မနက်ခင်းကနေ ဘယ်လိုအစွမ်းအာနိသင်တွေ ပေးနိုင်လဲ

မနက်ခင်းအချိန်က ကျန်းမာမှု၊ ပျော်ရွှင်မှု၊ လုပ်ငန်းဆောင်တာ ပြီးမြောက် မှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုစတာ တွေကို သာလွန်ကောင်းမွန်စေပါတယ်။ သင်က ညဘက်မှာ နောက်ကျမှ အိပ်ရာ ဝင်ပြီး မနက်မှာ နောက်ကျမှအိပ်ရာထ တာ၊ အလုပ်ကိစ္စတွေကို ညဘက်မှာ လုပ်တတ်တာ စတဲ့အကျင့်တွေရှိနေရင် ပြုပြင်ဖို့လိုနေပါပြီ။ ဘာကြောင့်လဲဆို တော့ မနက်ခင်းက သင့်ကို ပိုမိုကောင်း မွန်စေနိုင်တဲ့ အစွမ်းအာနိသင်တွေပေး စွမ်းနိုင်တာကြောင့်ပါ။

♦ ပိန်သွယ်စေတယ်
မနက်ခင်းအချိန်မှာ အလင်းရောင် နဲ့ထိတွေ့တာကြောင့် ကိုယ်အလေးချိန် နဲ့ အရပ်အချိုး BMI ကို နည်းစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုရှိတာ ဒါမှမဟုတ် အစားအသောက်ဆင်ခြင်တာစတာ တွေပေါ်လည်း မူတည်ပါသေးတယ်။ အလင်းရောင်က ခန္ဓာကိုယ်ရဲ့ဇီဝနရီဖြစ် ပေါ်မှုအတွက်လည်း များစွာအရေးပါပြီး စွမ်းအင်တွေကို ပုံမှန်ဖြစ်အောင် လုပ် ဆောင်ပေးတယ်လို့ လေ့လာမှုတွေမှာ တွေ့ရှိရပါတယ်။ အလင်းရောင်လုံလောက် စွာမရပါက ခန္ဓာကိုယ်ရဲ့ဇီဝနရီပျက်ယွင်း ပြီး ဇီဝရုပ်ဖြစ်ပျက်မှုကိုနှေးစေလို့ ကိုယ် အလေးချိန်တက်လာစေပါတယ်။ အလင်း ရောင်ဆိုတာ မနက် ၈ နာရီနဲ့ မွန်းတည့် မတိုင်ခင်အချိန်ကို ဆိုလိုတာပါ။

♦ ဘေးကင်းလုံခြုံစေတယ်
စပိန်မှသုတေသီတွေက ညဘက် နောက်ကျမှ အိပ်ရာဝင်တတ်သူတွေကို လေ့လာမှု ပြုလုပ်ခဲ့ရာ မနက် ၈ နာရီမှာ ကားမောင်းတာက ည ၈ နာရီအချိန် ကားမောင်းတာလိုပဲ အာရုံစူးစိုက်မှု နည်းပြီး အန္တရာယ် ဖြစ်နိုင်ခြေများတာကို တွေ့ရပါတယ်။ အဆိုပါလေ့လာမှုကို မ နက်စောစော အိပ်ရာထတတ်သူတွေမှာ လေ့လာခဲ့ရာ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အန္တရာယ်ကင်းကင်း လုပ်ဆောင်နိုင်တာ ကို တွေ့ရပါတယ်။

♦ လေ့လာသင်ယူမှု ပိုမိုအားကောင်းစေတယ်
ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှု အရ ကျောင်းသားတွေ လေ့လာသင်ယူ တဲ့အခါ မနက်ပိုင်းမှာ ပိုမိုအာရုံစိုက်နိုင် ကြောင်း တွေ့ရှိခဲ့ပါတယ်။ မနက်ပိုင်းမှာ လေ့လာခဲ့သူတွေနဲ့ ညနေပိုင်းမှာ လေ့ လာခဲ့သူတွေကို ပြန်လည်ရေးသားစေရာ မှာ မနက်ပိုင်းလေ့လာခဲ့သူတွေက ပိုမို ပြီးပြည့်စုံအောင် ရေးသားဖော်ပြနိုင်တာ ကို တွေ့ရတယ်လို့ဆိုပါတယ်။ နောက် ထပ် လေ့လာမှုအရ လုပ်ဆောင်နိုင်စွမ်း ရည်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ဆောင်မှုနဲ့ ဝင်ငွေတွေမှာလည်း ပိုမို သာလွန်တာကို တွေ့ရပါတယ်။

♦ ပိုမိုပျော်ရွှင်တယ်
တိုရွန်တိုတက္ကသိုလ်မှ အရွယ် ရောက်ပြီးသူ ၇၀၀ ကျော်ရဲ့ အိပ်ရာဝင် တဲ့အလေ့အကျင့်၊ စိတ်နေစိတ်ထား၊ ကျန်းမာရေး စတာတွေကို မေးခွန်းတွေ မေးမြန်းပြီး လေ့လာခဲ့ရာမှာ မနက်ကို ၇ နာရီထက်စောပြီး အိပ်ရာထလေ့ရှိသူ တွေက အိပ်ရာထနောက်ကျသူတွေထက် ပျော်ရွှင်မှု၊ ဝမ်းမြောက်မှုနဲ့ နိုးကြားမှုတွေ က ၂၅ ရာခိုင်နှုန်းပိုတယ်လို့ သိရပါတယ်။မနက်ခင်းအစောဆုံးနေရောင်ခြည်ကို နေ့စဉ်ထိတွေ့မယ်ဆိုရင် စိတ်ကျရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

♦ လေ့ကျင့်ခန်း စွဲစွဲမြဲမြဲ လုပ်ဖြစ်တယ်
ကိုယ်လက်လေ့ကျင့်ခန်း လုပ်သူ တွေထဲက တချို့က နေ့စဉ်ဆက်တိုက် စွဲစွဲမြဲမြဲမလုပ်နိုင်ကြပါဘူး။ ဒါပေမဲ့ မနက် ခင်း အိပ်ရာစောစောထတတ်သူတွေက တော့ လေ့ကျင့်ခန်းကို စွဲစွဲမြဲမြဲ လုပ် ဆောင်ကြတယ်လို့ သိရပါတယ်။ ဒီလို လုပ်တာကြောင့် ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်တဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေး ကောင်းမွန်သူ တွေလည်းဖြစ်ကြတယ်လို့ သိရပါတယ်။

♦ အလုပ်ရှင်က အလုပ်ပိုကြိုးစားတယ်လို့ ထင်မြင် စေတယ်
၂၀၁၄ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ လေ့လာ မှုအရတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အလုပ် လုပ်တဲ့ အချိန်အတိုင်းအတာ တူပေမယ့် အလုပ်ကိုစောရောက်တတ်သူနဲ့ အလုပ် နောက်ကျတတ်သူတွေကို လေ့လာကြည့် မယ်ဆိုရင် အလုပ်ရှင်တွေကအလုပ်စော ရောက်သူကို အလုပ်ပိုကြိုးစားတယ်လို့ ထင်မြင်တာ တွေ့ရပါတယ်။

♦ အာရုံစူးစိုက်မှု ပိုကောင်းစေတယ်
၂၀၁၃ ခုနှစ်က ဂျာမန်ကျောင်းသား ၈၀၀ ကျော်ကို လေ့လာမှုအရ မနက်ပိုင်း အချိန်ကျောင်းတက်သူတွေက ညနေပိုင်း ကျောင်းတတ်သူတွေထက် အာရုံစူးစိုက် မှုပိုကောင်းပြီး တက်တက်ကြွကြွရှိကာ ထူးချွန်ထက်မြက်တာကို တွေ့ရတယ် လို့ဆိုပါတယ်။

♦ သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်
အိပ်ရာထ နောက်ကျသူတွေရဲ့သွေး တွင်းသကြားဓာတ်က ပုံမှန်မဖြစ်ဘူးလို့ လေ့လာမှုအရသိရပါတယ်။ ဆီးချိုသွေး ချို အမျိုးအစား ၂ ရှိပြီး ညဘက် အိပ်ရာ ဝင်နောက်ကျသူတွေရဲ့ သွေးတွင်းမှာ သကြားဓာတ်နဲ့ ကိုလက်စထရော အဆီ ဓာတ်တွေများနေတဲ့အပြင် အဲဒါကို ပုံ မှန်ဖြစ်အောင် ထိန်းသိမ်းဖို့လည်း ခက် ပါတယ်။ ဒါကြောင့် နှလုံးနဲ့သွေးကြော ဆိုင်ရာရောဂါ၊ ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ ရောဂါတွေ ဖြစ်ပွားမှုများစေပါတယ်။

♥ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal