ပြိုကွဲသွားတဲ့ Relationship ကြောင့် စိတ်ထောင်းကိုယ်ကြေ မဖြစ်စေဖို့

Relationship ဆိုတဲ့နေရာမှာ သူငယ်ချင်း အချင်းချင်းသော်လည်း ကောင်း၊ မိတ်ဆွေအပေါင်းအသင်းတွေ နဲ့သော်လည်းကောင်း၊ ချစ်သူအချင်းချင်း သော်လည်းကောင်း ပါဝင်ပါတယ်။ Relationship တစ်ခု ပြတ်စဲတဲ့အခါ ဘယ်သူမှန်မှန်၊ ဘယ်သူမှားမှား နှစ်ဖက် စလုံးမှာ ထိခိုက်နာကျင်ရပါတယ်။ ဘယ် က ဘယ်လို ကိုယ့်ကိုယ်ကိုယ် ပြန်လည် တည်ဆောက်ရမလဲမသိ ဖြစ်တတ်ပါ တယ်။ ဒါက လူတိုင်းကြုံတွေ့ရတဲ့ သဘာဝပါ။
မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ က အထိုက်အလျောက် အားပေးကူညီ ဖေးမပေးတဲ့အခါ စိတ်သက်သာရာရ ပေမယ့် ကိုယ်တိုင်လျစ်လျူရှုမိနိုင်တဲ့ အ ချက်တွေလည်း ရှိပါတယ်။ ဘယ် Relationship မဆို ပြတ်စဲတိုင်းမှာ ယေဘု ယျအားဖြင့် တူညီနေတဲ့ သင်ခန်းစာ တွေရှိပါတယ်။ ဒါတွေကို လျစ်လျူမရှု ဘဲ သတိထားမိစေဖို့ ရေးပေးလိုက်ပါ တယ်။

Relationship တစ်ခု ပြီးဆုံးတဲ့ အခါ ဘယ်နေရာက မှားသွားတာလဲ၊ ဘယ်သူမှားတာလဲ၊ ဘာကြောင့်လဲဆိုတာ ကို အချိန်ရှိသမျှ စဉ်းစားမိနေမှာပါ။ ကိုယ့် အနီးအနားက မိသားစု၊ သူငယ် ချင်း မိတ်ဆွေတွေကိုလည်း သင်မကျေ မနပ်ဖြစ်တဲ့ ဒီအကြောင်းနဲ့ပဲ ပတ်သက် ပြီးတော့ပဲ ပြောနေမိမှာပါ။ ဒါက သင့် စိတ်နဲ့ ခန္ဓာကို နှိပ်စက်ရာရောက်ပြီး အနားပတ်ဝန်းကျင်ကလူတွေကိုလည်း စိတ်ပင်ပန်းဖြစ်စေပါတယ်။
ပြီးခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်သုံးသပ်ဆင်ခြင်တာက စိတ် ပိုင်းဆိုင်ရာ ပြန်လည်ရှင်သန်ဖို့ အ ထောက်အကူပြုပေမယ့် အလွန်အကျွံ လုပ်မယ်ဆိုရင်တော့ သင်ရဲ့ လက်ရှိ တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ အနာဂတ်ကို ဖျက်ဆီးစေနိုင်ပါတယ်။ ဘာကြောင့် ဒီ Relationship ပြီးဆုံးသွားရတာလဲလို့ အချိန်ကုန်ခံ စဉ်းစားနေမယ့်အစား သင် ဟာ ဘယ်လိုလူမျိုးလဲ၊ သင်ရဲ့စိတ်ဓာတ် က ဘယ်လိုမျိုးလဲ၊ ဒီလူမရှိရင် သင့်ဘ၀ မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာ နိုင်လဲ၊ ဘယ်လိုရှေ့ဆက်မလဲဆိုတာကို ပဲတွေးပါ။
ကိုယ့်ကိုဆက်ဆံစေချင်သလိုမျိုး တခြားလူတွေကိုဆက်ဆံရမှာ ဖြစ်သလို တခြားလူတွေအပေါ် သင်ကောင်း ကောင်းမွန်မွန် ဆက်ဆံသလို သင်ကိုယ့် ကိုယ်ကိုယ်အပေါ်မှာလည်း ကရုဏာ ထားပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံ ဖို့ လိုပါတယ်။ သင့်ကိုယ်သင် မချစ်ဘူး ဆိုရင်၊ သင့်ကိုယ်သင် တန်ဖိုးထားမှု (Self respect) မရှိဘူးဆိုရင် ဘယ်သူ ကမှလည်း သင့်ကိုတန်ဖိုးထား ချစ်ခင်မှာ မဟုတ်ပါဘူး။ တခြားလူတွေကို ပြောင်း လဲဖို့ကြိုးစားဖို့ထက် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် ပြောင်းလဲ နိုင်ဖို့ကို ကြိုးစားပါ။ သင့်ကိုယ်သင် ဂရု စိုက်ပါ၊ စိတ်ရှည်ပါ။
နောက်ပြီး သူ့အပြစ်ဆိုပြီး လက် ညှိုးမထိုးသင့်သလို ငါ့အပြစ်ဆိုပြီးတော့ လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါ နဲ့။ တခြားလူအပြစ်ဆိုရင်လည်း သင့်မှာ ဒေါသထွက်ရမှာဖြစ်ပြီး ကိုယ့်အပြစ်ဆို ရင်လည်း အပြစ်ရှိတဲ့စိတ်နဲ့ ရှက်ကြောက် နေရမှာပါ။ အဓိကကတော့ ဖြစ်ပြီးတာ တွေကို အတိတ်မှာပဲထားခဲ့လိုက်ပါ။ ဒီက နေ ရှေ့ဆက်ဖို့ သင်ခန်းစာနဲ့အတူ စိတ် ဓာတ်ခွန်အားတွေပဲ ယူသွားပါ။
Relationship တစ်ခုပြီးဆုံးသွား လို့ ခံစားရတဲ့ နာကျင်မှုက တစ်သက်လုံး ကြီး မြဲနေမှာ မဟုတ်ပါဘူး။ ဘယ်အရာမှ မမြဲပါဘူး။ အချိန်က အကုန်လုံးကို ကုစားနိုင်တယ်ဆိုပေမယ့် သင်ကိုယ် တိုင်ကလည်း စိတ်ပိုင်းဆိုင်ရာ သန်မာ လာဖို့ ကိုယ်တိုင် ကြိုးစားယူရမယ့် အပိုင်း တွေ ရှိပါတယ်။ ကြွက်သားတွေ သန်မာ အောင် လေ့ကျင့်ရသလို စိတ်ဓာတ်ခွန် အားတက်လာဖို့ဆိုရင်လည်း ပိုပြီးလေ့ ကျင့်ဖို့ လိုပါတယ်။
သင်ဆောက်တည်ထားတဲ့ စိတ် ဓာတ်မာကျောမှုကလည်း ပြန်လည်ပြိုကျ နိုင်ပါတယ်။ ဒါပေမဲ့ လက်မလျှော့ပါနဲ့၊ အရင်ကထက် ဒီနေ့၊ တစ်နေ့ထက်တစ် နေ့ တဖြည်းဖြည်းနဲ့ ကြိုးစားနေသရွေ့၊ သင် အရှုံးမပေးသရွေ့ သင်မကျရှုံးပါဘူး။ သင့်ကိုယ်သင်လည်း ခွင့်လွှတ်ပါ၊ သင့် အပေါ် လူတွေကောင်းသည်ဖြစ်စေ၊ ဆိုး သည်ဖြစ်စေ လူတိုင်းဟာ သူတို့ဗီဇ အထုံနဲ့ စရိုက်သဘာဝ မတူညီကြတာမို့ ဒီအပေါ်မှာ ဒေါသမဖြစ်ဘဲ ကရုဏာထား ပြီး ခွင့်လွှတ်ပေးလိုက်ပါ။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *