တစ်ကိုယ်တော်ဗယ်လင်တိုင်းဖြစ်မယ်ဆိုရင် …

ဗယ်လင်တိုင်းနေ့ဆိုတာကတော့ နှစ်စဉ် ဖေဖော်ဝါရီ ၁၄ ရက်မှာ Saint Valentine အတွက် ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ သင်ဟာ ဗယ်လင်တိုင်းနေ့ကို တစ်ယောက်တည်း ဖြတ်သန်း မယ်လို့ စိတ်ကူးထားပါသလား။ ဒါဆိုသင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဗယ်လင်တိုင်းနေ့ဟာ Couple တွေကိုပဲ ကိုယ်စားပြုတာ မဟုတ်ပါဘူး။ ဗယ်လင်တိုင်းနေ့မှာ ချစ်သူနဲ့ အတူရှိနေမှလည်း မဟုတ်ပါဘူး။ သင့်ကိုချစ်တဲ့ သင့်ရဲ့ မိသားစု၊ သူငယ် ချင်းတွေနဲ့ ဗယ် လင်တိုင်းနေ့ကို ဖြတ်သန်းနိုင်ပါတယ်။

♥♥ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်တာ၊ မိသားစုနဲ့ ညစာ အပြင်မှာ ထွက်စားတာတွေ လုပ်ပါ။
♥♥ သင့်ဆီကို ချော့ကလက်လာပို့မှ စားရမှာမဟုတ်ပါဘူး။ သင်ကြိုက်နှစ်သက်တဲ့ ချော့ကလက်ကို ကိုယ်တိုင်ဝယ်စားပြီး ဗယ်လင်တိုင်းနေ့ကို Celebrate လုပ်ပါ။
♥♥ ဗယ်လင်တိုင်းနေ့မှာ တစ်ယောက် တည်းဆိုပြီး စိတ်ဓာတ်ကျစရာမလိုပါ ဘူး။ တစ်နေ့တာလုံးသင့်အတွက်ချည်းပဲ ဦးစားပေးပြီး အချိန်ပေးပါ။ တက်တက် ကြွကြွ ဖြတ်သန်းပါ။
♥♥ ဗယ်လင်တိုင်းနေ့ဆိုတာ သင်ချစ်ခင် တဲ့သူတွေကို သင်ချစ်ကြောင်း ပြသတဲ့ နိုင်ပါတယ်။ ချစ်သူရည်းစားတွေကိုပဲ ဆို လိုတာ မဟုတ်ပါဘူး။
♥♥ နှင်းဆီပန်းတွေဝယ်ပြီး သင့်အဖေ၊ အမေ၊ အဘိုး၊ အဘွားတွေကို လက် ဆောင်ပေးပါ။
♥♥ သင့်အတွက် ပန်းစည်းနဲ့ လက်ဆောင် တွေ ကိုယ်တိုင်ပြန်ပို့ပါ။ သင့်ကိုယ်သင် ချစ်တယ်ဆိုရင် သင်လိုချင်တာတွေ မှာ လိုက်ပါ။
♥♥ သင့်အိမ်မှာ မုန့်ဖုတ်တာ၊ သင်ကြိုက် တာတွေချက်စားတာ လုပ်ပါ။
♥♥ သူငယ်ချင်းတစ်ယောက်အိမ် သွား လည်ပြီး အချိန်ဖြုန်းပါ ဒါမှမဟုတ် အိမ် မှာ အေးအေးဆေးဆေး အနားယူပါ။
♥♥ သင်ဟာ အားကစားလုပ်ရတာ ၀ါသ နာပါသူဆိုရင်လည်း ရေသွားကူးတာ၊ လမ်းသွားလျှောက်တာတွေ လုပ်နိုင်ပါ တယ်။
♥♥ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ လိုက် နှိုင်းယှဉ်တာကို ရှောင်ပါ။ Relationship ရှိနေသူတိုင်းဟာလည်း ပျော်ရွှင်နေကြတာ မဟုတ်ပါဘူး။
♥♥ သင့်ရဲ့ပျော်ရွှင်မှုက သင့်လက်ထဲမှာပဲ ရှိသင့်ပြီး သင့်ကိုယ်သင် ချစ်တတ်ဖို့က အဓိကပဲ ဖြစ်ပါတယ်။

Darliko (Mahidol University) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *