နှုတ်ခမ်းဖူးဖူးလေးဖြစ်ဖို့ Filler ထိုးမယ်ဆိုရင်

ယနေ့ခေတ် အလှအပဆိုင်ရာ ကဏ္ဍမှာ Dermal Filler တွေဟာ ပေါ်ပြူလာဖြစ်လာပါတယ်။ အရေးကြောင်းတွေပျောက်အောင် ထိုးဆေးတွေ ထိုးတာတင်မဟုတ်တော့ဘဲ နှုတ်ခမ်း အရွယ်အစားပြည့်ဖူးဖို့ ထိုးဆေးတွေ ထိုးလာပါတယ်။ အရင်က ကိုလာဂျင်ကို နှုတ်ခမ်းသားပြည့်ဖူးဖို့ ထိုးခဲ့ကြပေမဲ့ ယနေ့ခေတ်မှာတော့ အသုံးနည်းသွားကြပါပြီ။ အဆီနဲ့ implants တွေကိုလည်း ထိုးသွင်းခဲ့ကြပြီး Side Effects တွေ များတဲ့အတွက် အဲ့ဒီ Methods တွေကို လည်း မသုံးကြတော့ပါဘူး။ နှုတ်ခမ်းသား ပြည့်ဖူးစေတဲ့ ထိုးဆေးတွေ အမျိုးမျိုး ရှိတဲ့အနက် ယနေ့ခေတ်မှာ ပေါ်ပြူလာ အဖြစ်ဆုံးက Hyaluronic acid ဖြစ်ပါတယ်။ 

ဒီဆောင်းပါးမှာတော့ Dermal Filler ဆိုတာ ဘာလဲ၊ ထိုးဖို့ စိတ်ကူးထားတယ်ဆိုရင် ဘာတွေကို အရင် သိထားရမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Hyaluronic Acid ဆိုတာ –
Hyaluronic Acid က ခန္ဓာကိုယ်တွင်းမှာ သဘာဝ အတိုင်းရှိနေပြီး မျက်လုံးတစ်ဝိုက်နဲ့ အရိုးအဆစ်တွေမှာ အများဆုံးတွေ့ရပါ တယ်။ Hyaluronic Acid ကို ဆေးအဖြစ် ထုတ်လုပ်ဖို့ ဆိုရင် Rooster Combs ဒါမှမဟုတ် ဓာတ်ခွဲခန်းမှာ ဘက်တီးရီးယားတွေကနေ ထုတ်လုပ်ပါတယ်။ အရိုးအဆစ်ကိုက်ခဲတာတွေအတွက် သောက်ဆေးအဖြစ် ထုတ်လုပ်ထားပြီး မျက်လုံးခွဲစိတ်မှုတွေ ပြုလုပ်တဲ့အခါမှာလည်း ခွဲစိတ်လိုက်လို့ လျော့သွားတဲ့ မျက်လုံးတစ်ဝိုက်က Hyaluronic Acid အရည်တွေကို အစားထိုးဖြည့်တင်းပေးဖို့ အသုံးပြုပါတယ်။ အရေပြား မီးလောင် ဒဏ်ရာ၊ Skin Ulcers နဲ့ အသားအရည် အစိုဓာတ် ထိန်းပေးဖို့လည်း လိမ်းတာရှိပါတယ်။ Hyaluronic Acid က အိုမင်းရင့်ရော်တာကို ကာကွယ်နိုင်တယ်လို့ ဆိုကြပေမဲ့ နုပျိုဖို့အတွက် Hyaluronic Acid ကို ဆေးအဖြစ်သောက်ရမှာလား၊ အရေပြားပေါ်လိမ်းရမှာလား၊ ဘယ်ဟာက ပိုပြီး Effective ဖြစ်လဲ ဆိုတာကိုတော့ တိကျတဲ့ အဖြေ မပေးနိုင်သေးပါဘူး။ နောက်ပြီး ခေတ်စားလာတဲ့ ပလက်စတစ်ဆာဂျရီ ကဏ္ဍမှာ Hyaluronic Acid ကို နှုတ်ခမ်းပြည့်ဖူးဖို့အတွက် ထိုးဆေးအနေနဲ့ အသုံးပြုလာကြပါတယ်။

Hyaluronic Acid Fillers
Hyaluronic Acid က နှုတ်ခမ်း ပုံသဏ္ဍန်၊ တည်ဆောက်ပုံ၊ ထုထည်တွေကို ပြောင်းလဲပေးနိုင်ပါတယ်။ ထိုးဆေးအာနိသင်က အများဆုံး ခြောက်လလောက်ခံမှာဖြစ်ပြီး ဒီအတိုင်းဆက်ပြီး တာရှည်ခံချင်ရင် ထိုးဆေးထပ်မံထိုးရမှာ ဖြစ်ပါတယ်။ Hyaluronic Acid ထိုးဆေးကို အမှတ်တံဆိပ်မျိုးစုံနဲ့ ထုတ်လုပ်ထားထာ ဈေးကွက်အတွင်းမှာ ရှိပါတယ်။

ဒါတွေကို သတိပြုပါ
သင်အသုံးပြုမယ့် Hyaluronic Acid ထိုးဆေးရဲ့ အမှတ်တံဆိပ်က FDA Approved ဖြစ်ရပါမယ်။ နောက်ပြီး ထိုးဆေးထိုးပေးမယ့် ဆရာဝန်ရဲ့ အတွေ့အကြုံ၊ လုပ်သက်၊ ကျွမ်းကျင်မှုက အရေးကြီးပါတယ်။

Hyaluronic Acid ရဲ့ အားသာချက်တွေကတော့ –
_ ထိုးသွင်းမယ့် ထိုးဆေးရဲ့ ပမာဏကို ထိန်းညှိပေးနိုင်တာကြောင့် လိုချင်တဲ့ အနေအထားရပြီဆိုရင် အချိန်မရွေး ရပ်လိုက်လို့ရပါတယ်။
_ သင်လိုချင်တဲ့ ရလဒ်မရမချင်း ရက်ချိန်း ထပ်လုပ်ပြီး ထပ်မံ ပြုပြင်နိုင်ပါတယ်။
_ တခြား Dermal Fillers တွေနဲ့ ယှဉ်ရင် အနာရွတ် ဖြစ်နိုင်ခြေနည်းပြီး ရောင်ရမ်းမှု ဖြစ်တာလည်း နည်းပါတယ်။
_ ရလဒ်က ပုံသေမဟုတ်ပေမဲ့လည်း တာရှည်ခံပါတယ်။
_ Hyaluronic Acid က ခန္ဓာကိုယ်တွင်းမှာ သဘာဝအတိုင်း တွေ့ရတဲ့ ဒြပ်ပေါင်းဖြစ်တာကြောင့် ဓာတ်မတည့်မှု ဖြစ်နိုင်ခြေနည်းပါတယ်။ ဒါပေမဲ့ ထိုးဆေး ဖော်မြူလာမှာ lidocaine ပါဝင်နိုင်တာ ကြောင့် lidocaine နဲ့ မတည့်သူဖြစ်ရင် ဆရာဝန်ကို ကြိုတင်အသိပေးပါ။

Side Effects တွေက ဘာတွေရှိလဲ
နှုတ်ခမ်းသားထဲထိုးဆေးထိုးတဲ့အခါ သွေးအနည်းငယ်ထွက်ပါမယ်၊ ထိုးဆေးထိုးထားတဲ့ နေရာတစ်ဝိုက်မှာ ရောင်ရမ်းတာ၊ နီမြန်းတာ၊ ထုံကျင်တာ ဖြစ်နိုင်ပါတယ်။ ဒါတွေက ခဏတာပဲ ဖြစ်မှာဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာ ပျောက်သွားမှာပါ။ ထိုးဆေးထိုးတုန်း ပိုးဝင်သွားတယ်ဆိုရင်တော့ ယားယံတာပါ ဖြစ်လာပြီး အရေပြာတစ်သျှူးပျက်စီးတာ ဖြစ်လာနိုင်ပါတယ်။ နှုတ်ခမ်းပုံသဏ္ဍန် တစ်ဖက်နဲ့တစ်ဖက်မတူတာ၊ အနာရွတ်ထင်တာ၊ အရေပြားတစ်သျှူးမာခဲတာတွေလည်း ဖြစ်တတ်ပါတယ်။

ဘယ်သူတွေ မလုပ်သင့်ဘူးလဲ
သင်ဟာ နှုတ်ခမ်းသားပြည့်ဖူးဖို့ ထိုးဆေးထိုးမယ်ဆိုရင် ကျန်းမာရေး ကောင်းနေဖို့နဲ့ ဆေးလိပ်မသောက်ဖို့ လိုပါတယ်။ နှုတ်ခမ်းရေယုံပေါက်တဲ့သူ၊ သွေးခဲနိုင်ခြေများတဲ့သူ၊ ဆီးချိုသွေးချိုရှိသူ၊ Lupus ရောဂါရှိသူတွေ မလုပ်သင့်ပါဘူး။

 ♥ #ထူးဒါလီကိုကို (M. Sc. in Pharm) ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *