ရာသီဥတုကွဲလွဲမှုနှင့် ပြောင်းလဲခြင်းအပေါ် ကူးစက်ရောဂါအခြေအနေ

ရာသီဥတုပြောင်းလဲခြင်းအကြောင်း
ကျွန်ုပ်တို့သည် ၂၀ ရာစုကျော်လာ သည်နှင့်အမျှ ရာသီဥတု ပြောင်းလဲလာ သည်ကို ပိုမို ကြုံတွေ့ခံစားလာရပါသည်။ မိုးရွာသွန်းမှုနည်းခြင်း၊ ပုံမှန်ထက် ပိုမို အပူရှိန်ပိုကဲခြင်း၊ ပိုမိုအေးသော ဆောင်း ရာသီရရှိခြင်း စသည်တို့သည် ပုံမှန်ဖြစ် ပေါ်လေ့ရှိသော ရာသီစံနှုန်းများနှင့် ဖီ သွယ်ပြောင်းလဲလျက်ရှိပါသည်။ ထိုဖြစ် စဉ်ကို ရာသီဥတု ပြောင်းလဲခြင်း ဖြစ် သည်ဟု ယေဘုယျအားဖြင့် သတ်မှတ် နိုင်သည်။
မြန်မာပြည်တွင်မူ သစ်တောပြုန်း တီးမှုသည် ရာသီဥတုပြောင်းလဲခြင်း၏ အဓိက အကြောင်းပြချက်ဖြစ်ပြီး တခြား ဖွံ့ဖြိုးသော နိုင်ငံများတွင်မူ ကျောက်ဖြစ် ရုပ်ကြွင်းလောင်စာများ လောင်မြိုက်ခြင်း သည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ် စေသော ပထမအချက်ပင်ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုများတွင် လေ ထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ ပိုမိုများပြားလာသည်သာ မက လူတို့၏ပြုမူလုပ်ဆောင်မှုများ ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့များ ပိုမိုများ ပြားလာပါသည်။ ထိုဖန်လုံအိမ်ဓာတ်ငွေ့ များသည် နေရောင်ခြည်အပူဓာတ်အား လေထုအတွင်းတွင် ပိတ်လှောင်စေကာ ကမ္ဘာ့မျက်နှာပြင်၊ လေထုနှင့်ရေထုတို့ ကို ပိုမိုပူလောင်စေပြီး ရာသီဥတုပြောင်းလဲမှုကိုဖြစ်ပေါ်စေသည်။
ကမ္ဘာကြီးပိုမိုပူနွေးလာသဖြင့် သမုဒ္ဒ ရာရေများပိုနွေးလာသည့်အပြင် အပူ ရှိန်များမှုကြောင့် ရေခဲစွန်းဒေသများတွင် ပင် ရေခဲများအရည်ပျော်ကြသည်ကို အများစု နားလည်ထားကြပါသော်လည်း ထိုရာသီဥတုပြောင်းလဲမှုများကြောင့် ကူးစက်ရောဂါပြန့်ပွားမှုများ ဖြစ်ပေါ်လာ ခြင်းကိုတော့ ထဲထဲဝင်ဝင် တင်ပြပြောဆို ခြင်း နည်းပါးနေသေးသည်ဟု ယူဆ နိုင်ပါသည်။

ရာသီဥတုပြောင်းလဲမှုနှင့် ကူးစက်ရောဂါ
ကူးစက်ရောဂါများသည် ရေ၊ လေ၊ မြေမှတစ်ဆင့်၊ အစားအသောက်မှတစ် ဆင့်၊ လိင်ဆက်ဆံရာမှတစ်ဆင့်၊ သွေးမှ တစ်ဆင့်၊ မိခင်၏အချင်းတိုင်မှတစ်ဆင့်၊ ခြင်၊ ယင်၊ လှေး စသော ကျောရိုးမရှိသော အကောင်များမှတစ်ဆင့်၊ ကျောရိုးရှိ တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်ပုံအမျိုး မျိုးဖြင့် ကူးစက်နိုင်ပါသည်။
မြန်မာနိုင်ငံတွင်မူ အဖြစ်များသော ကူးစက်ရောဂါများသည် တီဘီ၊ အိတ်ချ် အိုင်ဗီနှင့် ငှက်ဖျားရောဂါများဖြစ်ပြီး အပူ ပိုင်းရောဂါများသည်လည်း ဒုတိယအဖြစ် များဆုံးဖြစ်သည်။ ရာသီဥတုအခြေအနေ သည် ရောဂါပိုးမွှားများ ပျံ့နှံ့ခြင်းအပေါ်သက်ရောက်မှုရှိသဖြင့် ရာသီဥတုပြောင်း လဲခြင်းသည် ကူးစက်ရောဂါပြန့်ပွားမှုနူန်း နှင့် ပြန့်ပွားမှုပုံစံကို ထိရောက်စေနိုင်ပါ သည်။ ဥပမာ သွေးလွန်တုပ်ကွေး၊ ဆင် တုပ်ကွေးတို့ကို ဖြစ်စေသော ပိုးကိုသယ် ဆောင်သော အေဒီးစ်အီဂျစ်တီ (Aedes ageypti) ခြင်မျိုးသည် ရာသီဥတုအခြေ အနေအလျောက် မျိုးရိုးဗီဇ ပြောင်းလဲနိုင် ရုံသာမက ခြင်၏ မျိုးပွားနှုန်းနှင့် ခံနိုင် ရည်ကိုပါ ပြောင်းလဲနိုင်သည်။ တစ်နည်း အားဖြင့်ဆိုသော် အပူချိန်ပြောင်းလဲမူ၊ မိုးရွာသွန်းမူများခြင်း (သို့) နည်းခြင်း သည် ထို ခြင်၊ ယင်၊ လှေး စသောပိုး ကောင်များ၏ နေထိုင်မူနှင့် ပေါက်ဖွားနှုန်း ကို ပြောင်းလဲစေသဖြင့် ပိုမိုကူးစက်နိုင် သော အခြေအနေကို ရောက်လာတတ်ပါ သည်။ ထိုမျှမက ရေကြီးရေလျှံခြင်း ကြောင့်ဖြစ်ပေါ်သော၊ ရေမှတစ်ဆင့် ကူး စက်နိုင်သော ကာလဝမ်းရောဂါများ၊ ထို ရေများ၊ မြေများမှတစ်ဆင့် သန်ကောင် တုတ်ကောင်များ၏ ဥများသည် အစား အသောက်များတွင်လည်း ပါဝင်ကာ ဖျားနာ ကူးစက်နိုင်ပါသည်။ ရာသီဥတု ပြောင်းလဲမူများကြောင့် ရေ၊ မြေ၊ လေ အခြေအနေတို့ကို ပြောင်းလဲစေကာ ဖြစ် ပေါ်လာသော ကူးစက်ရောဂါများသည် လူ၊ တိရစ္ဆာန်၊ ကမ္ဘာမြေကြီးတို့၏ ကျန်း မာရေးကို သက်ရောက်ထိခိုက်စေသော ဥတုရာသီ ဖောက်ပြန်ပြောင်းလဲခြင်းတို့၏ အကျိုးဆက်များသာ ဖြစ်ပါသည်။

အယ်လ်နီညို အပူလှိုင်းနှင့် ကူးစက်ရော ဂါအဖုံဖုံ
၂၀၁၅- ၂၀၁၆ တွင်ဖြစ်ပေါ်ခဲ့သော အယ်နီညိုကြောင့် မိုးရွာသွန်းမှု၊ ကမ္ဘာ့ မြေမျက်နှာပြင်အပူချိန်နှင့် သစ်တော ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။ ထို ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှု များကြောင့် ကမ္ဘာတစ်ဝန်းတွင် ကူးစက် ရောဂါ ဖြစ်ပွားခြင်းများ အများအပြား ဖြစ်ပေါ်ခဲ့သည်။ ထိုဖြစ်ပွားမှုများတွင် အနောက်နိုင်ငံများတွင် ဖြစ်လေ့ဖြစ်ထမ ရှိသောရောဂါများ ဖြစ်ပေါ်လာခဲ့သည်။ အမေရိကန်နိုင်ငံ နေရာအချို့တွင် ထို အယ်လ်နီညိုကြောင့် မိုးများပိုမိုရွာသွန်းမှု ဖြစ်ပေါ်၍ အပူချိန်နည်းပါးမှုကြောင့် သီး ပင်စားပင်များ ပိုထွက်လာပါသည်။ ထို သီးပင်စားပင်များ တိုးပွားမှုသည် ကြွက် များအတွက်အစာဖြစ်စေပြီး ကြွက်များမှ ကူးစက်သော ပာန်တာရောဂါကူးစက်မှုများဖြစ်ပေါ်ခဲ့သည်။ ဖြစ်စဉ်မှာ ရာသီဥတု ပြောင်းလဲမှုကြောင့် ပာန်တာပိုးသယ် ဆောင်သော ကြွက်များ အရေအတွက် များလာပြီး ကြွက်တို့၏ကျင်ငယ်ရေ၊ မစင်များမှ လူများထံသို့ ကူးစက်စေကာ ပာန်တာရောဂါဖြစ်ပွားမူဖြစ်ပေါ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အရှေ့အာဖရိက နိုင်ငံအချို့တွင်လည်း အယ်လ်နီညိုကြောင့် ကာလဝမ်းရောဂါများဖြစ်ပေါ်ခဲ့ကာ မြန် မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံ များတွင်လည်း သွေးလွန်တုပ်ကွေး ပိုမိုကူးစက်မှုများဖြစ်ကာ တောင်အမေရိ ကရှိ ဘရာဇီးနိုင်ငံတွင်လည်း အယ်လ်နီ ညို၏ ရိုက်ခိုက်မူတစ်ခုဖြစ်သော သွေး လွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အမြောက် အမြား ရှိခဲ့ပါသည်။ ထိုသို့ပင်ဆိုလျှင် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုမှတစ်ဆင့် ကူးစက်ရောဂါများ ပြန့်ပွားနိုင်သည်ဆိုသည်မှာ အငြင်းပွား ဖွယ်မရှိနိုင်ပါ။

ကိုရိုနာကပ်ဘေးနှင့် ရာသီဥတု ပြောင်း လဲမူ
အထက်တွင်ဆိုခဲ့သည့်အတိုင်း ရာသီဥတုပြောင်းလဲမှုသည် လူသားတို့၏ ကျန်းမာရေးသာမက တိရစ္ဆာန်များအပါ အဝင် ကျွန်ုပ်တို့ ကမ္ဘာပတ်ဝန်းကျင်၏ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်၏ မူလအမြဲနားခိုရာ သည် လင်းနို့များဖြစ်သည်။ လင်းနို့များ သည် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းသိမ်းထား သူများသာဖြစ်ပြီး လင်းနို့တွင် ကိုရိုနာ ရောဂါမဖြစ်နိုင်ပါ။ လူသားတို့၏ နေရာချဲ့ ခြင်း၊ ရာသီပြောင်းလဲမှုများကြောင့် ထို ဗိုင်းရပ်စ်သယ်ဆောင်သော လင်းနို့များ သည် အခြားတောရဲတိရစ္ဆာန်များဖြင့် ထိတွေ့ကာ ကိုရိုနာရောဂါပိုးကိုပေးနိုင်သည်ဟု ကောက်ချက်ချ တွေးခေါ်ပါစို့။ ဥပမာ- သင်းခွေချပ်များသည် လူတို့ဆီ သို့ ပိုးကို ကူးစက်နိုင်စေသော ကြားခံ သတ္တဝါဟု သုတေသနများကဖော်ပြ ပါသည်။ ထိုသင်းခွေချပ်များသည်လည်း တရုတ်နိုင်ငံထံသို့ အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် ဖမ်းဆီးပို့ပေးရောင်းချလေ့ ရှိပါသည်။ ထိုကိုရိုနာကပ်ရောဂါ ဖြစ်ရပ် ၏ အသေးစိတ်ဇာစ်မြစ်ကို မသိသေး သော်လည်း ရာသီဥတု ပြောင်းလဲခြင်း ကြောင့် ကပ်ရောဂါများဖြစ်တတ်သော အလေ့ရှိသည်ဆိုသည်မှာ ပိုမိုသတိထား ရမည်ဖြစ်သော အကြောင်းအရာဖြစ်ပါ သည်။
တဖက်မှကြည့်လျှင်လည်း ထိုကိုဗစ် ကြောင့် လူများ အိမ်ထဲတွင်သာနေသော အချိန်ကာလများ၊ ကား၊ စက်ရုံ ယန္တရား များ ရပ်တန့်သွားသောအခါတွင် လေထု ညစ်ညမ်းမှုများ၊ ကာဗွန်ဒိုင်အောက် ဆိုဒ်များ လေထုထဲတွင် နည်းသွားရုံသာ မက ရေ၊ မြေ၊ လေ သန့်စင်စေခဲ့သော ကာလများဖြစ်ပါသည်။

ဒါဆို ဘယ်လိုကာကွယ်ကြမလဲ
ကူးစက်ရောဂါများသည် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်စေနိုင်သဖြင့် ပထမဆုံး အရေးကြီးဆုံးမှာ (၁) ကူးစက် ရောဂါပြန့်ပွားမှုသည် ရာသီဥတုပြောင်း လဲမှုကြောင့် ဖြစ်နိုင်သည်ဟူသော အသိ အမြင်ရှိမှုပင် ဖြစ်သည်။ ထိုအခါ ဖွ့ံဖြိုးမှု နည်းသော မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံ များတွင် ပတ်ဝန်းကျင်ပြောင်းလဲမှုဆိုင် ရာ အကြောင်းအရာများနှင့် တစ်ကိုယ်ရေ ကျန်းမာရေးအသိကို အခြေခံပညာရေး သင်ရိုးတွင် ထည့်သွင်းသင်ကြားပေးခြင်း ဖြင့် နောင်အနာဂတ် မျိုးဆက်များသည် ကျန်းမာရေးလိုက်စား၍ ဥတုရာသီနှင့် သဘာဝကို ကာကွယ်နိုင်မည်ဟု ထင်ပါ သည်။(၂) နိုင်ငံတော် ကျန်းမာရေးမူဝါဒ တွင်လည်း လက်ရှိကူးစက်ရောဂါတိုက်ဖျက်ရေးမူကြမ်းတွင် ရာသီဥတုပြောင်းလဲ မှုနှင့်ဆက်စပ် ကူးစက်ရောဂါများ အခန်း သစ် တစ်ခုထည့်ရှိစေပြီးသာမက ကျန်း မာရေးလုပ်သားများနှင့် ပြည်သူလူထုကို ပိုမိုသတိထား အသိအမြင်ရစေရန် နှိုး ဆော်လုပ်ဆောင်သင့်သည်။ (၃) ကမ္ဘာ မြေကျန်းမာအောင် ပတ်ဝန်းကျင်စိမ်း လန်းစိုပြည်စေ၍ ရာသီဥတုမဖောက်ပြန် အောင် လူ့ကျန်းမာရေး၊ တိရစ္ဆာန်ကျန်း မာရေးနှင့် ပတ်ဝန်းကျင်ကျန်းမာရေး စသောရှုထောင့်ကို ပိုမို အလေးထားသင့် ပါသည်။(၄) ရာသီဥတုမှန်ကန်လျှင် တို့ကမ္ဘာကြီး ကျန်းမာလျှင် သစ်ပင်တော တောင် လေ၊ ရေ၊ မြေ များကျန်းမာမည် ဖြစ်ပြီး သတ္တဝါများ ကျွန်ုပ်တို့အားလုံး လည်း ကူးစက်ရောဂါဒဏ်ကို လျှော့ချနိုင် မည်ဖြစ်သည်။

ကမ္ဘာကျန်းမာမှ အားလုံးကျန်းမာမည်
ထို့ကြောင့် ကပ်ရောဂါဆိုးကြီး ဖြစ် ချိန်တွင် အိမ်တွင်နေခြင်းဖြင့် ပတ်ဝန်း ကျင်ကို သွယ်ဝိုက်၍ကာကွယ်နိုင်လျှင် ကျွန်ုပ်တို့သည် ရှေ့လျှောက်ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို ထိန်းသိမ်းရန် တစ်နိုင်တစ်ပိုင် ပလတ်စတစ်လျှော့ သုံးခြင်း၊ ကားစီးမည့်အစား စက်ဘီး(သို့) လမ်းလျှောက်ခြင်း၊ သစ်ပင်များကို စိုက် ပျိုးထိန်းသိမ်းခြင်း၊ အမှိုက်သရိုက်များကို ရေထဲမပစ်ခြင်း စသော သေးမွှားသော အပြုအမှုလေးသည် ကမ္ဘာ့မြေပြင်၊ ရေ၊ လေကိုသန့်စင် သန့်ရှင်းစေနိုင်ပါသည်။ မင်တစ်စက်ကြောင့် ပင်လယ်ပြာမသွား နိုင်သော်လည်း မိမိ၏လုပ်ငန်းစဉ် အ သေးစားများဖြင့်လည်း တို့ကမ္ဘာကြီးကို ကယ်တင်နိုင်ပါသည်။

စိုးယုနိုင် (MSc in Infectious Diseases and One Health)

Post Author: Good Health Journal