ဦးနှောက်ဘာကြောင့် ကျုံ့လာလဲ

အသက် ၂၀ မှာ သင်ရဲ့ဘ၀နေထိုင် မှုက အသက် ၄၀ မှာ သင်ရဲ့ ဦးနှောက် ကျန်းမာရေးအပေါ် သက်ရောက်မှုပေးနိုင် တယ်လို့ သုတေသနတစ်ခုကဖော်ပြထား ပါတယ်။ သင်ရဲ့ နှလုံးကျန်းမာရေးအ တွက် လေ့ကျင့်ခန်းနဲ့ အစားအသောက်နဲ့ ထိန်းသွားမယ်ဆိုရင် သင်ရဲ့ဦးနှောက်ရေ ရှည်မှာ မကျုံ့သွားအောင် ကာကွယ်ပေး နိုင်တယ်လို့ ယူဆချက်ကိုလည်း ထည့် သွင်းပြောထားပါတယ်။

ဒါကို ကြည့်မယ်ဆိုရင် ဦးနှောက် က အသက်ကြီးလာတဲ့အခါ ကျုံ့ကျုံ့လာ တာ၊ နှလုံးကျန်းမာရေးက ဦးနှောက်ရဲ့ ကျန်းမာရေးနဲ့ဆက်စပ်နေတာကိုတွေ့ရ ပါတယ်။ နောက်ပြီး စိတ်ဝင်စားဖို့ကောင်း တာကတော့ အသက်နှစ်ဆယ်ဝန်းကျင် မှာ သင်ရဲ့နေထိုင်စားသောက်မှု ပုံစံက လည်း ဦးနှောက်ရဲ့လုပ်ဆောင်မှုအပေါ် အကျိုးသက်ရောက်စေတာပါပဲ။

ဦးနှောက်ရဲ့အရွယ်အစားပေါ်သက် ရောက်စေနိုင်တဲ့ အချက်လေးချက်ရှိပါ တယ်။ ဒါတွေကတော့ –
(၁) သွေးဖိအားမြင့်မားတာ
(၂) သွေးချိုးဆီးချိုရောဂါ
(၃) ဆေးလိပ်သောက်တာ
(၄) သတ်မှတ်ကိုယ်အလေးချိန် ထက် ကျော်လွန်တာ၊ အ၀လွန်တာတွေပဲဖြစ် ပါတယ်။

တချို့ကလေးတွေ ဆယ်ကျော် သက်မှာတင် ဆေးလိပ်သောက်တာတွေ တွေ့ရပါတယ်။ ဆေးလိပ်သောက်တာက ဘယ်အသက်အရွယ်မှာမဆို လုံးဝတား မြစ်သင့်ပါတယ်။ အသက်သုံးဆယ်၊ လေး ဆယ်ဝန်းကျင်ဆိုတာကတော့ လူလတ် ပိုင်းဝင်လာပြီပေါ့။ ဒီအရွယ်မှာ ကျန်းမာ ကြံ့ခိုင်အောင် ကျန်းမာရေး အထူးလိုက် စားထားဖို့ အရေးကြီးပါတယ်။ အသက် လေးဆယ်မှာ ကျန်းမာရေးလိုက်စားတာ အရမ်းအားနည်းတဲ့သူတွေက အသက် ၆၀ မှာ သိသိသာသာကြီး ဦးနှောက်ပို ကျုံ့သွားတာကို တွေ့ရှိခဲ့ပါတယ်။ လူ တွေကများသောအားဖြင့် အသက်ငယ် တုန်းမှာ ဦးနှောက် ကျန်းမာရေးအတွက် သိပ်စိတ်မပူတတ်ကြပါဘူး။ အသက်ကြီး လာမှ စိတ်ပူလာတဲ့အခါ အခါနှောင်းသွား မှာဖြစ်ပါတယ်။
သက်ကြီးဖြစ်စဉ်ကို လူတိုင်းကြုံ တွေ့ရမှာဖြစ်ပြီး ဦးနှောက်အရွယ်အစား အနည်းငယ်ကျုံ့လာမှာကလည်း သက် ကြီးဖြစ်စဉ်ကြောင့်ဖြစ်လို့ လူတိုင်းမလွန် ဆန်နိုင်ပါဘူး။ ဒါပေမဲ့ ကျန်းမာကြံ့ခိုင် အောင် ကျန်းမာရေးလိုက်စားထားမယ်ဆို ရင် ဦးနှောက်အရွယ်အစား အရမ်းမကျုံ့ သွားအောင် ထိန်းနိုင်မှာ ဖြစ်ပါတယ်။
ဦးနှောက်တွင်းက သွေးကြောမျှင် လေးတွေက သွေးဖိအားတက်လိုက်၊ ကျ လိုက်ဖြစ်တဲ့ဒဏ်ကို မခံနိုင်ကြပါဘူး။ သွေးဖိအားက ဦးနှောင်တွင်း သွေးကြော တွေကိုထိခိုက်စေပြီး မှတ်ဉာဏ်ကိုဆုံးရှုံး စေပါတယ်။ နှလုံးကျန်းမာရေး ကောင်း နေမယ်ဆိုရင် သွေးဖိအားကို ထိန်းနိုင်မှာ ဖြစ်ပြီး နှလုံးနဲ့ ဦးနှောက် ကျန်းမာရေး ဆက်စပ်နေတာကို သိနိုင်ပါတယ်။ ဒါ ကြောင့် ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်သယ် နိုင်တုန်းမှာကတည်းက ကျန်းမာရေး အတွက် လေ့ကျင့်ခန်းလုပ်မယ်၊ အစား အသောက် ချင့်ချိန်စားမယ်ဆိုရင် ဆီးချို ရောဂါ၊ အ၀လွန်ရောဂါ၊ နှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အ သက်ကြီးလာတဲ့အခါ ဦးနှောက်စွမ်းရည် ကို ကောင်းအောင်ထိန်းနိုင်မှာ ဖြစ်ပါ တယ်။

◘ ထူးဒါလီကိုကို(MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *