Narcissist ဆိုတာ …

လူတွေရဲ့ စိတ်နေစိတ်ထား၊ ၀ါသနာ ပါမှု personality အပေါ် မူတည်ပြီး ၁၆ မျိုးခွဲခြားထားပါမယ်။ ဒီထဲမှာ Analysts လေးမျိုး (Architect, Logician, Commander, Debater)၊ Diplomats လေးမျိုး (Advocate, Mediator, Protagonist, Campaigner)၊ Sen-tinelsလေးမျိုး (Logistician, Defender, Executive, Consul)? Explorers လေးမျိုး (Virtuoso, Ad-venturer, Entrepreneur, Enter-tainer) တွေပါဝင်ပါတယ်။Narcissistic Personality Disorder ဆို တာကတော့ ပုံမှန် personality ၁၆ မျိုး ထဲက ရှိချင်တဲ့သူမှာ ရှိနေနိုင်ပါတယ်။

Narcissistic Personality Disorder
NPD ကို အလွယ်ဆုံး အဓိပ္ပာယ် ဖွင့်ရမယ်ဆိုရင် empthy ဆိုတဲ့ မျှဝေခံ စားမှု လုံးဝမရှိဘဲ ဟိတ်ဟန်များပြီး လူတ ကာရဲ့ အာရုံစိုက်မှု၊ အလေးပေးမှုကို အ လွန်အမင်းလိုလားတဲ့ စိတ်ပိုင်းဆိုင်ရာ မူမမှန် တဲ့ disorder တစ်မျိုးဖြစ်ပါတယ်။ သူတို့ရဲ့character မှာ မောက်မာတာ၊ တစ်ကိုယ်ကောင်းဆန်တာ၊ အာဏာသုံး တာ၊ ခြယ်လှယ်တာတွေက လုပ်ရိုးလုပ် စဉ်တွေပဲ ဖြစ်ပါတယ်။
ကိုယ်တစ်ကိုယ်တည်း အောင်မြင် ဖို့သာလျှင်အရေးကြီးတယ်လို့ ခံယူထား ကြသူများလည်း ဖြစ်ပါတယ်။ ဒီလိုဖြစ် တတ်သူတွေဟာ ငယ်စဉ် early adul-thood မှာကလည်းက သူတို့ရဲ့ အမူအ ကျင့်တွေ ပေါ်လာမှာဖြစ်ပြီး ဒီဗီဇတွေက တဖြည်းဖြည်းပေါ်လာမှာဖြစ်ပါတယ်။ လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနဲ့ ဆက် ဆံတဲ့အခါ၊ Relationship ထားတဲ့အခါ တွေမှာ သူတို့ရဲ့ စိတ်ထားကိုပိုပြီး သိသာ ပေါ်လွင်လာစေပါတယ်။
NPD ရှိသူတွေဟာ တခြားလူတွေ ထက် သူတို့ဟာ ပိုသာတယ်၊ ပိုထူးခြား တယ်လို့ခံယူထားတတ်ပြီး သူတို့ရဲ့Selfesteem ကို ပိုတိုးစေတဲ့သူတွေနဲ့ ပေါင်း သင်းလေ့ရှိပါတယ်။ သူတို့ကို တခြားလူ တွေအထင်ကြီးတာကို အလွန်တရာနှစ် သက်သူတွေလည်း ဖြစ်ပါတယ်။ အပြစ် ရှာဝေဖန်ခံရတာသော်လည်းကောင်း ရှုံး နိမ့်တာသော်လည်းကောင်း ခံရရင် သူတို့ အတွက် အရမ်းခက်ခဲပြီး tolerate မ လုပ်နိုင်ကြပါဘူး။ ငြင်းပယ်ခံရတာ၊ ဝေ ဖန်ခံရတာကို သူတို့ကို နှိမ့်ချတယ်လို့ ယူ ဆပြီး အပြင်းအထန် ခံစားရသူတွေလည်း ဖြစ်ပါတယ်။

NPD လက္ခဏာများ
– ကိုယ့်အတွက်ကိုယ်ပဲ အရေးကြီးဆုံး လို့ သတ်မှတ်ထားတာ (Exaggerates own importance)
– အောင်မြင်မှု၊ ကျော်ကြားမှု၊ အလှအပ၊ ထက်မြက်မှု၊ အချစ် စတာတွေနဲ့ ပတ် သက်ပြီး ကြီးကြီးမားမား စိတ်ကူးယဉ် တတ်တာ
– သူဟာ သာမန်လူတစ်ယောက်မဟုတ် ဘဲ ထူးခြားတယ်လို့ ထင်မှတ်ထားပြီး ထူး ခြားတဲ့သူအချင်းချင်းကပဲ သူ့ကို နား လည်ပေးနိုင်တယ်လို့ ခံယူထားတာ
– တခြားလူတွေဆီက အဆက်မပြတ် အာရုံစိုက်မှုနဲ့ အထင်ကြီးမှုကို လိုချင်တာ
– အကျိုးအကြောင်းမသင့်တော်တဲ့ မျှော်မှန်းချက်တွေ အားကြီးတာ
– သူရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက် ဖို့ တခြားလူတွေကို အသုံးချဖို့ ၀န်မလေး တာ
– တခြားလူတွေရဲ့ ခံစားချက်ကို လျစ် လျူရှုတာ၊ မျှဝေခံစားစိတ်မရှိတာ
– တခြားလူတွေအပေါ် မနာလိုစိတ်ရှိနေ ပြီးတော့ တခြားလူတွေက သူ့ကို မနာလို ဖြစ်နေတယ်လို့ ထင်တာ
– မောက်မာပြီး ဟိတ်ဟန်ကြီးတဲ့ အသွင်၊ စရိုက်ရှိတာ

ဘာကြောင့်ဖြစ်တာလဲ
Narcissistic Personality Disorder ရှိတဲ့ လူတွေရဲ့ ၅၀ – ၇၅ ရာ ခိုင်နှုန်းက အမျိုးသားတွေ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ သေချာမသိ ပေမယ့် မျိုးရိုးဗီဇ၊ မွေးဖွားခဲ့တဲ့ ပတ်ဝန်း ကျင်၊ အသိုင်းအ၀ိုင်းနဲ့ ငယ်စဉ်က တွေ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ သက် ဆိုင်နေနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

ကုသနိုင်လား
NPD ရှိသူတွေကို ကုသဖို့ဆိုတာ မလွယ်ကူတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါ တယ်။ သူတို့ကိုယ်သူတို့လည်း Narcissistic Personality Disorder ရှိနေ တယ်ဆိုတာကို လက်ခံဖို့ ငြင်းဆန်မှာပါ။ အဓိကအနေနဲ့ ထောက်ထားကြင်နာသ နားစိတ်ဖြစ်ပေါ်ဖို့ လိုပါတယ်။ ဒီမှာတော့ NPD ကို ရောဂါတစ်ခုအနေနဲ့ သတ် မှတ်ပြီး ကုသတာတွေ မရှိသေးပါဘူး။NPD ကို ကုသဖို့ Mentalization-based therapy, Transference-focused psychotherapy, Schema-focused psychotherapy ကုထုံးတွေ ကို အသုံးပြုနိုင်ပါတယ်။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *