် လေး သိပါရစေ။
အခုလက်ရှိအချိန်မှာ ပိုးရှိတဲ့ လူနာ အရေအတွက်ကို ကြည့်ပြီးတော့ ရောဂါ ပိုးပျံ့နှ့ံမှုနှုန်းများတယ်၊ နည်းတယ်ဆို ပြီး ပြောလို့မရနိုင်ပါဘူး။ ပိုးတွေ့လူနာ စာရင်းက ရာခိုင်နှုန်းအရပြောရရင် ၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်မှာ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ လူအရေအတွက်ကိုတော့ ပြောလို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆို ရင် ရောဂါပိုးရှိ၊ မရှိ စစ်တဲ့အရေအတွက် က လူဦးရေအယောက် ၉၀၀၀ မှာ ၉၀၀ တွေ့ရင် ၁၀ ရာခိုင်နှုန်း၊ လူဦးရေ ၁၄၀၀၀ စစ်ရင် ၁၄၀၀ တွေ့ရင် ၁၀ ရာခိုင်နှုန်းပဲ ဖြစ်တယ်။ ဒါကြောင့် ၉၀၀ ကနေ ၁၄၀၀ အထိဖြစ်သွားလို့ ပိုးတွေ့ တဲ့သူတွေပိုများလာတယ်ဆိုတာမျိုး မဟုတ်ဘဲ စစ်တဲ့ လူဦးရေများလာလို့ ပိုးတွေ့လူနာများလာရတာ ဖြစ်ပါတယ်။ ရာခိုင်နှုန်းနဲ့ ပြောရရင် ၁၀ ရာခိုင် နှုန်းဖြစ်ပါတယ်။ ပထမပိုင်းမှာ ၁၃ ရာခိုင် နှုန်းလောက်ကနေ အနည်းငယ် ကျဆင်း လာကာ ၉ ရာခိုင်နှုန်းအထိဖြစ်ခဲ့ပြီး ဆက်ပြီးတော့ ကျဆင်းမလားဆိုတာ စောင့်ကြည့်ခဲ့ပေမယ့် အခုအချိန်အထိ ၁၀ ရာခိုင်နှုန်းပတ်ဝန်းကျင်မှာ ဆက်ရှိ နေတာမျိုးတွေ့ရတာကြောင့် လော လောဆယ် အခြေအနေအရ တန်းနေတဲ့ သဘောပါ။ ရပ်ကွက်ထဲမှာ ဘာလက္ခ ဏာမှမပြဘဲရှိနေတဲ့လူတွေထဲက လူဦး ရေအယောက် ၁၀၀ ကိုကောက်စစ်လိုက် လို့ ၁၀ ယောက်မှာ တွေ့ရင် ၁၀ ရာခိုင် နှုန်းလောက်အထိရှိတာက ရောဂါပိုး တွေ့ နှုန်း ပိုများတယ်လို့ ဆိုနိုင်ပါတယ်။ အခု က ရောဂါပိုးရှိသူတွေရဲ့ Contact person တွေ၊ ရောဂါလက္ခဏာရှိတဲ့ သူတွေကို စစ်ဆေးတာဖြစ်တဲ့အတွက် ကြောင့် ၁၀ ရာခိုင်နှုန်းဖြစ်စေ၊ ၂၀ ရာခိုင် နှုန်းဖြစ်စေ ပိုးပြန့်ပွားတဲ့ ရာခိုင်နှုန်းကို တိတိကျကျမပြောနိုင်ဘူးလို့ ဆရာ့အ နေနဲ့ သုံးသပ်ချင်ပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာပြတဲ့သူတွေနည်းလာမှ ရောဂါ ပြန့်ပွားမှုနည်းလာတယ်လို့ ပြော နိုင်မှာဖြစ်ပါတယ်။ အခုက ရောဂါလက္ခ ဏာ ပြသူတွေက ဆေးရုံ၊ ဆေးခန်းတွေ၊ Fever Cilinc တွေမှာ များနေတာ ကြောင့် ရောဂါပျံ့နှံ့မှုတွေဆက်ပြီး ရှိနေ တုန်းပဲလို့ ပြောလို့ရပါတယ်။ အခု လှုပ် ရှားသွားလာနေရတဲ့သူတွေအနေနဲ့ လည်း ရောဂါပိုးက မိမိကိုယ်ထဲကို မဝင် အောင် စနစ်တကျနဲ့ စည်းကမ်းတကျ ဆောင်ရွက်ရင် ရောဂါပိုးတွေ့ရှိမှုနှုန်း တ ဖြည်းဖြည်းနဲ့ ကျဆင်းသွားမယ်လို့ ယူဆ တယ်။ ဒါပေမဲ့ လမ်းပေါ်မှာတွေ့တဲ့လူ တချို့က အခုချိန်အထိ စည်းကမ်းသတ် မှတ်ချက်တွေကို လိုက်နာမှုအားနည်းနေ တာကို တွေ့နေရပါတယ်။ အခုအချိန်က ရောဂါပိုးတွေ့ရှိမှုနှုန်း တန်းနေသေး တယ်ဆိုပေမယ့် လူတွေတစ်ဦးချင်း၊ တစ်ယောက်ချင်း ဂရုမစိုက်နိုင်ရင် ဒီ ထက်ပို ပြီးဆိုးလာနိုင်သလို တစ်ဦးချင်း ဂရုစိုက်နိုင်ရင် ရောဂါပိုးတွေ့ရှိမှုနှုန်းတွေ ရော၊ သေပျောက်မှုနှုန်းတွေရော လျော့ ကျသွားနိုင်တာကြောင့် တစ်ဦးတစ် ယောက်ချင်းစီအနေနဲ့ မကူးစက်အောင် ဂရုစိုက်ဖို့ပဲ ဆရာ့အနေနဲ့ တိုက်တွန်းချင် ပါတယ်။

တစ်ခါသုံး Mask တွေကို ထပ်ခါထပ်ခါ သုံးနေတာတွေကကော ရောဂါကာကွယ် ရေးအတွက် ထိရောက်မှုရှိနိုင်ပါသလား။
တစ်ခါသုံး Mask တွေကို ထပ်ကာ ထပ်ကာ သုံးနေတာက Safe မဖြစ်ပါ ဘူး။ ပိုးရှိတဲ့နေရာကို ဖြတ်သန်းသွားလာ မိတာ၊ ဒါမှမဟုတ် အကြောင်းအမျိုးမျိုး ကြောင့် ကိုယ့်အနီးအနားတစ်ဝိုက်က လေထဲမှာ ပိုးတွေရှိနိုင်တာကြောင့် ကိုယ်ရဲ့အသက်ရှူလမ်းကြောင်းထဲ ရော ဂါပိုးမဝင်ရအောင် Mask ကို တပ်ထား တာဖြစ်ပါတယ်။ ဒီလို Mask တပ်ထား တာကြောင့် ရောဂါပိုးရှိခဲ့ရင်တောင် ခန္ဓာ ကိုယ်ထဲကိုမရောက်ဘဲ Mask ရဲ့အပြင် ဘက်မှာ ရှိနေနိုင်တယ်။
ပိုးကပ်၊ မကပ်ဆိုတာကလည်း မျက်စိနဲ့ မမြင်ရတဲ့အတွက် ဖြစ်နိုင်ဖွယ် ရာကို ပြောရတာဖြစ်ပါတယ်။ ဒီတော့ မိမိအိမ်မှာပဲနေတယ်၊ တစ်ယောက်တည်း သီးသန့်အခန်းမျိုးပဲနေတာဆိုပါစို့၊ အဲ သည်နေရာက လုံခြုံစိတ်ချရတဲ့အခြေ အနေရှိတယ်၊ ကိုယ်တပ်ထားတဲ့ Mask ရဲ့အပြင်ဘက်မှာ ပိုးမကပ်နိုင်ဘူးဆိုရင် တစ်ခါပဲသုံးသုံး၊ နှစ်ခါပဲသုံးသုံး ဘာမှ မဖြစ်ပါဘူး။ အကယ်၍များ Shopping Mall တစ်ခုထဲကို ကိုယ်က Mask တပ်ပြီး ဝင်သွားတယ်ဆိုပါစို့။ အဲဒီမှာ တစ်ယောက်ယောက်က နှာချေထားတာ၊ ချောင်းဆိုးတာမျိုးရှိခဲ့ရင် ရောဂါပိုးက လေထုထဲမှာ မျောနေနိုင်တာကြောင့် Mask အပြင်မှာလာပြီး ကပ်နိုင်ပါတယ်။ အဲဒီအချိန်မှာ Mask ကို ချွတ်ပြီး ပိုက်ဆံ အိတ်ထဲကို ထည့်သိမ်းလိုက်မိရင် ရောဂါ ပိုးက လက်မှာလည်း ကပ်နိုင်သလို ပိုက် ဆံအိတ်ထဲမှာလည်း ရောဂါပိုးက ရှိနေ နိုင်တယ်။ အဲဒီ Mask ကို နောက်တစ်ခါ ထပ်ပြီး တပ်လိုက်တဲ့အချိန်မှာ ရောဂါပိုး ဝင်နိုင်ခြေများပါတယ်။ ဒါကြောင့် Mask တွေကို ပြန်သုံးတဲ့သူတိုင်း ရောဂါပိုးဝင် နိုင်သလားဆိုတော့ အဓိကအဖြေက သူ သွားလာတဲ့ နေရာနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် တစ်ခါသုံး Mask ကို ပြန်သုံးဖို့ အတွက် အကြံပြုထားတာမျိုးမရှိပါဘူး။

ကျန်းမာရေးနဲ့ ညီညွတ်မှုရှိဖို့အတွက် တစ်နေ့ကို Mask ဘယ်နှခုလောက် လဲသင့်သလဲ။
အဲဒါက ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ် သွားလာရတဲ့လမ်းခရီးနဲ့ ဆိုင်တယ်။ ရုံး ခန်းမှာ ထိုင်ပြီး အလုပ်လုပ်တဲ့သူ၊ ကိုယ့် ဘေးပတ်ဝန်းကျင်က လူတွေနဲ့အဆက် အသွယ်မရှိဘူးဆိုရင် တစ်နေ့ကို Mask  တစ်ခုတည်းနဲ့ လုံလောက်တယ်။ တ ကယ်လို့ ဘတ်စကားနဲ့ သွားလာရတဲ့ သူတစ်ယောက်အနေနဲ့ဆိုရင်တော့ ရုံး အဝင်မှာ Mask  ကို စနစ်တကျ စွန့်ပစ်ပါ၊ လက်ကိုဆေးပါ၊ Mask  အသစ်တပ်ပြီး ရုံးထဲမှာနေတဲ့အခါ တခြားလူတွေနဲ့ ပြောဆိုဆက်ဆံတာမျိုးမရှိရင် ထမင်း စားချိန်မှာ ခဏချွတ်ပြီး စနစ်တကျထား၊ စားသောက်ပြီးတဲ့အခါ ပြန်တပ်ပြီး အိမ်ရောက်မှ ချွတ်နိုင်ပါတယ်။ ဒါပေမဲ့ ပိုးပျံ့နေနိုင်တဲ့ ဆေးရုံပတ်ဝန်းကျင်နေ ရာတွေမှာ အလုပ်လုပ်တဲ့သူဆိုရင်တော့ Mask  ကို တစ်ခါချွတ်လိုက်တိုင်း အ သစ်တစ်ခုစီ လဲပေးသင့်ပါတယ်။

Covid ကာလလည်းဖြစ်တယ်၊ အခုဆို ရင် ရာသီဥတုအပြောင်းအလဲကာလ လည်း ဖြစ်နေတော့ ကိုဗစ်နဲ့ ရာသီတုပ် ကွေး ဘယ်လိုခွဲခြားနိုင်ပါသလဲ။
ရာသီဥတုပြောင်းလဲတဲ့အချိန်မှာ လည်း ဗိုင်းရပ်စ်ကလေထုထဲ ပျံ့နှံ့နေ တယ်။ Covid ကလည်း လေထုထဲက နေ တစ်ဆင့်ကူးတယ်။ ဒါကြောင့်မို့ ဒီအ ချိန်မှာ နှာစေး၊ ချောင်းဆိုးဖြစ်ရင် ရာသီ တုပ်ကွေးလည်းဖြစ်နိုင်သေးတယ်။ ဘယ်လိုခွဲခြားနိုင်သလဲဆိုရင် အိမ်ထဲ မှာပဲနေတယ်၊ ရေချိုးမှားပြီး အအေးမိ သွားပြီး နှာရည်ယို၊ ချောင်းဆိုး၊ နှာချေ တယ်ဆိုရင်တော့ ရာသီတုပ်ကွေးဖြစ်နိုင် တယ်လို့ ယူဆနိုင်တယ်။ ဒါပေမဲ့ လူတွေက နေ့စဉ် စားသောက်ဖို့အတွက် ကလည်း အပြင်က အစားအသောက်တွေ ကို ဝယ်ယူရတာကြောင့် အစားအစာတွေ ကနေလည်း ရောဂါပိုးတွေ ကပ်ပါလာနိုင် တာကြောင့် ရာသီအကူးအပြောင်းမှာ အ အေးမမိအောင်နေကြပါလို့ ပြောရပါ မယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း Covid ဖြစ်နိုင်တဲ့လက္ခဏာတွေ၊ ရာသီတုပ်ကွေး မှာ ဖြစ်နိုင်ခြေရှိတဲ့လက္ခဏာတွေဆိုပြီး ခွဲခြားနိုင်တာတွေလည်းရှိပါတယ်။ ဥပမာ-ဖျားတယ်၊ ခေါင်းကိုက်တယ်၊ ကိုယ်လက်ကိုက်ခဲတာတွေက Covid  မှာရော၊ ရာသီတုပ်ကွေးမှာရော တွေ့ရ ပေမယ့် ဝမ်းပျက်ဝမ်းလျှော၊ အနံ့ပျောက် တာတွေကတော့ Covid မှာ ပိုပြီးတွေ့ ရတယ်၊ ကွဲကွဲပြားပြား မခွဲခြားနိုင်တာ ကြောင့် အကောင်းဆုံးကတော့ ကိုယ်ခံ အားစနစ် ကောင်းမွန်အောင်နေပါ၊ ဝမ်း လျှောဝမ်းပျက်၊ အနံ့ပျောက်၊ ဖျားတာ တွေနဲ့တွဲပြီး ရောဂါလကဏာပြလာရင် စစ်ဆေးမှုခံယူရမယ်။ ဒါမှမဟုတ် နှာ ချေ၊ ချောင်းဆိုးရုံလောက်ပဲ ချွဲသလိပ် လည်း မထွက်ဘူး၊ ဝါလည်းမဝါဘူးဆိုရင် ကိုယ်ခံအားစနစ် ကောင်းအောင်နေပါ။ အသက်ရှုမဝသလို မျိုးစိုးရိမ်တယ်ဆိုရင် ခန္ခာကိုယ်ထဲက အောက်ဆီဂျင်ပမာဏ ကို တိုင်းပြီး အောက်ဆီဂျင်ကျနေခဲ့ရင် သက်ဆိုင်ရာ စင်တာတွေမှာသွားပြီး စစ်ဆေးမှုပါ။ ဆေးကုသမှုခံယူပါ။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုသမားတော်)

Post Author: Good Health Journal