ပြန်လည်ခေတ်စားလာသော ဖက်ရှင်များ

ဖက်ရှင် စက်ဝန်းသံသရာကြီးက အမြဲတမ်းလည်ပတ်လျက်ရှိနေပါတယ်။ အခုမှာလည်း ၁၉၉၀ မှ၂၀၀၀ ပိုင်း အစတုန်းက ခေတ်စားခဲ့တဲ့ ဖက်ရှင် ဟောင်းတွေက တစ်ဖန် ပြန်လည်ဆန်းသစ်လာတာမို့ ဖော်ပြပေးလိုက်ပါတယ်။

အမဲသား နှုတ်ခမ်း
Beef lips

ဒီလိုမျိုးတင်စားပြီး ခေါ်ထားတာက နှုတ်ခမ်း အနားသားတွေကို အညိုရင့်ရောင်ခဲတံနဲ့ Liner ဖော်ထားပြီး အတွင်းသားတွေကို ပန်းရောင်ဆိုးထား တာမို့ အမဲသားကို Medium Rare Steak ပြုလုပ် ထားတဲ့ ပုံစံပေါက်နေလို့ပါ။ ဒီဖက်ရှင်က ၁၉၉၈ ခုနှစ်က ခေတ်စားခဲ့ဖူးပြီး အခုတစ်ဖန် ပြန်လည် ခေတ်စားနေပါတယ်။

မူလက်ဆံပင်ပုံစံ
Mullet haircut

ဒီဆံပင်ပုံစံက လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကတည်းက ခေတ်စားခဲ့ပြီး အမျိုးသားရော အမျိုးသမီးတွေပါ ဒီဆံပင်ပုံစံကို ညှပ်ခဲ့ပါတယ်။ ပထမလှိုင်းအနေနဲ့ Mullet Popular Star ဖြစ်ခဲ့တဲ့ ၁၉၇၀ လောက်က စတင်ခဲ့ပြီး ၁၉၈၀-၁၉၉၀ နှစ်ပိုင်းတွေအထိ ဆက် လက်ခေတ်စားခဲ့ပါတယ်။ နောက်ပိုင်း ဒီဆံပင်ပုံစံကို မထားတော့ဘဲ အခုမှ တစ်ဖန် Cele တွေနဲ့ သာမန် လူတွေကြား ပြန်လည်ဆန်းသစ်လာခဲ့ပါတယ်။

ချက်ပေါ် ခါးတို အနွေးထည်အင်္ကျီ
Buttoned-up cardigans with nothing underneath

၁၉၉၀ ပြည့်နှစ်က အမျိုးသမီးတိုင်းချက်ပေါ် ခါးတိုအင်္ကျီကို ဝတ်ဆင်လေ့ရှိကြပြီး ဂါဝန် ဒါမှ မဟုတ် Shirt အပေါ်မှာ ထပ်ဝတ်လေ့ ရှိကြပါတယ်။ အနေအထိုင် ရဲရင့်သူတွေကတော့ ချက်ပေါ်အင်္ကျီ တွေကို ဒီအတိုင်းဝတ်လေ့ရှိကြပြီး အပေါ်ဆုံး ဒါမှမ ဟုတ် အောက်ဆုံးကြယ်သီးကို မတတ်ဘဲ ဖြုတ်ထား တတ်ကြပါတယ်။ အခုနှစ်ပိုင်းတွေမှာလည်း ဒီဖက် ရှင်ကို ခေတ်မီသူတိုင်း ဝတ်ဆင်နေပါပြီ။

ထိပ်ပိုင်းလေးထောင့်ရှူးဖိနပ်
Square-toed shoes

၁၉၉၈ ခုနှစ်တွေက ခေတ်စားလာတဲ့ ဒီဖိနပ် ဖက်ရှင်ဟာ ၂၀၁၉ ခုနှစ် နောက်ပိုင်းမှာ အမျိုးသမီး တွေရဲ့ အဝတ်ဘီရိုတွေမှာ ပြန်လည်နေရာယူထား လာကြပြီး အခုထိ ခေတ်စားနေတုန်းပါ။

ဆံထုံးနှစ်ခွ ဆံပင်ပုံစံ
Double bun hairstyles

ကကလေးတွေရဲ့ ဒီလိုဆံပင်ပုံစံက ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ်တွေတုန်းက အရွယ်ရောက် အမျိုးသမီး တွေမှာ တော်တော်ခေတ်စားခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ အကြာ အခုအချိန်မှာ ဒီဆံပင်ပုံစံက ပြန်လည် အသက်ဝင်လာပါပြီ။ ဥပမာအားဖြင့် Jennifer lopus ရဲ့ မကြာခင်က Instagram မှာတင်ထားတဲ့ ဓာတ်ပုံကို ကြိုက်နှစ်သက်သူတွေ များပြားလှပါတယ်။

အတွင်းခံအင်္ကျီကို မြင်နိုင်တဲ့အဝတ်အစား
Visible bra

၂၀၀၁ ပြည့်နှစ်တုန်းက ခေတ်စားလာခဲ့တဲ့ အ တွင်းခံအင်္ကျီကိုပါ ဖောက်ထွင်းမြင်ရနိုင်တဲ့ ပါးလွှာတဲ့ ဇာ ဒါမှမဟုတ် အပေါ်ဝတ်တွေက အခုတစ်ဖန် ပြန် လည်ဆန်းသစ်နေပါပြီ။ ပိုပြီး ဆွဲဆောင်မှုရှိအောင် အတွင်းခံအရောင်က တောက်တောက်ဖြစ်နေဖို့တော့ လိုအပ်ပါမယ်။

မျက်နှာအကျလှပဖို့ ရှေ့ဆံပင် နှစ်ခွဖြင့် ဘောင်ခတ်ထားခြင်း
Straight locks that frame the face

ဒီဆံပင်ပုံစံက ဆံပင်စည်းထားပြီး မျက်နှာအကျ လှပအောင် ရှေ့ဆံပင်အဖြောင့်ကို နှစ်ဖက်ခွဲပြီး အစ နှစ်ဖက်ချထားတာပါ။ ၁၉၉၇ တုန်းက ရေပန်းစား လာခဲ့ပြီး အခုတစ်ဖန် ပြန်လည်ခေတ်စားနေပါတယ်။

ဆွဲကြိုး အများကြီးဆွဲခြင်း
Massive chains on the neck


လည်ပင်းမှာ ဆွဲကြိုးဆွဲတာက လွန်ခဲ့တဲ့နှစ် ပေါင်းများစွာကပင် ပြုလုပ်ခဲ့ကြပါတယ်။ ၆၀ နဲ့ ၇၀ ပြည့်နှစ်တွေမှာ လည်ပင်းမှာ ဆွဲကြိုးအများအပြား ဆွဲတာက ခေတ်စားလာခဲ့ပြီး အခုနောက်ပိုင်းမှာ လည်း ဆယ်လီတွေက ဒီလိုမျိုး accessories တွေ ကို ဝတ်ဆင်နေပါပြီ။

ဟာဝေယံ ရှပ်
Hawaiian shirts

အအရောင်တောက်တောက် အဆင်တွေပါဝင်တဲ့ ရှပ်အင်္ကျီတွေက ၅၀-၆၀ နှစ်ပိုင်းတွေက အတော်ကို ခေတ်စားခဲ့ပါတယ်။ Elvis Presley ရဲ့ လွှမ်းမိုးမှု ကြီးကြောင့်ပါ။ ၉၀ ပြည့်နှစ်တွေမှာလည်း လူတိုင်း မှာ ဒီလိုပေါ်ပြူလာရှပ်အင်္ကျီတွေ ရှိခဲ့ကြပါတယ်။ သင့်မှာလည်း ရှိနေသေးတယ်ဆိုရင်တော့ ယနေ့ ပြန်လည်ဝတ်ဆင်လို့ ရနိုင်ပါပြီ။

ခြေသလုံးထိအရှည်ရှိတဲ့ ကြိုးသိုင်းညှပ်ဖိနပ်
Sandals with long laces

ဒီဖိနပ်တွေကို စီးဖို့ အချိန် နာရီဝက်လောက် ပေးရပါတယ်။ ၁၉၉၉ က ခေတ်စားလာခဲ့ပြီး အခု တစ်ဖန် ပြန်လည်ဆန်းသစ်နေပါပြီ။

ဆံပင်ကောက်ခြင်း
Crimped hair

၉၀ ပြည့်နှစ်နောက်ပိုင်းနဲ့ ၂၀၀၀ အစပိုင်း လောက်မှာ အမျိုးသမီးတိုင်းလိုလိုက ဆံပင်ကို ကောက်ကြတာက စတိုင်လ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အခုလည်း ပြန်လည်ဆန်းသစ်နေပါပြီ။ ဆံပင်အုံ ထူအောင်တော့ အကြေကောက်လိုမျိုးပုံစံတွေ ပြု လုပ်ကြပါတယ်။

ချက်ပြုတ်ဘောင်းဘီ
Low-rise pants

၂၀၀၄ ခုနှစ်တုန်းက ခေတ်စားခဲ့တဲ့ ချက်ပြုတ် ဘောင်းဘီတွေကို အခုခေတ် ဆယ်လီတွေက တစ် ဖန် ပြန်လည် ဝတ်ဆင်နေကြပါပြီ။

အရောင် တောက်တောက်မျက်ခွံဆိုးခြင်း
Metallic eyelids

၂၀၀၀ ပြည့်နှစ်တုန်းက ခေတ်စားခဲ့တဲ့အရောင် တောက်တောက် မိတ်ကပ်တွေကို အခုတစ်ဖန် ပြန် လည်ြင်္ပီး အသုံးပြုနေကြပါပြီ။ အရောင်မှိန်တာတွေ က ပေါ်ပြူလာမဖြစ်တော့ပါဘူး။ မျက်ခွံကို သာမက နှုတ်ခမ်းကိုပါ အရောင်တောက်တောက်တွေ ဆိုး လာကြပါတယ်။

လှပတ္တမြား

Post Author: Good Health Journal