နံနက်အိပ်ရာထခါစမှာ ရေသောက်ပါ

နံနက်အိပ်ထခါစမှာ အောက်ပါအတိုင်းရေသောက်တာက သင့်အတွက် ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရရှိနိုင်ပါတယ်။
– အိပ်ရာထထချင်း သွားမတိုက်ခင် ရေလေးဖန်ခွက်သောက်ပါ။ တစ်ဖန်ခွက်နဲ့ အကျင့်စလုပ်ပြီး နောက်ရက်တွေမှာ တိုးတိုးပြီးသောက်ပါ။
– ရေသောက်ပြီး ၄၅ မိနစ်အတွင်း ဘာမှမစားပါနဲ့။
– ၄၅ မိနစ်နောက်ပိုင်း ပုံမှန် အတိုင်းစားသောက်ပါ။

ရရှိနိုင်သောကောင်းကျိုး
————————-
#ဇီဝရုပ်ဖြစ်စဉ်ပိုမိုကောင်းမွန်နိုင်ပါတယ်
ဒီအကျင့်ပြုလုပ်ပြီး ရက်အနည်းငယ်အကြာမှာ မကြာခဏဗိုက်ဆာနေတာမျိုး မရှိနိုင်တော့ပါ။ တစ်စွတ်စွတ် စားချင်စိတ် လျော့နည်း သွားနိုင်ပါတယ်။

#ကိုယ်အလေးချိန်ကျဆင်းနိုင်ပါတယ်
အစာခြေစနစ်လုပ်ငန်းစဉ် နှေးကွေးတာရယ်၊ ဗိုက်မဆာတော့တာရယ်ကြောင့် ကိုယ်အလေးချိန် ကျဆင်းနိုင်ပါတယ်။

#ပိုမိုလန်းဆန်းပြီးကျန်းမာရေးပိုကောင်းမွန်နိုင်ပါတယ်
အိပ်ရာထခါစ ရေသောက်တာက ကိုယ် တွင်းအဆိပ်အတောက်ကို အလွယ်တကူ ဖယ်ရှားနိုင်တာကြောင့် ပေါ့ပါးလန်းဆန်း နိုင်ပါတယ်။

#ရင်ပူဝေဒနာသက်သာနိုင်ပါတယ်
ဒီအကျင့်ကြောင့် အစာမကြေတာနဲ့ ရင်ပူဝေဒနာ သက်သာနိုင်ပါတယ်။

#အရွယ်တင်နုပျိုနိုင်ပါတယ်
ဒီအကျင့်ကြောင့် မျက်နှာပေါ်က အရေးကြောင်းတွေ ပျက်ပြယ်သွားပြီး အသားအရေစိုပြည်တောက်ပြောင် ဝင်းလက်ကာ အရွယ်တင်နုပျိုနိုင်ပါတယ်။

#ဆံသားကျန်းမာနိုင်ပါတယ်
ဆံသားအဖျားနှစ်ခွဖြစ်လွယ်သူ၊ ဆံသားကျိုးလွယ်သူ၊ ဆံပင်ကျွတ် လွယ်သူတွေက ဒီအကျင့်ကို ပြုလုပ်နိုင်ရင် ဆံသားတောက်ပြောင်ပြီး ဆံပင်အကျွတ် နည်းနိုင်ပါတယ်။

#ဆီးလမ်းကြောင်းပိုးဝင်ရောဂါမဖြစ်အောင်ကာကွယ်နိုင်ပါတယ်
မကြာခဏ ဆီးလမ်းကြောင်းပိုးဝင် ရောဂါ ဖြစ်တတ်သူတွေက ဒီအကျင့် ကို ပြုလုပ်ပေးနိုင်ရင် ပိုးသတ်ဆေး သောက်စရာတောင် မလိုတော့ပဲ ရောဂါသက်သာ နိုင်ပါတယ်။

#ဖျားနာခြင်းကင်းဝေးနိုင်ပါတယ်
ဒီအကျင့်က ခုခံအားစနစ်ကိုကောင်းမွန်စေနိုင်တဲ့ အတွက် ဖျားနာခြင်း ကင်းဝေးနိုင်ပါတယ်။

စာဖတ်သူအားလုံး ကိုဗစ်အန္တရာယ်မှ လွတ်ကင်းပြီး ကျန်းမာကြပါစေ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal