ညှစ်ထုတ်ထားသည့် မိခင်နို့ထက် မိခင်နို့တိုက်ရိုက်တိုက်ကျွေးခြင်းက ကလေးငယ်၏ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်နိုင်

အမေရိကန်သုတေသနတစ်ရပ်မှာ ညှစ်ထုပ်ထားတဲ့ မိခင်နို့ ထက် မိခင်နို့ကို တိုက်ရိုက်တိုက်ကျွေးတာက ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေနိုင်တယ်လို့ ဖော်ပြခဲ့ပါ တယ်။ ဒါကြောင့် မွေးကင်းစမှာ ကိုယ်အလေးချိန် လျော့နည်းပြီး မကျန်းမာတဲ့ကလေးတွေအတွက် အကောင်းဆုံးအကာအကွယ် ဖြစ်တယ်လို့ ဆိုထားပါတယ်။ ညှစ်ထုတ်ထားတဲ့မိခင်နို့နဲ့တိုက်ရိုက် တိုက်ကျွေးတဲ့ မိခင်နို့ကြားက ကွဲပြားခြားနားချက်ကို လေ့လာထား တဲ့သုတေသနမရှိသေးပေမယ့် စုပ်ထုတ်ပြီးအေးခဲထားတဲ့မိခင် နို့ထဲမှာ မူလပါဝင်ပစ္စည်းတွေဟာ ဓာတ်ပြောင်းလဲသွားနိုင်ခြေရှိ နေတာကြောင့် သတိပြုစရာအချက်ပဲဖြစ်ပါတယ်။ မိခင်နို့မှာ အင်ဇိုင်းတွေ၊ ဟော်မုန်းတွေ၊ ကြီးထွားဖွံ့ဖြိုးစေတဲ့ပစ်္စည်းတွေ၊ ပဋိပစ္စည်းတွေအများကြီးပါဝင်တာမှန်ပေမယ့် ကလေးကို လတ် လတ်ဆတ်ဆတ်တိုက်ကျွေးနေချိန်မှာသာဖြစ်ပြီးတော့ စုပ်ထုတ် ပြီးအေးခဲထားတဲ့မိခင်နို့မှာဆိုရင် ဒီပါဝင်ပစ္စည်းတွေက အလုပ် လုပ်ဆောင်နိုင်ခြေမရှိတော့မှာစိုးရိမ်ရတယ်လို့ သုတေသီတွေ က ဆိုခဲ့ကြပါတယ်။

◘ (DM,27.9.18) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *