ကိုယ်ကာယဗလထွက်ဖို့ ကြိုးစားနေပါသလား

ကိုယ်ခန္ဓာ အဆီကျဖို့ နည်းလမ်းတွေ၊ ပိန်ဖို့အတွက် ဆောင်းပါးတွေ အတော်များများကို ဖတ်ဖူးမှာပါ။ ဒီ တစ်ပတ်မှာတော့ ကိုယ်ခန္ဓာကြီးထွားဖွံဖြိုးဖို့ ကြိုးစားနေတဲ့ အမျိုးသားတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင် စားသောက်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

တက်စထရိုစတီရုန်း ဟော်မုန်း
အမေရိကန်ပြည်နယ်ရှိ အားကစား ဆေးပညာကောလိတ် (ACSM) အကြံပြုထားတာကတော့ နှလုံးကို ကစားပေးတဲ့ လေ့ကျင့်ခန်းတွေ (Cardio Workouts) အပြင် Resistance Training ကိုပါ တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ် အဓိကြွကက်သားအုပ်စုတွေကို ခွဲပြီးကစားပေးဖို့ အကြံပြုထားပါတယ်။ အမျိုးသားတွေအတွက်ြွကက်သားတွေ ကြီးထွားဖွံဖြိုးဖို့ဆိုရင် တက်စထရိုစတီရုန်းဟော်မုန်း (ကျားဟော်မုန်း) က အရေးပါပါတယ်။ ဒီဟော်မုန်းက အသက် ၁၆ နှစ် ကနေ ၁၈ နှစ်အတွင်းမှာ သူ့ရဲ့ အမြင့်ဆုံး အမှတ်ကို ရောက်ရှိနိုင်ပြီး အသက်နှစ်ဆယ်ကျော်လာပြီးနောက်ပိုင်းမှာတော့ တဖြည်းဖြည်းချင်း ပြန်ကျသွားပါတယ်။ ဒါကြောင့် အသက်ကြီးလာလေြွကက်သားထုထည် တည်ဆောက်ဖို့ ခဲယဉ်းလေ ဖြစ်လာပါတယ်။

 အားကစား စကစားပြီဆိုရင်
နဂို အားကစားမလုပ်တဲ့သူက အားကစားစလုပ်ပြီဆိုရင် ပထမ ၁၂ ပတ် အတွင်းမှာကို သိသိသာသာ ခွန်အားတွေ တိုးလာမှာ ဖြစ်ပါတယ်။ ဒါဟာြွကက်သား အမျှင်အသစ်တွေ တိုးပွားဖြစ်ပေါ်လာလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ြွကက်သားရဲ့ ထုထည် မကြီးလာသေးပါဘူး။ လေ့ကျင့်ခန်း လုပ်စဉ်မှာြွကက်သားတွေက ရေကိုစုပ်ယူပြီး ပွလာတာကြောင့် ကြီးလာတယ်လို့ ထင်ရတာ ဖြစ်ပါတယ်။ အားကစား ပြုလုပ်ပြီး သုံးလနောက်ပိုင်းမှာတော့ြွကက်သားတည်ဆောက်ဖို့ ဖြစ်စဉ်က ပြန် နှေးသွားပါတယ်။ ဒီအချိန်မှာမှ သင်ဟာ လိုချင်တဲ့ ပုံသြွေကက်သားထုထည်ရဖို့ အချိန်ယူပြီး ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ြွကက်သားထုထည် တက်လာတာနဲ့အမျှ အဆီတွေလည်း လျော့သွားမှာ ဖြစ်ပါတယ်။

ကြွက်သားထုထည် တည်ဆောက်ဖို့ဆိုရင်
ရလဒ်ကောင်းရဖို့အတွက် ဘယ်နေရာမှာမှ ဖြတ်လမ်းဆိုတာ မရှိပါဘူး။ အားကစားသမားတစ်ယောက်လို နေ့တိုင်း အပြင်းအထန် လေ့ကျင့်ဖို့လည်း မလိုပါဘူး။ သင်နဲ့သင့်တော်မယ့် Resistance Training ကစားနည်းတွေကို ပုံမှန်ကစားသွားဖို့ဘဲ လိုပါတယ်။ အနည်းဆုံးတော့ Lunges, Squats, Cardio Exercises တွေကို အလေးတုံးတွေနဲ့ တွဲပြီး ကစားပေးပါ။
ဘယ်လို အားကစားနည်းလမ်းကိုဘဲ ရွေးရွေး အရေးကြီးတာက သင်ရွေးချယ်တဲ့ အလေးတုံးရဲ့ အလေးချိန်နဲ့ အကြိမ်အရေအတွက်က သင့်ရဲ့ြွကက်သားတွေအပေါ် ထိရောက်တဲ့ ပမာဏမျိုး ဖြစ်နေရပါမယ်။ မဟုတ်ရင်ြွကက်သား ကြီးထွားဖို့ အထောက်အကူမဖြစ်စေဘဲ ရပ်တန့်နေပါလိမ့်မယ်။ ACSM က အကြံပြုထား တာတော့ ၈ – ၁၂ ကြိမ် သုံးကြော့ ကစားပေးဖို့ ဖြစ်ပါတယ်။

ကြွက်သားအုပ်စုတွေ ခွဲပြီး ကစားပါ
အလေးတုံးတွေနဲ့ ကစားတဲ့အခါြွကက်သားအတွင်းမှာ အနည်းငယ် ဆုတ်ပြဲသွားတာမျိုး ဖြစ်စေပါတယ်။ ဒီလိုဖြစ်ပြီးမှ အနားယူတဲ့အချိန်မှာြွကက်သား အသစ်တွေ ဖြစ်ပေါ်ပြီး ကြီးလာမှာ ဖြစ် ပါတယ်။ြွကက်သားတွေအတွက် လုံလောက်တဲ့အချိန် အနားယူတာမျိုး မလုပ်ရင်တော့ ဒဏ်အပြင်းအထန်ရနိုင်ပါတယ်။ ACSM က အကြံပြုထားတာကတော့ သုံးရက်စာ ကစားမယ်ဆိုရင် –
ပထမနေ့ -ရင်အုပ်၊ ထရိုင်ဆက် (လက်မောင်းအပေါ်ပိုင်း ကျောဘက်ရှိြွကက်သား)၊ ပုခုံးြွကက်သား
ဒုတိယနေ့ – အောက်ပိုင်း (Quads, Hamstrings, Gluteals, Hip Abductors and Adductors, Calves)
တတိယနေ့ – နောက်ကျော၊ ဘိုင်ဆက် (လက်မောင်းအပေါ်ပိုင်း အရှေ့ဘက်ရှိြွကက်သား)၊ ဝမ်းဗိုက်ြွကက်သားတွေ ကစားပေးပါ။ြွကက်သားတွေ ရောင်ရမ်းလာလို့နာလာတယ်ဆိုရင် ကြားထဲမှာ တစ်ရက်၊ နှစ်ရက်လောက် အနားယူပါ။ တချို့ြွကက်သားတွေ တည်ဆောက်ဖို့ အတွက်ဆိုရင် ၄၈ နာရီထိ ကြာနိုင်ပါတယ်။

 ရေများများသောက်ပါ
ြွကက်သားတည်ဆောက်ဖို့အတွက် ရေဓာတ်က အရေးကြီးပါတယ်။ သာမန် အားကစားမလုပ်တဲ့သူတွေမှာတောင် ရေကို အနည်းဆုံး ၈ – ၁၀ ခွက်ထိ သောက်ရမှာဖြစ်ပြီး အားကစားလုပ်တဲ့သူတွေက ရေပိုသောက်ဖို့ လိုအပ်ပါတယ်။ အပြင်းအထန် အားကစားလုပ်သူတွေမှာဆိုရင် ၁၅ မိနစ်တစ်ခါ ရေအနည်းငယ်စီ သောက်ပေးဖို့လိုပါတယ်။ သင်ဟာ အနည်းဆုံး တစ်နာရီကျော်အောင် အပြင်းအထန် အားကစားလုပ်ပြီး ခန္ဓာကိုယ်တွင်း အီလက်ထရိုလိုက်ဓာတ်တွေ ဆုံးရှုံးနိုင်ခြေများနေတယ်ဆိုမှသာ Sport Drinks အချိုရည်တွေကို သောက်သင့်ပါတယ်။

အာဟာရမျှတအောင်စားပါ
ြွကက်သားတည်ဆောက်ဖို့ဆိုရင် အစာအာဟာရ မျှတအောင် ဂရုစိုက်စားဖို့ လိုအပ်ပါတယ်။ ဘယ်လိုမျှတအောင် စားမလဲဆိုရင် အလွယ်ဆုံးကတော့ အစားအစာတွေကို အုပ်စုငါးစုခွဲထားတဲ့ ပုံကိုကြည့်လိုက်ရင် ပိုပြီး မြင်သာပါတယ်။

ဒီမှာ ဟင်းသီးဟင်းရွက်တွေ၊ အသား ငါးတွေ၊ အသီးအနှံတွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ဂျုံ၊ ဆန်နဲ့ ကောက်ပဲသီးနှံတွေ ဆိုပြီး ငါးအုပ်စုရှိတာမှာ အကုန်လုံးမျှအောင် စားပေးရမှာပါ။ ဆီကိုအတတ်နိုင်ဆုံး အနည်းငယ်သာ အသုံးပြုပြီး ဟင်းသီးဟင်းရွက်ဆီဖြစ်ရင် ပိုကောင်းပါတယ်။ အချိုစာတွေ၊ အချိုရည်တွေ၊ Fast Food တွေ၊ အဆီများတဲ့အစာတွေကို တစ်ခါတရံပဲ စားပါ။ အားကစားလုပ်ပြီး ပျက်ဆီးသွားတဲ့ြွကက်သားတွေအတွက် လိုအပ်တဲ့ ကယ်လိုရီကို လိုက်မဖြည့်ဘူး ဆိုရင်ြွကက်သားထုထည် ကြီးလာမှာ မဟုတ်ပါဘူး။

 ပရိုတင်းဓာတ်လုံလုံလောက်လောက်ရယူပါ
ြွကက်သားတွေကို ပရိုတင်းတွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ြွကက်သားထုထည် တည်ဆောက်ဖို့ဆိုရင် ပရိုတင်းက နံပါတ်တစ်အရေးကြီးပါတယ်။ သင့်မှာ သေချာချက်ပြုတ်ဖို့ အချိန်မရှိဘူးလား၊ စိတ်ပူစရာမလိုပါဘူး။ ပရိုတင်း ပမာဏ များများပါဝင်တဲ့ ကော့တေ့ချိစ်၊ Cheese Sticks၊ ပရိုတင်းရှိတ်၊ Protein Bars တွေ စားလို့ရပါတယ်။

 အိပ်ချိန်လုံလုံလောက်လောက်ရယူပါ
အိပ်ချိန်မလုံလောက်တာက ကြီး ထွားဖွံဖြိုးမှုကို ဖြစ်စေတဲ့ ဟော်မုန်းထုတ်လုပ်တာကို အဟန့်အတား ဖြစ်စေပါတယ်။ ပုံမှန်လူတစ်ယောက်အတွက် အိပ်ချိန် ၇ – ၈ နာရီ လိုအပ်ပါတယ်။ တချို့လူတွေမှာ ဒီထက်မက လိုအပ်တာလည်းရှိတတ်ပါတယ်။ သင်ဟာ တစ်နေ့တာလုံးမှာ နိုးနိုးကြားကြားရှိနေပြီး တစ် ရေးပြန်အိပ်ချင်စိတ် မဖြစ်ဘူးဆိုရင် သင်ဟာ ပြည့်ပြည့်ဝ၀ အနားယူအိပ်စက်ထားတယ်လို့ သတ်မှတ်နိုင်ပါတယ်။

Trainer ငှားပါ
သင်ဟာ အားကစားစလုပ်သူဆိုရင် Trainer တစ်ယောက်ကို သုံးလလောက် ငှားသင့်ပါတယ်။ Trainer ငှားတာက ရေရှည် တစ်သက်လုံးငှားဖို့ မလိုပါဘူး။ သုံးလလောက် Trainer နဲ့ လေ့ကျင့် လိုက်တဲ့အခါ သင်ဟာ သင်နဲ့ ကိုက်ညီတဲ့ လေ့ကျင့်ခန်း ကစားနည်းတွေကို နှံ့နှံ့ စပ်စပ် သိသွားပြီး ရလဒ်ကောင်း မြန်မြန် ရနိုင်ပါတယ်။ Trainer ကောင်း တစ်ယောက်ဟာဆိုရင် သင့်ကိုသူ လေ့ကျင့်ပေးနေတုန်းမှာ အသိပညာပေးသွားပြီး ရေရှည်မှာ Trainer ကိုဘဲ အားမကိုးတတ်အောင် သင်ပေးသွားမှာဖြစ်ပါတယ်။

ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *