Covid-19 အတွက် ကုသနိုင်တဲ့ဆေးရှိပြီ

တုပ်ကွေးရောဂါပိုးအသစ်ကို ကုသဖို့အတွက် ဂျပန်နိုင်ငံက ဆေးဝါးတွေက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာတွေ အတွက် ထိရောက်မှုရှိတယ်လို့ တရုတ် နိုင်ငံက ဆေးပညာရှင်တွေက ထုတ်ဖော် လိုက်ပါတယ်။ Fuji Film Co.,Ltd. မှ ထုတ်လုပ်တဲ့ AVIGAN ဆေးဝါးကို ဝူဟန်နဲ့ ရှင်းစင်မြို့နယ်မှ လူနာပေါင်း ၃၄၀ ကို စမ်းသပ်ကုသအပြီးမှာ ထုတ် ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီ ဆေးဝါးနဲ့ အသုံးပြုတဲ့လူနာတွေက ရော ဂါပိုးတွေ့အပြီး လေးရက်အကြာမှာ ပျောက်ကင်းသွားပေမယ့် ဆေးဝါးနဲ့ ကုသမှု မခံယူရတဲ့လူနာတွေက ၁၁ ရက် အကြာမှ ပျောက်ကင်းသွားတယ်လို့ သိရ ပါတယ်။ ဒါ့အပြင် အဆုတ်ပျက်စီးသူတွေ ကို ဒီဆေးဝါးနဲ့ ကုသပြီး ဓာတ်မှန်နဲ့ စစ် ဆေးကြည့်ရာမှာ ၉၁ ရာခိုင်နှုန်းက ရော ဂါသက်သာသွားကြပါတယ်။ ဆေးဝါးအ သုံးမပြုသူတွေမှာတော့ ၆၂ ရာခိုင်နှုန်း သာ သက်သာကြပါတယ်။
ဒါပေမဲ့ ဒီဆေးဝါးက ရောဂါလက္ခဏာ အသင့်အတင့်ရှိသူတွေမှာ ဗိုင်းရပ်စ် ထပ်မံပွားများမှုမဖြစ်အောင် ကာကွယ်ဖို့ အတွက်သာ အသုံးဝင်ပြီး ဗိုင်းရပ်စ်ပျံ့နှံ့ ပြီးသား အသက် ၇၀-၈၀ အရွယ်တွေအ တွက်တော့ ထိရောက်မှုမရှိဘူးလို့ သု တေသီတွေက ထုတ်ဖော်ထားပါတယ်။
AVIGAN ဆေးဝါးကို ၂၀၁၄ ခု နှစ်ကတည်းက ဖော်ထုတ်ထားတာဖြစ်ပြီး ၂၀၁၆ ခုနှစ် Guinea နိုင်ငံရဲ့ အီဘိုလာ ဗိုင်းရပ်စ်ပြန့်ပွားမှုဖြစ်စဉ်အတွက် ဂျပန် အစိုးရက အရေးပေါ်အသုံးပြုဖို့ ထုတ် ပေးခဲ့ဖူးပါတယ်။
ဒီဆေးဝါးက တုပ်ကွေးရောဂါကုသ ဖို့အတွက် ထုတ်လုပ်ထားတာဖြစ်တဲ့အ တွက် Covid-19 လူနာအပေါ်မှာ အသုံးပြုနိုင်ဖို့ အစိုးရရဲ့ အပြည့်အဝထောက် ခံမှုကို ရယူဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။

♥ ဒေါက်တာခင်မိုးမိုး
(Ref : theguardian.com)

Post Author: Good Health Journal