အမျိုးသားတွေ ဆီးမထိန်းနိုင်ဖြစ်တာကို ဘယ်လိုဖြေရှင်းမလဲ

အမေရိကန်နိုင်ငံမှာ ဆီးမထိန်းနိုင် တာ ခံစားနေရတဲ့ အမျိုးသားပေါင်း ၃ ဒသမ ၄ သန်းရှိပါတယ်။ ဆီးမထိန်းနိုင် တာက အသက်ကြီးလို့ ဖြစ်လာတဲ့ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် ဝေဒနာတစ်ခု မဟုတ်ပါဘူး။

♦ ဆီးမထိန်းနိုင်ခြင်း ဖြစ်ရသော အကြောင်းများ
► အလေးအပင်မတာ ဒါမှမဟုတ် ချောင်းဆိုးတာတွေ ဖြစ်တဲ့အခါ ဆီးထွက် ကျခြင်း
► ဆီးသွားချင်တာနဲ့ Toilet ထဲ မရောက်ခင် ဆီးထွက်ကျခြင်း
► နှစ်မျိုးစလုံးဖြစ်ခြင်း
► ဆီးကျန်သလို ခံစားရပြီး ဆီးတစိမ့် စိမ့် ထွက်ခြင်း

♦ အမျိုးသားများတွင် ဆီးမထိန်းနိုင် ဖြစ်ရသောအကြောင်း
အမျိုးသားတွေမှာ ဆီးမထိန်းနိုင် တာ ဖြစ်တဲ့အခါ ကုသဖို့ လိုအပ်တဲ့အခြေ အနေတွေ အဖြစ်များပါတယ်။ ဆီးကျိတ် ကြီးတာ၊ ဆီးချိုသွေးချိုရောဂါ၊ ပါကင်ဆန် ရောဂါ စတာတွေက ဆီးမထိန်းနိုင်တဲ့ရော ဂါလက္ခဏာအဖြစ် ပြတတ်ပါတယ်။ ဆီး ကျိတ်ခွဲစိတ် ကုသမှု ခံယူဖူးသူတချို့မှာ လည်း ဆီးမထိန်းနိုင်တဲ့ဝေဒနာ ခံစားရ နိုင်ပါတယ်။ အောက်ပါအချက်တွေနဲ့ ဖြေ ရှင်းနိုင်ပါတယ်။

♣ ရေသောက်သုံးမှုကို ထိန်းချုပ်ပါ
အရည်သောက်တာကို အချိန်ခြား ပြီး သောက်သုံးတာ၊ ညအိပ်ရာမဝင်ခင် အချိန်အတွင်းမှာ အရည်သောက်သုံးမှု မပြုတာတွေက အမျိုးသားတွေမှာ ဆီးမ ထိန်းနိုင်ဖြစ်တာကို အောင်မြင်စွာ ကျော် လွှားနိုင်ပါတယ်။ ရေသောက်တာကို အ လွန်အကျွံ ကန့်သတ်လိုက်တာမျိုးက ခန္ဓာ ကိုယ်မှာ ရေဓာတ်ခန်းခြောက်တာကို ဖြစ် စေနိုင်လို့ မလုပ်သင့်ပါ။ ဒါ့အပြင် ရေဓာတ် မလုံလောက်တာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်တာလည်း ဖြစ်နိုင်ပြီး ဆီးမထိန်း နိုင်တာထက် ဝေဒနာပိုဆိုးတတ်ပါတယ်။

♣ အရည်သောက်ခါနီး သတိပြုပါ
တချို့အမျိုးသားတွေက ကဖင်း ဓာတ်နဲ့ မတည့်တာမျိုးဖြစ်ပြီး ဝေဒနာတွေ ပိုဆိုးစေပါတယ်။ ဆော်ဒါနဲ့ ကာဗွန်ဖြည့် ထားတဲ့ တခြားအရည်တွေ သောက်သုံး တာကလည်း ကဖင်းဓာတ်လိုပဲ ခံစားရ တတ်ပါတယ်။ အရက်က ဆီးသွားစေတဲ့ အာနိသင်ရှိတာကြောင့် ဆီးမထိန်းနိုင်သူ တွေအနေနဲ့ သတိထား သောက်သုံးသင့် ပါတယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါ၊ အရက်တွေကို ဖြစ်နိုင်ရင် မသောက်ပါနဲ့။

♣ အစားအသောက်ကို ထိန်းညှိပါ
အစပ်ကဲတဲ့ အစားအစာတွေ၊ ချဉ် တဲ့ အစားအစာတွေ စားသုံးတာက အမျိုး သား အများစုမှာ ဆီးအိတ်ကို လှုံ့ဆော် တာကြောင့် မကြာခဏဆီးသွားတာကို ဖြစ်စေပါတယ်။ တချို့တွေက ချောက လက်နဲ့ သကြားတု စားသုံးတာက ဝေဒနာ သက်သာတယ်လို့ ပြောကြပါတယ်။ တစ် ယောက်နဲ့တစ်ယောက် လက္ခဏာပိုဆိုး စေတဲ့ အခြေအနေချင်း မတူပါဘူး။ တ ချို့တွေမှာ အစားအသောက်တွေက ဝေဒနာအပေါ် ထိခိုက်မှု မရှိတတ်ပါဘူး။ နေ့စဉ် စားသောက်တဲ့ အစားအသောက် တွေနဲ့ ဝေဒနာပိုဆိုးလာတာ ရှိ၊ မရှိ သိရှိ အောင် မှတ်သားလေ့လာကြည့်ပါ။ အစား အသောက် ဝေဒနာပိုဆိုးလာတယ်လို့ ထင်မြင်ပါက အဲဒီအစားအသောက်ကို ရှောင်ကြဉ်ဖို့ လိုပါတယ်။

♣ စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှု များတဲ့ အမျိုးသားတွေမှာ ဆီးမထိန်းနိုင်တာ ဖြစ်နိုင်ပါတယ်။ ပြေ လျော့စေတဲ့နည်းလမ်းကောင်းတွေ ဖြစ်တဲ့ အသက်ရှူလေ့ကျင့်ခန်း ဒါမှမ ဟုတ် တရားထိုင်တာတွေ ပြုလုပ်တာက ဝေဒနာသက်သာစေပါတယ်။ ခန္ဓာကိုယ် တင်းအားတွေ လျှော့ချနိုင်ပါက ကြွက် သားတွေ အားကောင်းလာပြီး ရောဂါဝေဒနာတွေကို သက်သာစေပါတယ်။

♣ ဆီးအိတ်ကို အလေ့အကျင့် ပြုလုပ်ပါ
ဆီးအိတ်ကို အလေ့အကျင့် လုပ်ဖို့ အတွက် နာရီဝက်တစ်ခါလောက် Toilet သွားပါ။ နေ့စဉ်၊ အပတ်စဉ်ပြုလုပ်ပေးပြီး တဖြည်းဖြည်းနဲ့ ဆီးသွားတဲ့အချိန်ကို နောက်ဆုတ်ကာလေ့ကျင့်ယူပါ။ တဖြည်း ဖြည်းနဲ့ ၃-၄ နာရီမှ တစ်ကြိမ် ဆီးသွား တာမျိုးအထိ လေ့ကျင့်ယူပါ။

♣ ဖြစ်ရတဲ့အကြောင်းကို ရှာဖွေပါ
ဆီးမထိန်းနိုင်တာ ဖြစ်ရတဲ့အ ကြောင်းကို ရှာဖွေပြီး ဖြေရှင်းတာက အ ကောင်းဆုံး ဖြေရှင်းနည်းပါ။ အလေးအ ပင် မလို့ဖြစ်တာလား၊ အရည်အသောက် များလို့ ဖြစ်တာလား၊ တင်ပါးဆုံကြွက် သားတွေ အားနည်းသွားလို့လား စတဲ့ အချက်တွေကို ရှာဖွေပြီး ဖြေရှင်းတာက ပိုမိုထိရောက်မှုရှိပါတယ်။ ဆရာဝန်ထံ ပြသတဲ့အခါ သင်မှတ်သားထားတဲ့ အ ချက်တွေကို ပြောပြပါ။

♣ တင်ပဆုံကြွက်သားတွေ လေ့ကျင့်ပါ
အမျိုးသားတွေ Kegel လေ့ကျင့် ခန်း ပြုလုပ်တာက တင်ပဆုံပိုင်း ကြွက် သားတွေကို သန်မာစေပြီး ဆီးမထိန်းနိုင် ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါတယ်။

♣ ဂွမ်းထုပ်ခံပါ
ဆီးမထိန်းနိုင်တဲ့ အမျိုးသားတွေ အနေနဲ့ တစ်ခါသုံး အတွင်းခံဘောင်းဘီ ဒါမှမဟုတ် ဂွမ်းထုပ်ခံပါ။ ဆီးပူလောင်ပြီး အရေပြားထိခိုက်မှု မဖြစ်အောင် ဂရုပြု ပါ။ အနံ့အသက်ဆိုးတွေ မဖြစ်အောင် အ တွင်းခံဘောင်းဘီနဲ့ ဂွမ်းထုပ်တွေကို မကြာခဏ လဲလှယ်ပေးပါ။

♣ ဆေးဝါးကုသမှု ခံယူပါ
အမျိုးသားတွေမှာ ဆီးမထိန်းနိုင် တာ ဖြစ်တာက ဆေးဝါးကုသမှုနဲ့ပဲ ပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။ ဆီးအိတ်ကို မလိုလားအပ်တဲ့ ကျုံ့ညှစ်မှု တွေမရှိဘဲ ကြွက်သားတွေ ပြေလျော့ အောင် ကုသပေးပါလိမ့်မယ်။ လိုအပ်ပါ က အာရုံကြောလှုံ့ဆော်မှုတွေ မရအောင် တားဆီးဖို့ လိုပါတယ်။ ဆီးကျိတ်ကြီးတာ ကြောင့် ဆီးမထိန်းနိုင်ပါက ဆရာဝန်က ဆီးကျိတ်ကုသမှုတွေ ဆောင်ရွက်ပေးပါ လိမ့်မယ်။

♣ လိုအပ်ပါက ခွဲစိတ်ကုသမှုနဲ့ တခြားကု သမှုတွေ ခံယူပါ
ဆီးအိတ်ကို ဖိအားသက်ရောက်စေ တဲ့အကြောင်းတွေကို ခွဲစိတ်ဖယ်ရှားနိုင်ပါ တယ်။ ဆီးပြွန်တစ်လျှောက်မှာရှိတဲ့ ဖိ အားဖြစ်စေတဲ့ အရာတွေကိုလည်း ဖယ် ရှားနိုင်ပါတယ်။ ခွဲစိတ်ပြီး ရှုံ့ကြွက်သား အတု အစားထိုးတာတွေလည်း ပြုလုပ် နိုင်ပါတယ်။ ခေတ်ပေါ် တခြားနည်းလမ်း တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

♣ ပြင်ဆင်ပါ
ညအိပ်ရာဝင်တဲ့အခါ အိပ်ရာဘေး မှာ ဆီးသွားတဲ့ ဘူးထားတာ၊ အဝတ်အ စားအပိုတစ်စုံလောက်ထားတာတွေ ကြို တင်ပြင်ဆင်ပြီးမှ အိပ်ရာဝင်ပါ။ အိပ်ရာ ဝင်ခါနီး မကြာခဏ ဆီးသွားပြီးမှ အိပ် တာက ဆီးအိတ်ထဲမှာ ဆီးကျန်မရှိတာ ကြောင့် ဆီးတစိမ့်စိမ့်ထွက်ကျတာ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်။

♣ Toilet ရှာထားပါ
စတိုးဆိုင်၊ စားသောက်ဆိုင် စတဲ့ နေ ရာတချို့ကို သွားတဲ့အခါ Toilet ရှိတဲ့နေရာကို အရင်ဆုံး ရှာဖွေထားပါ။ ဒါမှ ဆီး သွားချင်တဲ့အခါ Toilet ရှိတဲ့နေရာကို အလွယ်တကူ သွားလာနိုင်မှာ ဖြစ်ပါ တယ်။ အဝတ်အစား ဝင်ဆင်ရာမှာလည်း ချွတ်ရလွယ်ကူတဲ့ ဘောင်းဘီမျိုးကို ရွေး ချယ်ဝတ်ဆင်သွားဖို့ လိုပါတယ်။

♣ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးပါ
သင်က ဆီးမထိန်းနိုင်တာကို ခံစား နေရတာကြောင့် အပြင်သွားလာရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသလို ခံစားရနိုင်ပါတယ်။ လူကြားထဲမှာ ဆီး ထွက်ကျမလားဆိုတဲ့ စိုးရိမ်စိတ်က အမြဲ လိုလို ဖြစ်နေတာကြောင့် အိမ်ပြင်ထွက် သွားလာဖို့ အတော်ခက်ခဲနေတတ်ပါ တယ်။ ဒီဝေဒနာ ခံစားရတာ ကြာလာတဲ့ အခါ အလိုလိုစိတ်ဓာတ်ကျ ဆင်းတာတွေ ပါ ဖြစ်လာနိုင်ပါတယ်။ မိသားစုအနေနဲ့ ဝေဒနာရှင်ကိုနားလည်ပြီး စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုတွေကို လုပ်ပေးသင့်ပါတယ်။

♥ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal