ခွေးက မျက်နှာကို လျှာဖြင့်လျက်ခြင်းသည် အသက်သေဆုံးသည်အထိဖြစ်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များ သတိပေး

ခွေးတွေရဲ့နှုတ်သီးဟာ ဘက်တီးရီး ယားတွေ၊ ရောဂါပိုးတွေနဲ့ ပြည့်နှက်နေတတ်တာကြောင့် လူတွေရဲ့ပါးစပ်လောက်မသန့်ရှင်းတာတော့ သေချာပါ တယ်။ ခွေးကျွမ်းကျင်ပညာရှင်မာတီ ဘက်ကာက ခွေးတွေဟာ လူတွေရဲ့မျက် နှာကို လျှာနဲ့လျက်ရတာကို နှစ်ခြိုက်လေ့ ရှိပေမယ့် ခွေးရဲ့လျှာကနေတစ်ဆင့်သယ် ဆောင်ရောက်ရှိလာတဲ့ ဘက်တီးရီးယား  တွေက လူတွေရဲ့ကျန်းမာရေးကို ထိခိုက် စေနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ခွေးတွေ ဟာ သူတို့ဘဝသက်တမ်းတစ်လျှောက် လုံး အရာရာတိုင်းကိုလိုက်လံနမ်းရှုပ်လေ့ ရှိ တာကြောင့် နှုတ်သီးမှာ ဘက်တီးရီးယား တွေ၊ ရောဂါပိုးတွေနဲ့ ပြည့်နှက်နေတတ်ပါ တယ်။ ဘက်တီးရီးယားတွေကတစ်ဆင့် လူကိုအန္တရာယ်ဖြစ်စေတဲ့ရောဂါတွေ ကူး စက်ခံရနိုင်ပြီး တစ်ခါတလေမှာ အသက် အန္တရာယ်ရှိတဲ့အထိဖြစ်နိုင်ပါတယ်။ Capnocytophaga Canimorsus ဟာ ခွေးရဲ့တံတွေးထဲမှာရှိတဲ့ ဘက်တီးရီးယား တစ်မျိုးပါ။ ဒီဘက်တီးရီးယားဟာ ကိုယ် တွင်းအင်္ဂါတွေပျက်စီးပြီး အသက်သေ ဆုံးနိုင်စေတဲ့ Sepsis အပါအဝင် အ သက်အန္တရာယ်ရှိစေတဲ့ရောဂါပိုးဝင်     ရောက်မှုပေါင်းများစွာ ဖြစ်ပေါ်စေနိုင်ပါ တယ်။ ခွေးမှာရောဂါပိုးတွေရှိနေပြီဆိုရင် သူတို့ကိုယ်မှာ အမွေးကျွတ်တာ၊ဗောက် ထတာနဲ့အမွေးအကွက်လိုက်ကျွတ်တာ တွေဖြစ်ပေါ်တတ်ပါတယ်။

 

(AP,3.8.17) မေဇွန်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *