ကြက်ဥ တစ်နေ့တစ်လုံးစားပေးခြင်းက နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေကို လျော့နည်းစေ

ကြက်ဥကို တစ်နေ့တစ်လုံးပုံမှန် စားသုံးပေးတာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကိုလျော့နည်းစေနိုင် တယ်လို့ လေ့လာမှုအရသိရပါတယ်။ ပီကင်းကျန်းမာရေးတက္ကသိုလ်နဲ့အောက် စဖို့ဒ်တက္ကသိုလ်က သုတေသီတွေပူး ပေါင်းလေ့လာခဲ့ကြတာမှာ ကြက်ဥကို တစ်နေ့တစ်လုံးပုံမှန်စားသုံးသူတွေက ကြက်ဥစားလေ့မရှိသူတွေထက် နှလုံး ရောဂါနဲ့ လေဖြတ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း ပိုမိုလျော့နည်းစေတာကို လေ့လာတွေ့ရှိ ခဲ့ကြတာဖြစ်ပါတယ်။ တရုတ်နိုင်ငံက အသက် ၃၀ ကနေ ၇၉ နှစ်ကြား လူ ၄၀၀၀၀၀ ကျော်ရဲ့ နေ့စဉ်စားသုံးမှုပုံစံကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။ ၎င်းတို့ အနက် ကြက်ဥ တစ်နေ့တစ်လုံး ပုံမှန် စားသုံးသူတွေမှာ လေဖြတ်နိုင်ခြေ ၂၆ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့ပြီး ရုတ် တရက် လေဖြတ်သေဆုံးနိုင်ခြေ ၂၈ ရာခိုင်နှုန်း လျော့နည်းစေခဲ့ကာ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါကြောင့် သေ ဆုံးနိုင်ခြေ ၁၈ ရာခိုင်နှုန်းပိုမိုနည်းပါးစေခဲ့တယ်လို့ လေ့လာမှုမှာပါဝင်ခဲ့သူ ပီ ကင်းတက္ကသိုလ်ပါ မောက္ခလီမင်လီက ပြောကြားခဲ့ပါတယ်။

◘ (DM, 14.6.18) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *