Milia Spot တွေက သင့်မျက်နှာလေးကို အလှဖျက်နေပြီလား

Milia ကို တစ်နည်းအားဖြင့် Milk Spot လို့လည်း ခေါ်ကြပါသေးတယ်။ မျက်လုံးတစ်ဝိုက်နဲ့ မျက်လုံးအောက် အရေပြားပေါ်က ပုလဲသွယ်အဖုလေးတွေပေါ့။ သူတို့က နှာခေါင်း၊ ပါး၊ နဖူးနဲ့ မေးစေ့တွေမှာလည်း ရှိတတ်ပါတယ်။ အခြေခံအားဖြင့် ဒီအဖုလေးတွေဟာ ကရာတင်တွေ ပြည့်နေတဲ့အကျိတ်လေးတွေဖြစ်ပြီး အန္တရာယ်မရှိပေမဲ့လည်း အလှဖျက်နေတတ်ပါတယ်။ သူတို့ဟာ မွေးကင်းစကလေးတွေမှာလည်း ရှိတတ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ပျောက်ကွယ်သွားတတ်ပါတယ်။ ဒါပေမဲ့ တချို့မှာတော့ အသက်ကြီးလာတဲ့အထိ ပေါ်နေတတ်ပါတယ်။ အရွယ်ရောက်ပြီးတချို့လူတွေမှာ လပေါင်းများစွာ ကြာအောင် ရှိနေတတ်ပြီး နှစ်ကာလအတန်ကြာလည်း ဖြစ်ပေါ်နေတတ်ပါတယ်။

ဒီပြဿနာဖြစ်ရတာကတော့ အရေပြားက ဆဲလ်သေတွေကို မဖယ်ရှားနိုင်ဘဲ ချွေးပေါက်တွေမှာ ပိတ်ဆို့သွားတာကြောင့်ပါ။ ချွေးပေါက်ပိတ်စေတဲ့ တချို့အလှထုတ်ကုန်တွေအသုံးပြုတာ၊ နေရောင်ခြည်ဒဏ်ခံရတာ၊ မန်းရည်ရှိတဲ့အနာရှိတာနဲ့ စတီးရွိုက်ပါတဲ့ခရင်မ်တွေကို ရေရှည်သုံးစွဲနေကြောင့်လည်း ဖြစ်တတ်ပါတယ်။ Milia ဖုလေးတွေဟာ ယားယံနာကျင်မှုတွေ ရှိမနေပေမဲ့လည်း သင့်မျက်နှာပေါ်က အလှအပတွေကို ဖျက်ဆီးနိုင်ပါတယ်။ ဒါကြောင့် သဘာဝအတိုင်း အိမ်တွင်းနည်းလမ်းလေးတွေနဲ့ ဖယ်ရှားကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Facial Sauna (မျက်နှာကို ရေနွေးငွေ့ဖြင့်ပေါင်းခံခြင်း)
Facial Sauna ဟာ Milia ဖုလေးတွေနဲ့ ချွေးပေါက်ပိတ်ဆို့နေတာတွေကို ဖယ်ရှားဖို့ အလွန်အသုံးဝင်ပါတယ်။ ဆဲလ်သေတွေဖယ်ရှားပေးနိုင်ပြီး အသားအရေပျက်စီးတာကို လျော့နည်းစေပါတယ်။
ပြုလုပ်နည်း
♦ သန့်ရှင်းတဲ့ မျက်နှာသုတ်ပ၀ါတစ်ထည်ကို ရေနွေးပူပူထဲ နှစ်ပြီးနောက် ရေညှစ်ပစ်လိုက်ပါ။ အဲဒီမျက်နှာသုတ်ပ၀ါကို သင့်မျက်နှာပေါ် မိနစ်အနည်းငယ်ခန့် တင်ပြီး ဖယ်ရှားလိုက်ပါ။ တစ်နေ့ နှစ်ကြိမ် နေ့စဉ်ပြုလုပ်ပေးပါက ရက်သတ္တပတ်အနည်းငယ်အတွက် သိသာစွာ သက်သာလာပါလိမ့်မယ်။
♦ နောက်တစ်နည်းကတော့ သင့်မျက်နှာကို ၁၀-၁၅ မိနစ်ခန့် ရေနွေးငွေ့ခံပေးပါ။ သင့်မျက်နှာပေါ်က Milia ဖုလေးတွေ မရှိတော့တဲ့အခြေအနေအထိ နေ့စဉ် တစ်နေ့ တစ်ကြိမ် ပြုလုပ်ပေးပါ။ သင့်ရေနွေးဇလုံထဲကို ပန်းသီးရှလကာရည် ဒါမှမဟုတ် ကြက်ဆူဆီထည့်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။

ပျားရည်
ပျားရည်ဟာ Antioxidant နဲ့ Humectant ဓာတ်ပစ္စည်း(အစိုဓာတ်ထိန်းနိုင်ပြီး ခြောက်သွေ့မှုကို ဖယ်ရှားနိုင်)တွေပါဝင်တာကြောင့် Milia ဖုတွေ ပါးလျစေဖို့ ကူညီနိုင်ပါတယ်။ တခြားပစ္စည်းတွေလိုပဲ မျက်နှာကို ကြေးချွတ်ပေးနိုင်တာကြောင့် အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး Milia ဖုတွေ လျော့ပါးသွားနိုင်ပါတယ်။
ပြုလုပ်နည်း
♦ ပျားရည်စစ်စစ်ကို သင့်မျက်နှာပေါ် လိမ်းပေးကာ ၁၅ မိနစ်ခန့် ထားပါ။ အဲဒီနောက် ရေဆေးချပါ။ နေ့စဉ် ပြုလုပ်ပေးပါက သိသာလာပါလိမ့်မယ်။
♦ ဒုတိယတစ်နည်းကတော့ ပျားရည် စားပွဲဇွန်းနှစ်ဇွန်းနဲ့ Jojoba Oil စားပွဲဇွန်းတစ်ဇွန်းကို ရောစပ်ပြီး မျက်နှာပေါ် လိမ်းပေးကာ ၁၅- ၂၀ မိနစ်အကြာမှာ မျက်နှာသစ်လိုက်ပါ။ တစ်နေ့ တစ်ကြိမ် ဒါမှမဟုတ် တစ်ပတ် သုံးကြိမ်ကနေ လေးကြိမ် အပတ်စဉ်ပြုလုပ်ပေးပါ။
♦ တတိယတစ်နည်းအနေနဲ့ မှုန့်ညက်နေတဲ့သကြား စားပွဲဇွန်းတစ်ဇွန်းနဲ့ အုတ်စပါး စားပွဲဇွန်း သုံးဇွန်းကို ရောစပ်ပြီး ပျစ်နှစ်နေအောင် နယ်ပါ။ ရလာတဲ့အနှစ်နဲ့ သင့်မျက်နှာပေါ် ညင်ညင်သာသာ ပွတ်တိုက်ပြီး မိနစ်အတန်ကြာ ထားပါ။ အဲဒီနောက် ရေနဲ့ ဆေးကြောပါ။ တစ်ပတ် တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် မျက်နှာလေးချောမွေ့လာတဲ့အထိ ပြုလုပ်ပေးနိုင်ပါတယ်။

စန္ဒကူးမှုန့်နဲ့ နှင်းဆီပွင့်ဖတ်ရည်
စန္ဒကူးမှုန့်နဲ့ နှင်းဆီပွင့်ဖတ်ရည် ရောစပ်တဲ့ နည်းဟာ မျက်နှာအဆီပြန်တာကို လျော့ကျစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့် Milia ဖုတွေကို လျော့ပါးသွားစေပါတယ်။
ပြုလုပ်နည်း
♦ စန္ဒကူးမှုန့် စားပွဲဇွန်း နှစ်ဇွန်းကို နှင်းဆီပွင့်ဖတ်ရည် လုံလုံလောက်လောက်ထည့်ပြီး အနှစ်ပြုလုပ်ပါ။
♦ ရလာတဲ့အှနစ်ကို မျက်နှာအနှံ့လိမ်းပြီး ၁၅ မိနစ်လောက် ထားပါ။
♦ အဲဒီနောက် ရေအေးအေးလေးနဲ့ ဆေးကာ ခြောက်အောင် သုတ်ပါ။
♦ နေ့စဉ် တစ်နေ့ တစ်ကြိမ် ရက်သတ္တပတ်အနည်းငယ်ခန့် ပြုလုပ်ပါ။

သလဲသီးခွံမှုန့်
သလဲသီးခွံမှုန့်ဟာ တခြားထင်ရှားတဲ့ကုသနည်းတွေလိုပဲ Milia ဖုကို လျော့ကျစေနိုင်ပါတယ်။ သူ့မှာ Antioxidant နဲ့ အညစ်အကြေးဖယ်ရှားနိုင်တဲ့သဘာဝပစ္စည်းတွေ ပါဝင်တာကြောင့်ပါ။ ဒါ့အပြင် ဗီတာမင် ကြွယ်ဝတာကြောင့် အသားအရေအတွက် ကောင်းမွန်စေပြီး ၀က်ခြံမထွက်အောင် ကူညီပေးနိုင်ပါတယ်။
ပြုလုပ်နည်း
♦ သလဲသီးခွံကို မှုန့်ညက်နေအောင် ကြိတ်ပါ။
♦ အဲဒီအမှုန့် စားပွဲဇွန်း နှစ်ဇွန်းစာထဲကို ရှောက်ရည် ဒါမှမဟုတ် နှင်းဆီပွင့်ဖတ်ရည် အနည်းငယ်ခန့် ထည့်ကာ အနှစ်ဖြစ်အောင် နယ်ပါ။
♦ ရလာတဲ့အနှစ်ကို သင့်မျက်နှာပေါ် ညင်သာစွာ ပွတ်လိမ်းပေးပါ။
♦ ၁၅-၂၀ မိနစ်ခန့် ထားပြီးနောက် မျက်နှာသစ်လိုက်ပါ။
♦ တစ်ပတ် သုံးလေးကြိမ်ခန့် မျက်နှာလေး ချောမွေ့လာတဲ့အခြေအနေရလာတဲ့အထိ ပြုလုပ်ပေးပါ။

ကြက်ဆူဆီ
ကြက်ဆူဆီဟာ ပိုးသတ်အာနိသင်ပါဝင်တာကြောင့် သဘာဝအတိုင်းပြုပြင်ပေးနိုင်စွမ်းရှိပြီး အဆီပြန်တာကို ထိန်းချုပ်နိုင်ပါတယ်။ သူဟာ ၀က်ခြံနဲ့ Milia Spot အပါအ၀င် တခြားအရေပြားပြဿနာအတော်များများအတွက်လည်း အသုံးဝင်ပါတယ်။
ပြုလုပ်နည်း
♦ ကြက်ဆူဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို သင့်မျက်နှာပေါ် ညင်သာစွာ လိမ်းပြီး စိမ့်ဝင်အောင် ထားပါ။ လွယ်ကူရိုးရှင်းတဲ့ ဒီနည်းလမ်းကို တစ်နေ့ တစ်ကြိမ် နေ့စဉ် လပေါင်းများစွာ ပြုလုပ်ပေးပါ။
♦ ဒုတိယတစ်နည်းကတော့ ကြက်ဆူဆီနဲ့ သံလွင်ဆီကို ဆတူရောစပ်ပြီး မျက်နှာအသားအရေထဲ စိမ့်ဝင်အောင် လိမ်းပါ။ တစ်နေ့ တစ်ကြိမ် နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။
♦ နောက်တစ်နည်းအနေနဲ့ သင်ဟာ ကြက်ဆူဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ မုန့်ဖုတ်ဆော်ဒါကို ပျစ်နှစ်နေအောင် နယ်ပြီး မျက်နှာပေါ်က Milia Spot ရှိရာနေရာအနှံ့ လိမ်းပေးပါ။ နာရီအနည်းငယ်ကြာအောင် ထားပြီးနောက် မျက်နှာသစ်ပါ။ နေ့စဉ် တစ်နေ့တစ်ကြိမ်၊ ရက်သတ္တ နှစ်ပတ်ခန့် ပြုလုပ်ပါ။

Sugar Scrub
သကြားနဲ့ ကြေးချွတ်နည်းရိုးရိုးလေးပေမဲ့ Milia ဖုတွေဖယ်ရှားနိုင်ဖို့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ သူ့ထဲကို ရှောက်ရည်နဲ့ သံလွင်ဆီနည်းနည်းစီထည့်လိုက်ရင်တော့ သင့်အသားအရေဟာ နူးညံ့ပြီး တောက်ပလာပါလိမ့်မယ်။
ပြုလုပ်နည်း
♦ ရှောက်သီး တစ်စိတ် ဒါမှမဟုတ် တစ်ခြမ်း၊ စားပွဲဇွန်း နှစ်ဇွန်းစာ သကြား၊ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ သံလွင်ဆီကို ရောစပ်ပါ။
♦ မျက်နှာပေါ် မိနစ်အနည်းငယ်ခန့် ညင်သာစွာ ပွတ်လိမ်းပါ။
♦ အဲဒီနောက် မိနစ် ၂၀ ခန့်ထားပြီး မျက်နှာသစ်ပါ။
♦ တစ်ပတ် နှစ်ကြိမ် လအနည်းငယ်ခန့် ပြုလုပ်ပေးပါ။

ပြောင်းဖူးမှုန့်နဲ့ ရှလကာရည်

ပြောင်းဖူးမှုန့်နဲ့ ရှလကာရည်ရောစပ်အသုံးပြုတာကြောင့် whitehead-type အမျိုးအစား Milia ဖုဖြစ်တာအတွက် များစွာ အကျိုးရှိပါတယ်။ ပြောင်းမှုန့်ဟာ အဆီပြန်တာကို လျော့ပါးစေပြီး ရှလကာရည်ကတော့ အနာကျက်စေတဲ့အာနိသင်ရှိပါတယ်။
ပြုလုပ်နည်း

♦ ပြောင်းမှုန့်နဲ့ ရှလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရောစပ်ပြီး အနှစ်ဖြစ်အောင် နယ်ပါ။
♦ Milia ဖုလေးတွေရှိတဲ့ မျက်နှာဧရိယာပေါ် လိမ်းကာ မိနစ် ၂၀-၃၀ လောက် ထားပေးပါ။
♦ အဲဒီနောက် ရေနွေးနှစ်ထားတဲ့ပ၀ါနဲ့ မျက်နှာပေါ်က အနှစ်တွေကို ညင်သာစွာ သုတ်လိုက်ပါ။ ပြီးနောက် မျက်နှာသစ်ပါ။
♦ မျက်နှာလေး ချောမွေ့လာတဲ့အထိ နေ့စဉ် ပြုလုပ်ပေးပါ။ ရက်အနည်းငယ်အကြာမှာ ကောင်းမွန်တဲ့ ရလဒ် ရလာတာကို တွေ့ရပါလိမ့်မယ်။

Tea Tree Oil
လက်ဖက်ဆီဟာ သေးငယ်တဲ့ Milia ဖုလေးတွေကို ခြောက်သွေ့ချောမွေ့သွားစေဖို့ ကူညီနိုင်ပါတယ်။ ဒါ့အပြင် သူဟာ အရေပြားမှာ ရောဂါပိုးမ၀င်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ပြုလုပ်နည်း
♦ သင့်မျက်နှာကို သန့်စင်အောင် သစ်ပြီးနောက် Tea Tree Essential Oil အနည်းငယ်ကို Milia ဖုရှိရာနေရာတွေမှာ တို့ကာ ညအိပ်ရာမ၀င်ခင်မှာ လိမ်းအိပ်ပါ။
♦ နောက်တစ်နေ့မနက်မှာ မျက်နှာသစ်လိုက်ပါ။
♦ ဒီနည်းလမ်းကို သင့်မျက်နှာအသားအရေချောမွေ့လာတဲ့အထိ ပြုလုပ်ပေးပါ။

ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ဟာ anit inflammatory နဲ့ antioxidant ပစ္စည်းတွေ များစွာပါဝင်ပြီး သဘာဝအတိုင်း အသားအရေချောမွေ့စေတာ၊ ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ထိန်းသိမ်းပေးတာတွေအပြင် Milia ဖုလေးတွေ လျော့ပါးသွားဖို့လည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ချွေးပေါက်ပွင့်အောင်လည်း ပြုလုပ်ပေးပါတယ်။
ပြုလုပ်နည်း
♦ ရှားစောင်းလက်ပပ်ရဲ့ အတွင်းသားအနှစ်နဲ့ မျက်နှာပေါ်က Milia ဖုလေးတွေ ရှိတဲ့နေရာကို လိမ်းကာ နှိပ်နယ်ပေးပါ။ ညအိပ်ခါနီးရင်လည်း လိမ်းအိပ်ကာ မနက်မိုးလင်းမှ မျက်နှာသစ်လိုက်ပါ။ Milia တွေ ပါးသွားတဲ့အထိ တစ်နေ့ နှစ်ကြိမ် နေ့စဉ် ပြုလုပ်ပေးပါ။ ရက်အနည်းငယ်အကြာမှာ သင်လိုချင်တဲ့ ရလဒ်တွေ့ရပါလိမ့်မယ်။
♦ ဒါ့အပြင် ရှားစောင်းလက်ပပ်အနှစ်နဲ့ လက်ဖက်စိမ်းကို ဆတူရောစပ်ပြီး ကြိတ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ် လိမ်းကာ ၁၅ မိနစ်ခန့်ထားပေးပါ။ အဲဒီနောက် မျက်နှာသစ်လိုက်ပါ။ မျက်ဝန်းတစ်ဝိုက်က Milia ဖုလေးတွေပျောက်ကင်းစေတဲ့အပြင် မျက်ကွင်းညိုတာကိုပါ သက်သာစေနိုင်ပါတယ်။

Fenugreek Leaves
Fenugreek ရွက်ဟာ ၀က်ခြံ၊ မှဲ့ခြောက်၊ Milia၊ အပူဖုနဲ့ မျက်နှာပေါ်က အနာအဆာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သူ့မှာ Antiseptic, Anti-inflammatory နဲ့ Antioxidant ပစ္စည်းတွေ များစွာ ပါဝင်ပါတယ်။
ပြုလုပ်နည်း
♦ လက်တစ်ဆုပ်စာ Fenugreek ရွက်ကို ရေနည်းနည်းထည့်ကာ ကြိတ်စက်နဲ့ ကြိတ်ချေပါ။
♦ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့ လိမ်းပါ။
♦ ၁၀-၁၅ မိနစ်ထားပြီးနောက် မျက်နှာသစ်လိုက်ပါ။
♦ နေ့စဉ် တစ်နေ့ တစ်ကြိမ် မျက်နှာလေးချောမွေ့လာတဲ့အထိ ပြုလုပ်ပေးပါ။
Tips
ဒီလို သဘာဝအိမ်တွင်းနည်းလမ်းတွေ အသုံးပြုတဲ့အတွက် သင့်မျက်နှာမှာ ဓာတုပစ္စည်းကြောင့်ထိခိုက်မှုတွေ မရှိတော့ဘဲ နေလောင်ဒဏ်တွေလည်း လျော့ပါးစေနိုင်ပါတယ်။
♦ မျက်နှာကို တစ်နေ့ နှစ်ကြိမ် သန့်စင်ပါ။
♦ ရေများများသောက်ပါ။
♦ လတ်ဆတ်တဲ့ သစ်သီးတွေ စားပါ။
♦ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေ လျော့ကျသွားစေနိုင်ဖို့ Green Tea လိုမျိုး Herbal Tea တွေကို သောက်ပေးရပါမယ်။
♦ မွေးကင်းစကလေးငယ်တွေမှာ Milia ရှိခဲ့ရင် ကလေးကိုနေ့စဉ် ကြက်သီးနွေးရေနဲ့ ရေချိုးပေးကာ သန့်စင်နူးညံ့တဲ့ မျက်နှာသုတ်ပ၀ါနဲ့ ခြောက်အောင် သုတ်ပေးပါ။

♥  ဆူးမြာ  ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *