ဗြိတိန်စစ်ပြန်က ကမ္ဘာပေါ်တွင် အဆင့် ၁ ဆီးချိုရောဂါပျောက်ကင်းခဲ့သည့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာ

ဗြိတိန်စစ်ပြန်ကြီးတစ်ဦးဖြစ်တဲ့ ဒန်နီယယ်ဒါ့စ်ဟာ အဆင့် ၁ ဆီးချို ရောဂါ ကုသပျောက်ကင်းခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ပုဂ္ဂိုလ်ဖြစ်လာတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ်မှာ ဆီးချိုရောဂါစတင်ခံစားခဲ့ရ တဲ့ဒန်နီယယ်က ပြီးခဲ့တဲ့ရှစ်နှစ်အတွင်းမှာ နေ့စဉ်အင်ဆူလင်ထိုးတဲ့ နည်းနဲ့ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ဖေ ဖော်ဝါရီလက ဆီးချိုစစ်ဆေးခဲ့တဲ့အခါမှာတော့ သွေးတွင်းသကြားဓာတ် က ပုံမှန်ပြန်ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ အရင်က တစ်နေ့ကို အင် ဆူလင်လေးကြိမ်ထိုးရတဲ့ ဒန်နီယယ်ရဲ့သွေးတွင်းသကြားဓာတ်ဟာ အဲဒီ နောက်ပိုင်းမှာ ပြန်လည်မြင့်တက်လာတာမျိုးမရှိခဲ့ပါဘူး။ ဒန်နီယယ်က ဇင့်ဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေ၊ အခွံမာသီးတွေ၊ အဆီများတဲ့ ငါးနဲ့ဟင်းသီးဟင်းရွက်တွေကို အများဆုံးစားသုံးတဲ့အပြင် တစ်ပတ်ကို မိုင် ၆၀ ကျော်အပြေး လေ့ကျင့်လေ့ရှိပါတယ်။ ဒါတွေအပြင် ဒန်နီယယ် မှာ ရှားပါးပြီးပုံမှန်မဟုတ်တဲ့မျိုးစေ့ဗီဇတစ်ခုပါရှိနေတာကို မြင်တွေ့ခဲ့ရ ပါတယ်။ ဒီဗီဇက ကိုယ်ခံအားစနစ်ကို ပြန်လည်အားအင်ဖြည့်တင်းပေး လို့ ပန်ကရိယက ရောဂါပျောက်ကင်းအောင်အများကြီးအထောက်အပံ့ပေး နိုင်ခဲ့တာဖြစ်ပါတယ်။ ခန္ဓာကိုယ်က အင်ဆူလင်ထုတ်လွှတ်နိုင်စွမ်းမရှိ တဲ့အခါ အဆင့် ၁ ဆီးချိုရောဂါခံစားရလေ့ရှိပါတယ်။ ပန်ကရိယထဲ ကဆဲလ်တွေက အင်ဆူလင်ဟော်မုန်းကိုထုတ်လုပ်သင့်ပေမယ့် မထုတ် လုပ်တဲ့အခြေအနေပါ။ ဆန့်ကျင်ဘက်အားဖြင့် အဆင့် ၂ ဆီးချိုရောဂါ ကတော့ ပန်ကရိယက ကောင်းစွာအလုပ်မလုပ်နိုင်လို့ဖြစ်ပါတယ်။

◘ (DM, 5.7.18) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *