မျက်တောင်ကော့ဆေးတစ်ချောင်း ရဲ့ သက်တမ်း

ဘယ်အခါမှာ သက်တမ်းကုန်လဲ  –

မျက်တောင်ကော့ဆေးတစ်ခုရဲ့ ပုံမှန် သက်တမ်းက ၃ လလောက်ထိ တာရှည်ခံပါတယ်။ တစ်ခါတရံမှ ထုတ်သုံးဖြစ်တယ်ဆိုရင် ၆ လထိခံပါတယ်။ ဘာကြောင့်သက်တမ်းကုန်တာဖြစ်လဲဆိုရင် လူတွေရဲ့ မျက်တောင်မွေးတွေပေါ်မှာ ဘက်တီးရီးယားတွေ ရှိနေတတ်ပြီး ဒီကနေမှ မျက်တောင်ကော့ဆေး ပုလင်းဆီကို တစ်ဆင့် ပြန်ကူးသွားတာ ဖြစ်ပါတယ်။

 သုတေသနတွေရဲ့ လေ့လာတွေ့ရှိချက်အရ အမျိုးသမီးသမီးတွေ အသုံးပြုနေတဲ့ မျက်တောင်ကော့ဆေးတွေကို စစ်ဆေးကြည့်တဲ့အခါမှာ ၇၉ ရာခိုင်နှုန်းက စတက်ဖိုင်လို ဘက်တီးရီးယားတွေ ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။

မျက်တောင်ကော့ဆေးရဲ့ အနံ့က ပြင်းလာမယ်ဆိုရင် သက်တမ်းကုန်သွားတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၃ – ၆ လ ကုန်တာနဲ့ အသုံးမပြုသင့်တော့ပါဘူး။

မျက်တောင်ကော့ဆေး ခြောက်သွားရင် –

သက်တမ်းမကုန်ခင်မှာ မျက်တောင်ကော့ဆေးတွေ ခြောက်သွားတာလည်း ဖြစ်တတ်ပါတယ်။ မဖြစ်အောင် ထိန်းသိမ်းဖို့ဆိုရင် မျက်တောင်ကော့တံကို ပုလင်းထဲကနေ ထုတ်တဲ့အခါ ပုလင်းထဲမှာ အနည်းငယ်မွှေပြီးမှ ထုတ်ပါ။ ဒါဆို ပြင်ပက လေဝင်ရောက်မှု နည်းသွားပါ လိမ့်မယ်။

သက်တမ်းမကုန်ခင် ခြောက်သွားခဲ့ရင် Baby Oil အနည်းငယ် အစက်ချပြီး ပြန်အသုံးပြုနိုင်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *