မိန်းကလေးတွေ အလေးမ.ရင် ဗလကြီး ထွက်လာမှာလား

ဒါကလည်း Gym မှာ တစ်ချိန်မဟုတ် တစ်ချိန် ခဏခဏ အမေးများတဲ့ မေးခွန်းတစ်ခုပါ။ ဒီအတွက် အဖြေကတော့ နိုး ပါ။ ဘာအချက်တွေကြောင့်လဲဆိုတော့ – 

အမျိုးသားတွေမှာ အမျိုးသမီးတွေထက် အရိုးကြွက်သားတွေ ပိုများပါတယ်။ အမျိုးသမီးတွေနဲ့ ယှဉ်ရင် အမျိုးသားတွေရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကြွက်သားတွေက ၄၀% ပိုများပြီး အောက်ပိုင်းကြွက်သားတွေက ၃၃% ပိုများပါတယ်။

 အမျိုးသမီးတွေမှာရှိတဲ့ကြွက်သား အရွယ်အစားကလည်း ပိုသေးတဲ့အတွက် အမျိုးသားတွေလို ဗလကြီးထွက်လာမှာ ကြောက်စရာမလိုပါဘူး။

 အမျိုးသားတွေရော၊ အမျိုးသမီးတွေမှာရော ခန္ဓာကိုယ်မှာ တက်စထရိုစတီရုန်း၊ အီစထရိုဂျင်၊ ပရိုဂျက်စ်စတီရုန်း၊ DHEA စတဲ့ ဟော်မုန်းတွေ ရှိပါတယ်။

 အမျိုးသားတွေမှာ တက်စထရို စတီရုန်း နဲ့ DHEA ဟော်မုန်းတွေ ပိုများနေပြီး အမျိုးသမီးတွေမှာ အီစထရိုဂျင် နဲ့ ပရိုဂျက်စ်စတီရုန်း ဟော်မုန်းတွေ ပိုများပါတယ်။

 ကြွက်သားတွေ ကြီးထွားဖို့အတွက် အဓိက အရေးပါတဲ့ ဟော်မုန်းက တက်စထရိုစတီရုန်း ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ကြွက်သားတည်ဆောက်ရတာ ပိုပြီး လွယ်ကူတာပါ။

 အမျိုးသားတွေလိုကြွက်သားတွေ ပေါ်နေတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ ဒီလိုမျိုး ဖြစ်ဖို့ဆိုရင် တက်စထရိုစတီရုန်း ဒါမှမဟုတ် အင်ဒရိုဂျင်ပါတဲ့ ဟော်မုန်းဆေးတွေ သောက်ရမှာ ဖြစ်ပါတယ်။

 ကိုယ်ခန္ဓာကိုယ် အချိုးအစား လှပဖို့အတွက်ပဲ ဆိုရင်တော့ကြွက်သား ကြီးစေတဲ့ ဟော်မုန်းဆေးတွေ သောက်စရာ မလိုပါဘူး။

 ရေကူးဝတ်စုံဝတ်ရင် ကြည့်ကောင်းဖို့အတွက်ဆိုရင်လည်း အမျိုးသားတွေလို အရမ်းလေးတဲ့ အလေးတုံးတွေနဲ့ လေ့ကျင့်စရာမလိုတာကြောင့် ကြွက်သားတွေ ကြီးလာမှာ မဟုတ်ပါဘူး။

 #ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *