စူစူဖြိုးဖြိုးရင်သားပိုင်ဆိုင်ထားသူ မိန်းကလေး တွေရှိကြသလို တချို့လည်း ရင်သားက ပြားကပ်ကပ် ဖြစ်လို့ စိတ်မချမ်းမြေ့သူတွေလည်း ရှိကြပါတယ်။ ပြားကပ်တဲ့ရင်သားကြောင့် ကိုယ့်ကိုယ်ကိုယ် ဆွဲ ဆောင်မှုမရှိဘူးလို့ ယူဆနေပါသလား။ ရင်သားပြား ကပ်ကပ်ရှိသူတွေမှာ စူဖြိုးတဲ့ရင်သားရှိသူတွေထက် အားသာ ချက်တွေ ရှိနေတယ်ဆိုတာ လျစ်လျူရှုလို့ မရပါဘူး။
ဘရာစီယာမ၀တ်ဘဲ နေလို့ရတယ်
အပြင်ထွက်စရာမရှိဘဲ အိမ်မှာပဲ လုပ်စရာရှိတာ တွေ လုပ်မယ့်နေ့မျိုးမှာ အတွင်းခံ ဘရာစီယာ မ၀တ်ဘဲ လွတ်လွတ်လပ်လပ်နေမယ်ဆိုရင်လည်း ပြားကပ်ကပ်ရင်သားကြောင့် ဘာမှစိတ်မလုံမလဲ ဖြစ်စရာမရှိပါဘူး။ ရင်သားကြီးသူတွေကတော့ ဘရာ စီယာမ၀တ်ဘဲနေမယ်ဆိုရင် လှုပ်ခါနေတဲ့ရင်သား ကြောင့် သက်သောင့်သက်သာမဖြစ်သလို မြင်ရသူ တွေအတွက်လည်း အဆင်မပြေနိုင်ပါဘူး။
ရင်သားတွဲကျတာမျိုး မဖြစ်နိုင်ဘူး
ရင်သားသေးတာကြောင့် တွဲကျတာ မျိုးလည်း မဖြစ်နိုင်တဲ့ အားသာချက်ရှိပါတယ်။ တွဲကျနေတဲ့ ရင် သားက အမျိုးသမီးတစ်ယောက်ရဲ့ အလှတရားကို ဖျတ်ဆီးနေသလိုပါပဲ။
လူကိုပိုပြီး စိတ်ဝင်စားစေတယ်
ရင်သားကြီးတဲ့ မိန်းမသားတွေကို ဆန့်ကျင် ဘက်လိင်တွေက သဘောကျ နှစ်သက်ကြတယ်ဆို ပေမယ့် တကယ်အချစ်စစ်၊ အချစ်မှန်ဖြစ်ဖို့ မှန်ကန် ချင်မှ မှန်ကန်ပါလိမ့်မယ်။ ရင်သားပြားကပ်ကပ်ဖြစ် နေလို့ ဆန့်ကျင်ဘက်လိင်ကို မဆွဲဆောင်နိုင်ဘူးလို့ မထင်ပါနဲ့။ သင့်ကို အပြင်သဏ္ဌာန်ချစ်ခင်မှုထက် သင်ရဲ့အတွင်း စိတ်သဏ္ဌာန်ကို ပိုမိုချစ်ခင်တာ ကြောင့် ခိုင်မြဲတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရနိုင် စေပါတယ်။
ပိန်သွယ်သယောင် ထင်ရစေတယ်
ရင်သားသေးတာကြောင့် သင်ရဲ့ နဂို ရှိနေတဲ့ ခန္ဓာကိုယ်အနေအထားအောက် ပိန်သွယ်သယောင် ထင်ရစေပါတယ်။ ပိန်သွယ်ပြီး လှပတယ်လို့ ထင်မြင် ရစေတဲ့ ခန္ဓာကိုယ်အမျိုးအစားဖြစ်တာကြောင့် ကိုယ့် ကိုယ်ကိုယ် အားရစိတ်ကျေနပ်စေပါတယ်။
အသက်ရှူရကောင်းပြီး သက်သောင့်သက်သာ ဖြစ်စေတယ်
ရင်သားကြီးပြီး အတွင်းခံဘရာစီယာကို ပြည့် ကျပ်နေအောင် ၀တ်ဆင်ရတာကြောင့် အသက်ရှူရ ကျပ်သလို မြင်ရသူကလည်း စိတ်မသက်သာဖြစ် စရာပါ။ ရင်သားပြားကပ်ကပ် ရှိသူတွေကတော့ အတွင်းခံဘရာစီယာ ၀တ်ဆင်ထားပေမယ့် ချောင် ချောင်ချိချိနဲ့ သက်သောင့်သက်သာဖြစ်လို့ မြင်ရသူ အတွက်လည်း စိတ်ကျဉ်းကျပ်မှု မဖြစ်စေတော့ပါဘူး။
◘ ပန်းနွယ်လေး(ဆေးဝါး)