မိတ်ကပ်ဘရပ်ရှ်တွေကပြောတဲ့ သူတို့အကြောင်း 

အလှကုန်ပစ္စည်း အတော်များများက ဈေးမသက်သာလှပါဘူး။ နောက်ပြီး ဘယ်အလှကုန်ပစ္စည်းမဆို တစ်သက်စာလုံး အသုံးမခံပါဘူး။ သူ့သက်တမ်းမကုန်ခင်မှာတောင် ပျက်ဆီးသွားတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပျိုမေတိုင်းဟာ သူတို့ရဲ့ အလှကုန် ပစ္စည်းတွေကို တတ်နိုင်သလောက် ကြာကြာအသုံးခံအောင် ထိန်းသိမ်းစောင့်ရှောက်ချင်ကြပါတယ်။


အရင်ခေတ် မိတ်ကပ်တွေ စပေါ်တုန်းကဆိုရင် အားရပါးရ လက်နဲ့ယူပြီး လိမ်းခဲ့ကြတာ။ ခုခေတ်မှာတော့ မိတ်ကပ်လိမ်းဖို့ ရေမြှုပ်ပုံစံမျိုးစုံ (Makeup Sponge)၊ ဘရပ်ရှ်ပုံစံမျိုးစုံ နဲ့ ဆီလီကွန် Sponge ဆိုတာတွေလည်း ပေါ်လာပါပြီ။ ဒီဆောင်းပါးမှာတော့ မိတ်ကပ်ဘရပ်ရှ်တွေကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတဲ့အကြောင်း ဖော်ပြလိုက်ပါတယ်။

မိတ်ကပ်ဘရပ်ရှ်ဘယ်နှမျိုးရှိလဲ

မိတ်ကပ်ဘရပ်ရှ်တွေမှာ  Natural နဲ့ Synthetic ဆိုပြီး နှစ်မျိုးရှိပါတယ်။ Natural ဆိုတဲ့ အဓိပါယ်က သဘာဝက ရတာပေါ့။ Natural မိတ်ကပ်ဘရပ်ရှ်တွေကို တိရစ္ဆာန်ရဲ့ အမွေးတွေနဲ့ ပြုလုပ်ထားတာပါ။ သူတို့က အချိန်အတော်ကြာကြာ အထားခံပြီး အသုံးပြုပါများလေ ပိုပြီး ကောင်းလာလေ ဖြစ်ပါတယ်။ Natural မိတ်ကပ်ဘရပ်ရှ်တွေက ရှဲဒိုး၊ ပေါင်ဒါမှုန့်တွေသုံးတဲ့အခါ ဘရပ်ရှ်တွေထက်ပိုပြီး အားသာပါတယ်။ ရှဲဒိုးမှုန့်တွေကို ဘရပ်ရှ်နဲ့ယူလိုက်တဲ့ အခါမှာလည်း သင်လိုသလောက် ပမာဏပါလာပြီး အရေပြားပေါ် လိမ်းတဲ့အခါမှာလည်း ညီညီညာညာနဲ့  Blending လုပ်နိုင်မှာပါ။ Synthetic မိတ်ကပ်ဘရပ်ရှ် တွေကတော့ လူလုပ်ထားတဲ့ အမျိုးအစား ဖြစ်ပါတယ်။ သူ့ကို နိုင်လွန်၊ ဖိုင်ဘာတွေ ကနေ လုပ်ထားတာပါ။ သူတို့က မိတ်ကပ် အရည်တွေ၊ ခရင်မ်တွေလိမ်းဖို့အတွက် ပိုအဆင်ပြေပါတယ်။

ဆေးကြောပေးဖို့လိုလား 

မိတ်ကပ်ဘရပ်ရှ်တွေကို တစ်ပတ်တစ်ခါ မဆေးဖြစ်ရင်တောင် နေ့စဉ်သုံး မိတ်ကပ်ဘရပ်ရှ်တွေကို နှစ်ပတ်တစ်ခါ ဆေးရပါမယ်။ ခရင်မ် မိတ်ကပ်၊ အရည်ပုံစံ မိတ်ကပ်အတွက် သုံးတဲ့ မိတ်ကပ်ဘရပ်ရှ်ဆိုရင် ရှဲဒိုးပေါင်ဒါမှုန့်အတွက်သုံးတဲ့ မိတ်ကပ်ဘရပ်ရှ်တွေထက် ပိုပြီးသေချာ သန့်စင်ပေးဖို့ လိုပါတယ်။

ဘယ်လိုသန့်စင်ပေးရမလဲ 

မိတ်ကပ်ဘရပ်ရှ်တွေ ဆေးတဲ့အခါ –

 ရေနွေးကို လုံးဝအသုံးမပြုပါနဲ့

 ဇလုံတစ်ခုထဲကို ရေဖြည့်ထားပါ_ Baby Shampoo အနည်းငယ်ထည့်ပါ

 မရှိရင် ဆပ်ပြာရည်အပျော့စားကို သုံးလို့ရပါတယ်_ ဘရပ်ရှ်ရဲ့ အမွေးတွေကို ညင်ညင်သာသာ လှုပ်ရမ်းပြီး ဆေးပါ

 မိတ်ကပ်ပျစ်ပျစ်တွေ လိမ်းထားတဲ့ ဘရပ်ရှ်ဆိုရင် Olive Oil သို့ Coconut Oil ကိုသုံးပြီး Tissue Paper နဲ့ အရင် သန့်စင်ပေးပါ။

 ပြီးမှ ဇလုံထဲမှာ ဘရပ်ရှ်အမွေးတွေကို လက်ချောင်းတွေနဲ့ အသာအယာ ပွတ်ပေးပါ

 ဇလုံကို အသုံးမပြုဘဲ လက်ဖဝါးထဲမှာ Baby Shampoo ကို ထည့်ပြီး ဘရပ်ရှ်ကို စက်ဝိုင်းပုံစံ လှည့်ပြီး ဆေးပေးလို့လည်း ရပါတယ်။

 ရေပိုက်ခေါင်းအောက်မှာ ဘရပ်ရှ်ကို ဇောက်ထိုးထားပြီး ရေနဲ့ ဆေးချပေးပါ။

 ဘရပ်ရှ်အမွေးတွေကို ပတ်ထားတဲ့ သတ္တုခဲပတ်ထဲကို တတ်နိုင်သလောက် ရေမဝင်ပါစေနဲ့_ အခြောက်ခံဖို့ဆိုရင် တဘက်အခြောက်တစ်ထည်နဲ့ ဖွဖွလေးအရင် သုတ်ပေးပါ

 ဘရပ်ရှ်ရဲ့ နဂိုမူလပုံစံ မပျက်အောင် လက်နဲ့ပုံပြန်သွင်းပါ

စားပွဲဇောင်းမှာ ဘရပ်ရှ်အမွေးတွေကို အစွန်ဘက်တင်ထားပြီး အခြောက်ခံပါ

ဘရပ်ရှ်အမွေးတွေကို ဘယ်တော့မှ ထောင်ထားပြီး အခြောက်မခံပါနဲ့

လေမှုတ်စက် နဲ့ မှုတ်တာမျိုးရှောင်ပါ

အခြောက်ခံတဲ့ နေရာက လေဝင်လေထွက်ကောင်းဖို့ လိုပါတယ်၊ ရေချိုးခန်းထဲမှာ အခြောက်ခံဖို့ မထားပါနဲ့။

မိတ်ကပ်ဘရပ်ရှ်တွေ မဆေးကြောရင် ဘာတွေဖြစ်လာနိုင်လဲ –

ဘက်တီးရီးယားတွေ ပေါက်ဖွားလာမယ် ဖုန်နဲ့ မိတ်ကပ်တွေရောပြီး ကြာလာတဲ့အခါ အစိုဓာတ်ရှိတာကြောင့် ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာဖို့ အခွင့်အလမ်းများလာပါတယ်။

ဝက်ခြံထွက်လာမယ်မသန့်ရှင်းတဲ့ မိတ်ကပ်ဘရပ်ရှ်နဲ့ မျက်နှာအသားအရည်ကို ခဏခဏ ထိတွေ့နေတဲ့အခါ ဝက်ခြံဖုတွေ ထွက်လာနိုင်ပါတယ်။

အရေပြားယားယံမယ်အရေပြားပေါ်မှာ မသန့်တဲ့ ဖုန်တွေ နဲ့ အညစ်အကြေးတွေ ထိတွေ့တာကြာတဲ့အခါမှာ အရေပြားနီမြန်းတာ၊ ယားယံတာတွေ ဖြစ်လာနိုင်ပါတယ်။

ချွေးပေါက်တွေပိတ်မယ်အရေပြားက ချွေးပေါက်တွေနဲ့ အဆီဂလင်းတွေကို မသန့်ရှင်းတဲ့ ဘရပ်ရှ်မှာ ကပ်ငြိနေတဲ့ ဖုန်နဲ့ပိုးမွှားတွေက ပိတ်သွားစေနိုင်ပါတယ်။

ဘရပ်ရှ်တွေပျက်ဆီးမယ်မိတ်ကပ်ဘရပ်ရှ်တွေကို သန့်ရှင်း စင်ကြယ်တာမျိုး မလုပ်တဲ့အခါ မိတ်ကပ်၊ ဖုန်နဲ့ အညစ်အကြေးတွေရောပြီး ဘရပ်ရှ် အမွေးတွေ ပူးကပ်ကုန်တာ၊ မူလပုံစံ ပျက်ဆီးတာမျိုး ဖြစ်သွားနိုင်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *