ခန္ဓာကိုယ်အတွက် ဘယ်ဗီတာမင်တွေ လိုအပ်သလဲ (၁)

ဗီတာမင် ဖြည့်စွက်ဆေးသောက် မယ်ဆိုရင် ဘယ်ဗီတာမင်က ဘာအတွက် ကောင်းတာလဲဆိုတာ သိဖို့လိုပါတယ်။
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီ တာမင်နဲ့ သတ္တုဓာတ်တွေကို ကျန်းမာ ရေးနဲ့ညီတဲ့ စားစရာတွေကနေ ရရှိနိုင် သလို ဖြည့်စွက်ဆေးတွေလည်း မှီဝဲနိုင် ပါတယ်။ ဒီစာမှာ ဗီတာမင်တစ်ခုချင်းစီက ကျန်းမာရေးကို ဘယ်လိုအကျိုးပြုတယ် ဆိုတာရယ်၊ ဒီဗီတာမင်တွေရရှိအောင် ဘာတွေစားမလဲဆိုတာကို ရှင်းပြထားပါ တယ်။
ဗီတာမင်တွေထဲမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီအုပ်စု (B1, B2, B3, B5, B6, B12), Vitamin B7 (Biotin), Vitamin B9 (Folic Acid), Vitamin C, Choline, Vitamin D, Vitamin E, Vitamin K တွေပါဝင်ပါတယ်။

ဗီတာမင် အေ
Vitamin A (Retinol, Retinal, Retinyl esters, Retinoic acid, Alpha/Beta carotene)
မျက်စိအမြင်အာရုံကျန်းမာရေးအ တွက် အဓိကလိုအပ်ပါတယ်။ အရိုးကျန်း မာရေး အထောက်အကူပြုပြီး ကိုယ်ခံ စွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။ ကယ်ရိုတီးနွိုက်နွယ်ဝင်ဖြစ်တဲ့ လူတင်း (Lutein) ဇမ်သင်(Zeaxanthin) တွေကလည်း အမြင်အာရုံအတွက် အထောက်အကူပြုပါတယ်။

ဗီတာမင် အေ ရရှိနိုင်သောစားစရာများ
ဟင်းနုနယ်၊ ကိုက်လန်၊ မုန်လာဥနီ၊ ဖရုံသီး၊ ကန်စွန်းဥ၊ ခရမ်းသီး၊ သရက်သီး၊ ဥအမျိုးမျိုး၊ နွားနို့၊ ထောပတ်၊ ချိစ်၊ ငါး၊ ပုစွန်၊ အမဲသား၊ အသည်း။

ဗီတာမင် ဘီ ၁
Vitamin B1 (Thiamine)
အာရုံကြောကျန်းမာရေးအတွက် အဓိက လိုအပ်ပါတယ်။ စားလိုက်တဲ့အ စားအစာကနေ စွမ်းအင်ထုတ်လုပ်ဖို့ ကူ ညီပေးပြီး ဆံကေသာ၊ အရေပြား၊ ကြွက် သားနဲ့ ဦးနှောက်ကျန်းမာရေးကို အ ထောက်အကူပြုပါတယ်။

ဗီတာမင် ဘီ ၁ ရရှိနိုင်သောစားစရာများ
ဆန်လုံးညို၊ ပဲနို့၊ ဖရဲသီး၊ ဝက်ပေါင် ခြောက်၊ ဝက်သား။

ဗီတာမင် ဘီ ၂
Vitamin B2 (Riboflavin)
စားလိုက်တဲ့အစားအစာကနေ စွမ်း အင်ထုတ်လုပ်ဖို့ ကူညီပေးပြီး ဆံကေသာ၊ အရေပြား၊ သွေးနဲ့ ဦးနှောက်ကျန်းမာရေး ကို အထောက်အကူပြုပါတယ်။

ဗီတာမင် ဘီ ၂ ရရှိနိုင်သောစားစရာများ
အစိမ်းရင့်ရောင် ဟင်းသီးဟင်း ရွက်၊ အပင်အနှံ (Grains & Cereals)၊ ဥအမျိုးမျိုး၊ အသားအမျိုးမျိုး၊ နွားနို့၊ ဒိန် ချဉ်၊ ချိစ်။

ဗီတာမင် ဘီ ၃
Vitamin B3 (Niacin, Nicotinic Acid)
စားလိုက်တဲ့အစားအစာကနေ စွမ်း အင်ထုတ်လုပ်ဖို့ ကူညီပေးပြီး အရေပြား၊ သွေး၊ ဦးနှောက်နဲ့ အာရုံကြော ကျန်းမာ ရေးကို အထောက်အကူပြုပါတယ်။

ဗီတာမင် ဘီ ၃ ရရှိနိုင်သောစားစရာများ
အပင်အနှံ၊ အာလူး၊ မှို၊ မြေပဲထောပတ်၊ ငါး၊ အသားအမျိုးမျိုး။

ဗီတာမင် ဘီ ၅
Vitamin B5 (Pantothenic Acid)

စားလိုက်တဲ့အစားအစာကနေ စွမ်း အင်ထုတ်လုပ်ဖို့ ကူညီပေးပြီး နာ့ဗ်ကြော၊ အဆီဆဲလ်၊ စတီးရွိုက်ဟော်မုန်း၊ ဟေမို ဂလိုဘင် ထုတ်လုပ်ဖို့ အထောက်အကူပြု ပါတယ်။

ဗီတာမင် ဘီ ၅ ရရှိနိုင်သောစားစရာများ
အပင်အနှံ၊ ဘရိုကိုလီ၊ မှို၊ ထောပတ် သီး၊ ခရမ်းချဉ်သီး၊ ကြက်ဥအနှစ်၊ ကြက် သား။

ဗီတာမင် ဘီ ၆
Vitamin B6 (Pyridoxine, Pyridoxal, Pyridoxine, Pyridoxamine)
နှလုံးရောဂါဖြစ်စေနိုင်တဲ့ ဟိုမိုစစ်စ တင်းကို လျော့ကျစေနိုင်ပါတယ်။ အိပ် ပျော်၊ စားဝင်စေဖို့ ကူညီပေးပြီး ကိုယ်ခံ စွမ်းအားစနစ်အတွက် သွေးနီဥဆဲလ် တွေ ထုတ်လုပ်ပေးပါတယ်။

ဗီတာမင် ဘီ ၆ ရရှိနိုင်သောစားစရာများ
ငှက်ပျောသီး၊ ဖရဲသီး၊ အာလူး၊ ပဲပုပ်၊ တိုဟူး၊ ပဲသီးအမျိုးမျိုး(Legumes)၊ ငါးအမျိုး၊ အသားအမျိုးမျိုး။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal