Mask တွေက တုပ်ကွေးကို ကာကွယ်နိုင်လား

Masks တွေမှာ Facemasks နဲ့ Respirator ဆိုပြီးရှိပါတယ်။CDC (Centers for Disease Control and Prevention) ရဲ့ထုတ်ပြန်ချက်အရ ရော ဂါကူးစက်နိုင်ဖို့ Risks များတဲ့ ကျန်း မာရေး စောင့်ရှောက်မှုပေးတဲ့ သူတွေပဲ Respirators တွေ တပ်ဖို့လိုတယ်လို့ ပြောထားပါတယ်။ လူစုလူဝေးများတဲ့ နေရာတွေမှာ အလုပ်လုပ်နေသူတွေ၊ ရောဂါရှိသူကို အနီးကပ် ပြုစုနေရတဲ့ သူတွေလည်းRespirators ကို တပ် ဆင်အသုံးပြုဖို့ လိုအပ်ပါတယ်။ ကူးစက် နိုင်ခြေနည်းတဲ့သူတွေမှာတော့ ရိုးရိုးFacemasks တွေ တပ်ထားတာက သင့် ကို ဘာမှမထိခိုက်စေတဲ့အပြင် အထိုက် အလျောက်လည်း အကာအကွယ်ပေးနိုင် ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက လေထဲကနေတစ်ဆင့် ကူးစက်နိုင်တာ ကြောင့် Facemasks တွေက လေထဲက နေ ပျံ့နှံ့လာတဲ့ Large Droplets ပိုး မွှားတွေကို ကာကွယ်ပေးနိုင်ပါတယ်။ Respirators တွေကတော့ Small Dမသစူနအျ ပိုးမွှားတွေကိုပါ ကာကွယ် ပေးနိုင်ပါတယ်။

Facemasks တွေ၊ Respirators တွေကို ဘယ်လိုထိန်းသိမ်းရမလဲ ¿

– တခြားသူတွေနဲ့ မျှဝေသုံးစွဲတာ မလုပ် ရပါ။
– မျက်နှာမှာ မုတ်ဆိတ်မွေးတွေ မရှိရ ပါဘူး။
– နှာခေါင်းစည်းကို ချွတ်၊ တပ် ပြုလုပ် တဲ့အခါ လက်နဲ့ အတွင်းမျက်နှာပြင်ကို မထိရပါ။
– နှာခေါင်းစည်းကို စနစ်တကျ နည်းလမ်း မှန်ကန်စွာ တပ်ဆင်မှ ထိရောက်တဲ့ ကာ ကွယ်မှုရမှာဖြစ်ပါတယ်။
– နှာခေါင်းစည်းကို ပလတ်စတစ်အိတ် ထဲမှာ ထည့်သိမ်းတာမျိုးရှောင်ပါ။ စက္ကူ အိတ်ထဲမှာ သိမ်းလို့ရပါတယ်။
– ခြောက်သွေ့ပြီး လေဝင်လေထွက် ကောင်းတဲ့ နေရာမှာ သိမ်းထားပါ။
– နှာခေါင်းစည်းကြိုးတွေလျော့တာ၊ ပြတ်သွားတာ၊ ပေါက်ပြဲသွားတာ၊ ရေစို သွားတာမျိုးဖြစ်ရင် အသုံးမပြုရပါ။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *